မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို ၂ နှစ်အတွင်း အကောင်ဖော် တည်ဆောက်သွားမည်

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို ၂ နှစ်အတွင်း အကောင်ဖော် တည်ဆောက်သွားမည် The Mirror

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိသော ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းအား မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ၂ နှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ခွင့်ရ M Development မှ သိရသည်။

 

M Development သည် အဆိုပါကားကြီးဝင်းကို ခေတ်မီကားဝင်းအဖြစ် ပြည်ပကုမ္ပဏီနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံရန် ၂၀၁၅ခုနှစ်က တင်ဒါအောင်မြင်ခဲ့သည့် တည်ဆောက်ရေးကုမ္ပဏီဖြစ်သည်။

 

 

အဆိုပါတင်ဒါအောင်မြင်ခဲ့သည့်အတွက် ပရီမီယံကြေးအဖြစ် ငွေကျပ် ၂ ဘီလီယံ ပေးသွင်းခဲ့ပြီး မြေငှားရမ်းအသုံးပြုခအဖြစ် တစ်နှစ်လျှင် ငွေကျပ်သိန်း ၃၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းတစ်ခုလုံးအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၃ သန်းခန့် ရှိကြောင်း သိရသည်။

 

 

>>>လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်<<<

 

 

'' ကျွဲဆည်ကန် ကားကြီးဝန်းကို အဆင့်မြှင့်တည်ဆောက်ဖို့အတွက် ယာယီကားဝန်းကြီးကို ကျွန်တော်တို့ ၁၀ ဧကရှိသည့် မြေကို ငှားရမ်းတည်ဆောက်ခဲ့တာ အားလုံးပြီးသွားလို့ အဆင့်သင့်ဖြစ်နေပါပြီ။ ပြောင်းမယ်ဆိုပြောင်းလို့ ရနေပါပြီ။ ဒါပေမဲ့ ဘယ်နေ့နောက်ဆုံးထား ပြောင်းရမယ်ဆိုတာကတော့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက လုပ်ရမည့်ကိစ္စဖြစ်လို့ ဘယ်နေ့နောက်ဆုံးဆိုတဲ့ သတ်မှတ်ရက်ကိုတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ အမြန်ဆုံးပြောင်းရွှေ့နိုင်ရင်တော့ ချမ်းမြရွှေပြည် ကားကြီးဝင်း စီမံကိန်းကို အမြန်ဆုံးစတင်နိုင်မှာပါ '' ဟု စီမံကိန်းလုပ်ကိုင်ခွင့်ရ တင်ဒါအောင်မြင်သည့် M Development မှ ဒုတိယဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောသည်။

 

 

ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် M Development သည် ကားဂိတ်ပေါင်း ၂၁၃ ဂိတ်နှင့် ဈေးဆိုင်ခန်းပေါင်း ၁၀၀ ကျော်တို့ကို ပြန်လည်နေရာချထားပေးရန်နှင့် အခြားလိုအပ်သောဂိုဒေါင်များကို စီမံပေးရန် သဘောတူထားပြီး ကားအစီးပေါင်း ၆၄ စီးခန့် တစ်ပြိုင်နက်တည်းထွက်နိုင်ရန်နှင့် ခရီးသည်များ လုံခြုံသက်သာမှုရှိစေရန် စီစဉ်ထားခြင်းဖြစ်သည်။

 

 

===လျှပ်စစ်ဆိုင်ရာပစ္စည်းများ လုပ်ငန်းပေါင်း ၃၂၃၃ ခုကို ရှာရန်နှိပ်ပါ===

 

 

အနာဂတ်ကာလတွင် ဖြစ်လာနိုင်သည့် ကားအရွယ်အစားနှင့် နှစ်ထပ်ကားများအထိ အသုံးပြုနိုင်ရန် နိုင်ငံတကာအဆင့်မီ စီမံမှုများပြုလုပ်ပေးမည့် ဒီဇိုင်းပုံစံကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အကြိမ်များစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး နာမည်ကြီး စင်ကာပူ ဒီဇိုင်းကုမ္ပဏီ SJ က ရေးဆွဲသော ဒီဇိုင်းပုံစံကို မြို့တော်စည်ပင်သာယာရေးကော်မတီက သဘောတူထားပြီဖြစ်ကြောင်း သိရသည်။

 

 

သို့သော်လည်း နေရာချထားမှုအတွက် ကားဂိတ်များ၏ တောင်းဆိုမှုများအား ဆက်လက်ဆွေးနွေးနေပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ရန် နှောင့်နှေးနေရခြင်းဖြစ်သည်။

 

 

စီမံကိန်းလုပ်ငန်းများ စတင်အကောင်အထည်ဖော်နိုင်ရန် ကျွဲဆည်ကန်ကားကြီးဝင်းမှ ကားဂိတ်အား ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်အဝိုင်းအနီးရှိ ယာယီကားကြီးဝင်းသို့ မတ်လ ပထမပတ်အတွင်း နောက်ဆုံးထားပြောင်းရွေ့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 

 

အဆိုပါကားကြီးဝင်းကို လက်ရှိတွင် မြေ ၁၄ ဧကကိုသာ အသုံးပြုလည်ပတ်နေခြင်းဖြစ်ပြီး စီမံကိန်းအသစ်အရ လေးထပ် Bus Terminal တည်ဆောက်လုပ်ကိုင်မည်ဖြစ်သည့်အတွက် ၁၇ ဒသမ ၂ ဧကအထိ တိုးချဲ့ကာ ကားဂိတ်များနှင့် ခရီးသွားများအားလုံး ကျယ်ဝန်းစွာ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ျမန္မာႏိုင္ငံ၏ ပထမဆံုး ႏိုင္ငံတကာအဆင့္မီ Bus Terminal အျဖစ္ ခ်မ္းျမေရႊျပည္ (ကၽြဲဆည္ကန္) ကားႀကီးဝင္းကို ၂ ႏွစ္အတြင္း အေကာင္ေဖာ္ တည္ေဆာက္သြားမည္

 

 

မႏၱေလးတိုင္းေဒသႀကီး ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရန္ကုန္-မႏၱေလး ကားလမ္းမေဘးတြင္ တည္ရွိေသာ ခ်မ္းျမေရႊျပည္ (ကၽြဲဆည္ကန္) ကားႀကီးဝင္းအား ျမန္မာႏိုင္ငံ၏ ပထမဆံုး ႏိုင္ငံတကာအဆင့္မီ Bus Terminal အျဖစ္ ၂ ႏွစ္အတြင္း အေကာင္အထည္ေဖာ္ တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း စီမံကိန္းလုပ္ခြင့္ရ M Development မွ သိရသည္။

 

 

M Development သည္ အဆိုပါကားႀကီးဝင္းကို ေခတ္မီကားဝင္းအျဖစ္ ျပည္ပကုမၸဏီႏွင့္ ဖက္စပ္ရင္းႏွီးျမွဳပ္ႏွံရန္ ၂၀၁၅ခုႏွစ္က တင္ဒါေအာင္ျမင္ခဲ့သည့္ တည္ေဆာက္ေရးကုမၸဏီျဖစ္သည္။

 

 

အဆိုပါတင္ဒါေအာင္ျမင္ခဲ့သည့္အတြက္ ပရီမီယံေၾကးအျဖစ္ ေငြက်ပ္ ၂ ဘီလီယံ ေပးသြင္းခဲ့ၿပီး ေျမငွားရမ္းအသံုးျပဳခအျဖစ္ တစ္ႏွစ္လွ်င္ ေငြက်ပ္သိန္း ၃၀၀၀ ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။ စီမံကိန္းတစ္ခုလံုးအတြက္ ရင္းႏွီးျမွဳပ္ႏွံမႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ ၁၄၃ သန္းခန္႔ ရွိေၾကာင္း သိရသည္။

 

 

'' ကၽြဲဆည္ကန္ ကားႀကီးဝန္းကို အဆင့္ျမွင့္တည္ေဆာက္ဖို႔အတြက္ ယာယီကားဝန္းႀကီးကို ကၽြန္ေတာ္တို႔ ၁၀ ဧကရွိသည့္ ေျမကို ငွားရမ္းတည္ေဆာက္ခဲ့တာ အားလံုးၿပီးသြားလို႔ အဆင့္သင့္ျဖစ္ေနပါၿပီ။ ေျပာင္းမယ္ဆိုေျပာင္းလို႔ ရေနပါၿပီ။ ဒါေပမဲ့ ဘယ္ေန႔ေနာက္ဆံုးထား ေျပာင္းရမယ္ဆိုတာကေတာ့ မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက လုပ္ရမည့္ကိစၥျဖစ္လို႔ ဘယ္ေန႔ေနာက္ဆံုးဆိုတဲ့ သတ္မွတ္ရက္ကိုေတာ့ ကၽြန္ေတာ္တို႔ မသိပါဘူး။ ဒါေပမဲ့ အျမန္ဆံုးေျပာင္းေရႊ႕ႏိုင္ရင္ေတာ့ ခ်မ္းျမေရႊျပည္ ကားႀကီးဝင္း စီမံကိန္းကို အျမန္ဆံုးစတင္ႏုိင္မွာပါ '' ဟု စီမံကိန္းလုပ္ကိုင္ခြင့္ရ တင္ဒါေအာင္ျမင္သည့္ M Development မွ ဒုတိယဥကၠ႒ ဦးေသာင္းထိုက္မင္းက ေျပာသည္။

 

 

ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္မည့္ M Development သည္ ကားဂိတ္ေပါင္း ၂၁၃ ဂိတ္ႏွင့္ ေစ်းဆိုင္ခန္းေပါင္း ၁၀၀ ေက်ာ္တို႔ကို ျပန္လည္ေနရာခ်ထားေပးရန္ႏွင့္ အျခားလိုအပ္ေသာဂိုေဒါင္မ်ားကို စီမံေပးရန္ သေဘာတူထားၿပီး ကားအစီးေပါင္း ၆၄ စီးခန္႔ တစ္ၿပိဳင္နက္တည္းထြက္ႏိုင္ရန္ႏွင့္ ခရီးသည္မ်ား လံုၿခံဳသက္သာမႈရွိေစရန္ စီစဥ္ထားျခင္းျဖစ္သည္။

 

 

အနာဂတ္ကာလတြင္ ျဖစ္လာႏိုင္သည့္ ကားအရြယ္အစားႏွင့္ နွစ္ထပ္ကားမ်ားအထိ အသံုးျပဳႏိုင္ရန္ ႏို္င္ငံတကာအဆင့္မီ စီမံမႈမ်ားျပဳလုပ္ေပးမည့္ ဒီဇိုင္းပံုစံကို မႏၱေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီႏွင့္ အႀကိမ္မ်ားစြာ ညွိႏႈိင္းေဆြးေႏြးခဲ့ၿပီး နာမည္ႀကီး စင္ကာပူ ဒီဇိုင္းကုမၸဏီ SJ က ေရးဆြဲေသာ ဒီဇိုင္းပံုစံကို ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီက သေဘာတူထားၿပီျဖစ္ေၾကာင္း သိရသည္။

 

 

သို႔ေသာ္လည္း ေနရာခ်ထားမႈအတြက္ ကားဂိတ္မ်ား၏ ေတာင္းဆိုမႈမ်ားအား ဆက္လက္ေဆြးေႏြးေနၿပီး လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား စတင္ရန္ ေနွာင့္ေႏွးေနရျခင္းျဖစ္သည္။

 

 

စီမံကိန္းလုပ္ငန္းမ်ား စတင္အေကာင္အထည္ေဖာ္ႏိုင္ရန္ ကၽြဲဆည္ကန္ကားႀကီးဝင္းမွ ကားဂိတ္အား ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ တံခြန္တို္င္အဝိုင္းအနီးရွိ ယာယီကားႀကီးဝင္းသို႔ မတ္လ ပထမပတ္အတြင္း ေနာက္ဆံုးထားေျပာင္းေရြ႕ရန္ စီစဥ္လ်က္ရွိေၾကာင္း သိရသည္။

 

 

အဆိုပါကားႀကီးဝင္းကို လက္ရွွိတြင္ ေျမ ၁၄ ဧကကိုသာ အသံုးျပဳလည္ပတ္ေနျခင္းျဖစ္ၿပီး စီမံကိန္းအသစ္အရ ေလးထပ္ Bus Terminal တည္ေဆာက္လုပ္ကိုင္မည္ျဖစ္သည့္အတြက္ ၁၇ ဒသမ ၂ ဧကအထိ တိုးခ်ဲ႕ကာ ကားဂိတ္မ်ားႏွင့္ ခရီးသြားမ်ားအားလံုး က်ယ္ဝန္းစြာ အသံုးျပဳခြင့္ရရွိမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 3829 times
Rate this item
(0 votes)
Tagged under