မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီး

မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီး google

မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

မိတ္တီလာမြို့ နွားပွဲဈေးတောင်ဘက်ရှိ ကျေးရွာ ၁၇ ရွာဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်လမ်းမရှိပြီး ယင်းကျေးရွာချင်းဆက်လမ်းမပေါ်တွင် မုန်တိုင်ဆည်နှင့် ညောင်ကုန်းတမံတို့မှ မိတ္တီလာကန်သို့ ဆက်သွယ်ထားသော ရေသွင်းမြောင်း လက်တံနှစ်ခုဆုံရာ၌ အရှည် ၅၅ ပေ၊ အကျယ် ၁၂ ပေရှိ သံကူကွန်ကရစ်တံတားအဖြစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှစတင်၍ အဆင့်မြှင့်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

 

 

>>>မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို ၂ နှစ်အတွင်း အကောင်ဖော် တည်ဆောက်သွားမည်>>>

 

 

အဆိုပါချောင်းကူးတံတားကို နွားစမ်းတောင်ကျေးရွာ ရွှေလက်လှဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာတော် ဘဒ္ဒန္တခမေသက ဦးဆောင်၍ ဒေသခံများက စုပေါင်း၍ ခန့်မှန်ကုန်ကျငွေကျပ်ပေါင်း သန်း ၁၇၀ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 

===မီးဖိုချောင်သုံးပစ္စည်း လုပ်ငန်းပေါင်း ၇ ခုကို ရှာရန် နှိပ်ပါ===

 

 

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဦးတင်သန်း အင်ဂျင်နီယာ(ငြိမ်း)က တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်၍ နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးသောကြောင့် ကျေးရွာ ၁၇ ရွာမှ ဒေသခံများ သွားလာရေး အဆင်ပြေတော့မည် ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 500 times
Rate this item
(0 votes)
Tagged under