ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်လှစ်

ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်လှစ် google

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံလူကူးခုံးကျော်တံတားအသစ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါတံတားသည် အရှည် ၁၀၇ ပေ၊ အမြင့် ၁၈ ပေရှိပြီး တံတားပတ်ဝန်းကျင် စကြံၤများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် စက်လှေကား အပါအဝင် လူခုံးကျော်တံတားတည်ဆောက်ခြင်း လုပ်ငန်းများအား ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

 

 

>>>အဆောက်အအုံဒီဇိုင်းရေးဆွဲသူများလိုက်နာရမည့် National building code 2020 ထွက်ရှိမည်<<<

 

 

ဒေါပုံလူကူးခုံးကျော်တံတားတည်ဆောက်ရာတွင် စက်လှေကားပါဝင်သောကြောင့် လျှပ်စစ်မီးချို့ယွင်းမှုများ မဖြစ်ပေါ်စေရန်နှင့် မိုးရာသီတွင် စက်လှေကားများ မပျက်စီးစေရန်၊ စည်းကမ်းမဲ့ အမှိုက်ပစ်ချခြင်းများကို ရှင်းလင်းပေးရန် ရေရှည်ထိန်းသိမ်း စောင့်ကြည့်ရမည့်အတွက် စည်ပင်ဝန်ထမ်း ၄ ဦးအား ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

'' ခုံးကျော်တံတား သန့်ရှင်းရေးအတွက် ဝန်ထမ်း ၄ ဦး ခန့်ထားပါမယ်။ စက်လှေကား ဖွင့်ချိန်၊ ပိတ်ချိန်တွေလည်း သတ်မှတ်ထားပါတယ်။ လူတွေက အမြင့်တက်ဖို့ စက်လှေကားပါရင် အလွယ်တကူ အသုံးပြုသွားတာပေါ့။ ပြီးတော့ ဒီနေရာက ကုန်သေတ္တာယာဉ်တွေ ဖြတ်သန်းသွားလာတော့ စက်လှေကားပါသော ခုံးကျော်တံတားထားဖို့ အမှန်တကယ်လိုအပ်တဲ့ နေရာလည်း ဖြစ်ပါတယ် '' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက်ဌာနမှူး ဦးဉာဏ်သာက ပြောသည်။

 

 

လေအေးပေးစက် လုပ်ငန်းပေါင်း ၈၆၉ ခုကို ရှာရန်နှိပ်ပါ

 

 

အများပြည်သူများက စက်လှေကားပါဝင်သော ခုံးကျော်တံတားများကိုသာ အသုံးပြုလိုသော်ကြောင့် ရန်ကုန်တိုင်းအစိုးရအနေဖြင့် တည်ဆောက်ခြင်းလုပ်ငန်းများအား တိုးချဲ့လုပ်ဆောင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ေငြက်ပ္သိန္းတစ္ေသာင္းေက်ာ္ ကုန္က်ခံ တည္ေဆာက္ခဲ့သည့္ ေဒါပံုလူကူးခံုးေက်ာ္တံတား ဖြင့္လွစ္

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေဒါပံုလူကူးခံုးေက်ာ္တံတားအသစ္ကို ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလ ၇ ရက္ေန႔တြင္ တည္ေဆာက္ၿပီးစီးခဲ့ကာ မတ္လ ၅ ရက္ေန႔ မြန္းလြဲ ၂ နာရီတြင္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

 

 

အဆိုပါတံတားသည္ အရွည္ ၁၀၇ ေပ၊ အျမင့္ ၁၈ ေပရွိၿပီး တံတားပတ္ဝန္းက်င္ စႀကံၤမ်ား ျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ စက္ေလွကား အပါအဝင္ လူခံုးေက်ာ္တံတားတည္ေဆာက္ျခင္း လုပ္ငန္းမ်ားအား ေငြက်ပ္သိန္းတစ္ေသာင္းေက်ာ္ ကုန္က်ခဲ့ေၾကာင္း သိရသည္။

 

 

ေဒါပံုလူကူးခံုးေက်ာ္တံတားတည္ေဆာက္ရာတြင္ စက္ေလွကားပါဝင္ေသာေၾကာင့္ လွ်ပ္စစ္မီးခ်ိဳ႕ယြင္းမႈမ်ား မျဖစ္ေပၚေစရန္ႏွင့္ မိုးရာသီတြင္ စက္ေလွကားမ်ား မပ်က္စီးေစရန္၊ စည္းကမ္းမဲ့ အမိႈက္ပစ္ခ်ျခင္းမ်ားကို ရွင္းလင္းေပးရန္ ေရရွည္ထိန္းသိမ္း ေစာင့္ၾကည့္ရမည့္အတြက္ စည္ပင္ဝန္ထမ္း ၄ ဦးအား ထားရွိမည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' ခံုးေက်ာ္တံတား သန္႔ရွင္းေရးအတြက္ ဝန္ထမ္း ၄ ဦး ခန္႔ထားပါမယ္။ စက္ေလွကား ဖြင့္ခ်ိန္၊ ပိတ္ခ်ိန္ေတြလည္း သတ္မွတ္ထားပါတယ္။ လူေတြက အျမင့္တက္ဖို႔ စက္ေလွကားပါရင္ အလြယ္တကူ အသံုးျပဳသြားတာေပါ့။ ၿပီးေတာ့ ဒီေနရာက ကုန္ေသတၱာယာဥ္ေတြ ျဖတ္သန္းသြားလာေတာ့ စက္ေလွကားပါေသာ ခံုးေက်ာ္တံတားထားဖို႔ အမွန္တကယ္လိုအပ္တဲ့ ေနရာလည္း ျဖစ္ပါတယ္ '' ဟု ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ လက္ေထာက္ဌာနမွဴး ဦးဉာဏ္သာက ေျပာသည္။

 

 

အမ်ားျပည္သူမ်ားက စက္ေလွကားပါဝင္ေသာ ခံုးေက်ာ္တံတားမ်ားကိုသာ အသံုးျပဳလိုေသာ္ေၾကာင့္ ရန္ကုန္တိုင္းအစိုးရအေနျဖင့္ တည္ေဆာက္ျခင္းလုပ္ငန္းမ်ားအား တိုးခ်ဲ႕လုပ္ေဆာင္ႏိုင္ရန္ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

Read 1028 times
Rate this item
(0 votes)
Tagged under