ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော google

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ရန်ကုန်မြို့တော် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

 

'' တံတားတွေကို ဒီထက်ပိုပြီး ပြုပြင်မွမ်းမံဖို့ အစီအစဉ်ရှိပါတယ်။ တံတားတော်တော်များများက စည်ပင်သာယာရေးအပိုင်တွေ မဖြစ်ဘူး ဖြစ်နေပါတယ်။ တံတားတွေက ဆောက်လုပ်ရေးဝန်ကြီးပိုင် ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့က တံတားရင်းထိ စည်ပင်သာယာက ပြင်ပေးနိုင်ပါတယ်။ ကျွန်တော်တို့ဘတ်ဂျက်နဲ့ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တံတားပေါ်ထိ ကျွန်တော်တို့ သွားထိလို့ မရပါဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကိုင်တွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် တံတားတွေကို မြို့တော်စည်ပင်ကို လွှဲပေးဖို့ ဆောင်ရွက်နေပါတယ်။ ညှိနှိုင်းမှု အောင်မြင်သွားပါပြီ။ လွှဲပေးမယ်ဆိုရင် ဒီတံတားတွေပေါ်မှာ ချောမွေ့အောင် လုပ်ပေးနိုင်ပါတယ် '' ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

 

 

>>>နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံစီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် တည်ဆောက်သွားမည်<<<

 

 

ဆက်လက်၍ '' အခု ဒီဘက်တံတားဆိုရင်လည်း လှိုင်းတွေ နည်းနည်းရှိပါတယ်။ ဘာလို့လဲဆိုရင် ကုန်သေတ္တာကားကြီးတွေသွားရင် ကားကြီးတွေဟာ လှိုင်းကြောင့် အန္တရာယ်များတယ်။ ပြည်သူတွေအတွက်လည်း အန္တရာယ်များတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးဘတ်ဂျက်သုံးနိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းဖြစ်မှ ကျွန်တော်တို့က ဘတ်ဂျက်သုံးခွင့်ရမှာ ဖြစ်ပါတယ်။ မဟုတ်ရင် ပြည်ထောင်စု ဘတ်ဂျက်ကို ကိုယ့်အတွက်သွားသုံးရင် လွှတ်တော်မှာ အငြင်းပွားစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စနစ်တကျလုပ်နေပါတယ် '' ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

 

 

ကွန်ကရစ်ဖျော်စက်သုံး ကိရိယာများ လုပ်ငန်းပေါင်း ၁၀ ခုကို ရှာရန်နှိပ်ပါ

 

 

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မဟာဗန္ဓုလတံတားသည် ကွန်တိန်နာကားများ ဖြတ်သန်းသွားလာမှု များပြားသောကြောင့် လမ်းသား မညီမညာမှုများ ဖြစ်နေပြီး လှိုင်းထနေသောကြောင့် အဆင်မပြေမှုများ ရှိနေကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တံတားမ်ားကို ၿမိဳ႕ေတာ္စည္ပင္မွ လႊဲေျပာင္းယူ၍ ျပဳျပင္မြမ္းမံမည္ေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းေျပာ

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ တံတားမ်ားကို ၿမိဳ႕ေတာ္စည္ပင္မွ လႊဲေျပာင္းယူ၍ ျပဳျပင္မြမ္းမံမည္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ ဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေဒါပံုလူကူးခံုးေက်ာ္တံတား ဖြင့္ပြဲအခမ္းအနားတြင္ ေျပာၾကားခဲ့သည္။

 

 

'' တံတားေတြကို ဒီထက္ပိုၿပီး ျပဳျပင္မြမ္းမံဖို႔ အစီအစဥ္ရွိပါတယ္။ တံတားေတာ္ေတာ္မ်ားမ်ားက စည္ပင္သာယာေရးအပိုင္ေတြ မျဖစ္ဘူး ျဖစ္ေနပါတယ္။ တံတားေတြက ေဆာက္လုပ္ေရးဝန္ႀကီးပိုင္ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔က တံတားရင္းထိ စည္ပင္သာယာက ျပင္ေပးႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ဘတ္ဂ်က္နဲ႔ လုပ္ႏိုင္ပါတယ္။ ဒါေပမဲ့ တံတားေပၚထိ ကၽြန္ေတာ္တို႔ သြားထိလို႔ မရပါဘူး။ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ကိုင္တြယ္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ တံတားေတြကုိ ၿမိဳ႕ေတာ္စည္ပင္ကို လႊဲေပးဖို႔ ေဆာင္ရြက္ေနပါတယ္။ ညွိႏိႈင္းမႈ ေအာင္ျမင္သြားပါၿပီ။ လႊဲေပးမယ္ဆိုရင္ ဒီတံတားေတြေပၚမွာ ေခ်ာေမြ႕ေအာင္ လုပ္ေပးႏိုင္ပါတယ္ '' ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားသည္။

 

 

ဆက္လက္၍ '' အခု ဒီဘက္တံတားဆိုရင္လည္း လႈိင္းေတြ နည္းနည္းရွိပါတယ္။ ဘာလို႔လဲဆိုရင္ ကုန္ေသတၱာကားႀကီးေတြသြားရင္ ကားႀကီးေတြဟာ လိႈင္းေၾကာင့္ အႏၱရာယ္မ်ားတယ္။ ျပည္သူေတြအတြက္လည္း အႏၱရာယ္မ်ားတယ္။ ကၽြန္ေတာ္တို႔ တိုင္းေဒသႀကီးဘတ္ဂ်က္သံုးႏိုင္ဖို႔အတြက္ဆိုရင္ ကၽြန္ေတာ္တို႔ပိုင္တဲ့ ပစၥည္းျဖစ္မွ ကၽြန္ေတာ္တို႔က ဘတ္ဂ်က္သံုးခြင့္ရမွာ ျဖစ္ပါတယ္။ မဟုတ္ရင္ ျပည္ေထာင္စု ဘတ္ဂ်က္ကို ကိုယ့္အတြက္သြားသံုးရင္ လႊတ္ေတာ္မွာ အျငင္းပြားစရာေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ စနစ္တက်လုပ္ေနပါတယ္ '' ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

 

 

လက္ရွိတြင္ ရန္ကုန္တိုင္းအတြင္းရွိ မဟာဗႏၶဳလတံတားသည္ ကြန္တိန္နာကားမ်ား ျဖတ္သန္းသြားလာမႈ မ်ားျပားေသာေၾကာင့္ လမ္းသား မညီမညာမႈမ်ား ျဖစ္ေနၿပီး လိႈင္းထေနေသာေၾကာင့္ အဆင္မေျပမႈမ်ား ရွိေနေၾကာင္း သိရသည္။

 

Read 1217 times Last modified on Tuesday, 10 March 2020 17:34
Rate this item
(0 votes)
Tagged under