ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံတည်ဆောက်ခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံတည်ဆောက်ခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ MOI

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံကာတည်ဆောက်ခဲ့သည် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို မတ်လ ၇ ရက် နေ့လယ် (၁)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အဆောက်အဦသည် အလျား ၇၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၂၁ ပေ၊ ၂ ထပ် RC အဆောက်အဦအမျိုးအစားဖြစ်ပြီး မြင့်မိုရ်စံထားကုမ္ပဏီက ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

>>>မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်တွင် ဆေးလိပ်မီးကြောင့် မီးလောင်မှုဖြစ်ပွားရာ နေအိမ် ၄လုံး ဆုံးရှုံး<<<

 

 

အများပြည်သူဘေးအန္တရာယ်ခိုလှုံနိုင်ရန်အတွက် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခွင့်ပြုငွေကျပ် ၁၉၄ သန်းဖြင့် ကုန်ကျခံတည်ဆောက်ခဲ့ကြောင်း သိရသည်။

 

 

ပိုက်နှင့် ဆက်စပ်ပစ္စည်းများ လုပ်ငန်းပေါင်း  ၉၆၃ ခုကို ရှာရန်နှိပ်ပါ

 

 

ထိုအဆောက်အဦဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာက စေတုတ္တရာမြို့နယ် ဂရုဏာရှင်အသင်းသို့ ဆေးရုံတက်လူနာများအား အောက်စီဂျင် အခမဲ့ပေးလှူနိုင်ရန်အတွက် မတည်အလှူငွေကျပ်(၁၀)သိန်းအား မကွေးတိုင်းဒေသကြီး လွှတ်တော်ရန်ပုံငွေမှ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ေငြက်ပ္သန္း ၂၀၀ နီးပါး ကုန္က်ခံတည္ေဆာက္ခဲ့သည့္ ဘက္စုံသုံးေဘးဒဏ္ခံ Multi-Purpose Shelter အေဆာက္အဦဖြင့္ပြဲ အခမ္းအနားက်င္းပ

 

 

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခ႐ိုင္၊ ေစတုတၱရာၿမိဳ႕နယ္တြင္ ေငြက်ပ္သန္း ၂၀၀ နီးပါး ကုန္က်ခံကာတည္ေဆာက္ခဲ့သည္ ဘက္စုံသုံးေဘးဒဏ္ခံ Multi-Purpose Shelter အေဆာက္အဦဖြင့္ပြဲကို မတ္လ ၇ ရက္ ေန႔လယ္ (၁)နာရီ အခ်ိန္တြင္ ဖြင့္ပြဲ အခမ္းအနား က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

 

 

အဆိုပါ အေဆာက္အဦသည္ အလ်ား ၇၀ ေပ၊ အနံ ၆၀ ေပ၊ အျမင့္ ၂၁ ေပ၊ ၂ ထပ္ RC အေဆာက္အဦအမ်ိဳးအစားျဖစ္ၿပီး ျမင့္မိုရ္စံထားကုမၸဏီက ၂၀၁၉ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔တြင္ စတင္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္္သည္။

 

 

အမ်ားျပည္သူေဘးအႏၲရာယ္ခိုလႈံႏိုင္ရန္အတြက္ ဘက္စုံသုံးေဘးဒဏ္ခံ Multi-Purpose Shelter အေဆာက္အဦအား ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ခြင့္ျပဳေငြက်ပ္ ၁၉၄ သန္းျဖင့္ ကုန္က်ခံတည္ေဆာက္ခဲ့ေၾကာင္း သိရသည္။

 

 

ထိုအေဆာက္အဦဖြင့္ပြဲတြင္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒ ဦးတာက ေစတုတၱရာၿမိဳ႕နယ္ ဂ႐ုဏာရွင္အသင္းသို႔ ေဆး႐ုံတက္လူနာမ်ားအား ေအာက္စီဂ်င္ အခမဲ့ေပးလႉႏိုင္ရန္အတြက္ မတည္အလႉေငြက်ပ္(၁၀)သိန္းအား မေကြးတိုင္းေဒသႀကီး လႊတ္ေတာ္ရန္ပုံေငြမွ ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိသည္။

 

Read 522 times
Rate this item
(0 votes)
Tagged under