ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်းတံတားပြုပြင်တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်းတံတားပြုပြင်တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး google

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတော်ညွှန့်မြို့နယ် ကန်တော်ကြီးအပန်းဖြေဥယျာဉ်အတွင်းရှိ ကန်ပတ်လမ်းတံတား ပြုပြင်တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး သတ်မှတ်ထားသည့် ပေအတိုင်းအတာအထိ တည်ဆောက်မှုကို ဇွန်လတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ပြောပြချက်အရ သိရသည်။

 

'' ဒီနှစ်ဘတ်ဂျက်မှာ ကန်တော်ကြီးမျှော်စင်ကျွန်းဘက် ပေ ၁၀၀၀ လောက် သစ်သားတံတားက ပြုပြင်ဖို့ မလိုအပ်သေးဘူး။ ကျန်တဲ့ ဒီဘက်က အစိတ်အပိုင်းအားလုံး ဒီနှစ်ထဲမှာပဲ အပြီးတည်ဆောက်မှာပါ။ လက်ရှိတံတားအလယ်မှာရှိတဲ့ ပေ ၈၀၀ လောက်ကို လုပ်ဆောင်နေပါတယ် '' ဟု ဦးလှဌေးက ပြောသည်။

 

 

>>>ရေတာရှည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အုတ်စီရေမြောင်း တည်ဆောက်ရေးလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ<<<

 

 

လက်ရှိတံတားအဟောင်းတွင် ကန်တော်ကြီးမျှော်စင်ကျွန်းဘက်ရှိ ပေ ၁၀၀၀ ခန့်အထိ သစ်သားတံတားမှာ ပြုပြင်ရန်မလိုအပ်သည့်အတွက် မူလအတိုင်းထားရှိမည်ဖြစ်သည်။

 

 

ပိုက်နှင့် ဆက်စပ်ပစ္စည်းများ လုပ်ငန်းပေါင်း ၉၆၃ ခုကို ရှာရန်နှိပ်ပါ

 

 

ယင်းတံတားကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က အရှည် ၂၀၂၅ ပေ၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်က အရှည်ပေ ၁၀၀၀၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က အရှည်ပေ ၂၀၀၀ နှင့် ယခုဘဏ္ဍာနှစ်တွင် အရှည်ပေ ၂၁၆၀ အတွက် ပြုပြင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

Source: Myawady

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

 

Source: Myawady

Read 2032 times
Rate this item
(0 votes)
Tagged under