လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည် Information and Public Relations Department

လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ချင်းဆက်လမ်းအား မူလ ၁၈ ပေ အကျယ်မှ ယခု (၂၄) ပေအထိ အဆင့်မြှင့်တင်တိုးချဲ့ခြင်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လွိုင်ကော်−ဒီးမော့ဆို လမ်းပိုင်းကို ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ တွင်လမ်းပိုင်းတိုးချဲ့ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စုစုပေါင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၀၀၀ နီးပါးရှိကြောင်း သိရသည်။

 

 

အဆိုပါလမ်းပိုင်းသည် ယခင်က ၁၂ ပေသာရှိ၍ ၂၀၁၃-၂၀၁၄ နှင့် ၂၀၁၄-၂၀၁၅ တွင် ၁၈ ပေ တိုးချဲ့ခဲ့ပြီးနောက် ၂၀၁၆-၂၀၁၇ တွင် လွိုင်ကော်မြို့အတွင်းပိုင်း မိုင်းလုံးမှ ပန်ကန်းအထိ၊ ၂၀၁၈-၂၀၁၉ နှင့် ၂၀၁၉-၂၀၂၀ တွင် ပန်းကန်းမှ ငွေတောင်အထိ တိုးချဲ့ခဲ့ကြောင်း သိရသည်။ တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်စဉ် ကြားထဲတွင် Gap အပိုင်း ၅ မိုင် ၇ ဖာလုံအထိ ကျန်သောကြောင့် ချဲ့နေခြင်းဖြစ်သည်။

 

 

>>>ရန်ကုန်မြို့ကို နေချင်စဖွယ်မြို့တော်အဖြစ် တည်ဆောက်ရာတွင် လိုအပ်ချက်များစွာ ရှိနေသေးကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော<<<

 

'' ကတ္တာရာလမ်းဖြစ်တဲ့အထိ အခုခင်းနေတာ ကျွန်တော်တို့ တစ်ချို့နေရာကိုလမ်းရဲ့ ခံနိုင်ရည်ကို ပြန်စမ်းတယ်။ အချို့နေရာမှာ လက်ရှိလမ်းသားကိုလည်း အသစ်ပြန်တင်ရတာရှိတယ်။ တစ်ချို့နေရာကိုတော့ တင်စရာမလိုဘူး။ လက်ရှိလမ်းရဲ့ ခံနိုင်ရည်ကိုတော့ စမ်းပြီးသွားပြီ။ တောက်လျှောက်တော့ ကတ္တာရာ၊ လောလောဆယ်ဆယ်တော့ Sub-Base၊ အဲ့အဆင့်ခင်းတယ်ဆိုတာ ကတ္တာရာအဆင့်မရောက်သေးဘူး။ အားလုံး ဖိုင်နယ်ရောက်မှ ကတ္တာရာဘဲ၊ ဒီနှစ်ချဲ့မဲ့ဟာက ၅ မိုင် ၇ ဖာလုံ ကျန်တာကတော့ ပြီးခဲ့တဲ့နှစ်ကချဲ့ခဲ့တာ၊ လွိုင်ကော်နဲ့ ဒီးမော့ဆို လမ်းက အားလုံး ၁၁ မိုင် ရှိတယ်။ အဲ့ဒီ ၁၁ မိုင်မှာ ပြီးခဲ့တဲ့ ၂၀၁၇−၂၀၁၈ ၊ ၂၀၁၈−၂၀၁၉ ချဲ့တဲ့ ဟာကို နုတ်လိုက်ရင် ဒီနှစ်မှာ ၅ မိုင် ၇ ဖာလုံကို ဆောင်ရွက်နေတာဖြစ်တယ် '' ဟု ကယားပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးဦးခင်မောင်ဖြူက ပြောသည်။

 

 

===နေစွမ်းအင်သုံးလျှပ်စစ်စက်ကိရိယာများ လုပ်ငန်းပေါင်း ၇၁ ခုကို ရှာရန်နှိပ်ပါ===

 

 

လွိုင်ကော်−ဒီးမော့ဆို လမ်းသည် ယခင်နှစ်များထက် ယာဉ်အသွားအလာပိုမိုများပြားလာ၍ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သဖြင့် ခရီးသွား ဧည့်သည် မော်တော်ယာဉ်များပိုမို ဝင်ရောက်လာကြောင့် လမ်းများကို ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် လမ်းပိုင်းတိုးချဲ့ခြင်းလုပ်ငန်းများကို အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

လြိဳင္ေကာ္ − ဒီးေမာ့ဆို လမ္းပိုင္းအား အဆင့္ျမႇင့္တင္ တိုးခ်ဲ႕ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္မည္

 

 

လြိဳင္ေကာ္ၿမိဳ႕နယ္ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္ခ်င္းဆက္လမ္းအား မူလ ၁၈ ေပ အက်ယ္မွ ယခု (၂၄) ေပအထိ အဆင့္ျမႇင့္တင္တိုးခ်ဲ႕ျခင္းႏွင့္ လမ္းေဘးေရႏုတ္ေျမာင္း တူးေဖာ္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

 

 

လြိဳင္ေကာ္−ဒီးေမာ့ဆို လမ္းပိုင္းကို ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ႏွင့္ ၂၀၁၉-၂၀၂၀ တြင္လမ္းပိုင္းတိုးခ်ဲ႕ျခင္း လုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ စုစုေပါင္း ခြင့္ျပဳရန္ပံုေငြက်ပ္ သန္း ၉၀၀၀ နီးပါးရွိေၾကာင္း သိရသည္။

 

 

အဆိုပါလမ္းပိုင္းသည္ ယခင္က ၁၂ ေပသာရွိ၍ ၂၀၁၃-၂၀၁၄ နွင့္ ၂၀၁၄-၂၀၁၅ တြင္ ၁၈ ေပ တိုးခ်ဲ႕ခဲ့ၿပီးေနာက္ ၂၀၁၆-၂၀၁၇ တြင္ လြိဳင္ေကာ္ၿမိဳ႕အတြင္းပိုင္း မိုင္းလံုးမွ ပန္ကန္းအထိ၊ ၂၀၁၈-၂၀၁၉ ႏွင့္ ၂၀၁၉-၂၀၂၀ တြင္ ပန္းကန္းမွ ေငြေတာင္အထိ တိုးခ်ဲ႕ခဲ့ေၾကာင္း သိရသည္။ တိုးခ်ဲ႕ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္စဥ္ ၾကားထဲတြင္ Gap အပိုင္း ၅ မိုင္ ၇ ဖာလံုအထိ က်န္ေသာေၾကာင့္ ခ်ဲ႕ေနျခင္းျဖစ္သည္။

 

 

'' ကတၱာရာလမ္းျဖစ္တဲ့အထိ အခုခင္းေနတာ ကြၽန္ေတာ္တို႔ တစ္ခ်ိဳ႕ေနရာကိုလမ္းရဲ႕ ခံႏိုင္ရည္ကို ျပန္စမ္းတယ္။ အခ်ိဳ႕ေနရာမွာ လက္ရွိလမ္းသားကိုလည္း အသစ္ျပန္တင္ရတာရွိတယ္။ တစ္ခ်ိဳ႕ေနရာကိုေတာ့ တင္စရာမလိုဘူး။ လက္ရွိလမ္းရဲ႕ ခံႏိုင္ရည္ကိုေတာ့ စမ္းၿပီးသြားၿပီ။ ေတာက္ေလွ်ာက္ေတာ့ ကတၱာရာ၊ ေလာေလာဆယ္ဆယ္ေတာ့ Sub-Base၊ အဲ့အဆင့္ခင္းတယ္ဆိုတာ ကတၱာရာအဆင့္မေရာက္ေသးဘူး။ အားလုံး ဖိုင္နယ္ေရာက္မွ ကတၱာရာဘဲ၊ ဒီႏွစ္ခ်ဲ႕မဲ့ဟာက ၅ မိုင္ ၇ ဖာလုံ က်န္တာကေတာ့ ၿပီးခဲ့တဲ့ႏွစ္ကခ်ဲ႕ခဲ့တာ၊ လြိဳင္ေကာ္နဲ႔ ဒီးေမာ့ဆို လမ္းက အားလုံး ၁၁ မိုင္ ရွိတယ္။ အဲ့ဒီ ၁၁ မိုင္မွာ ၿပီးခဲ့တဲ့ ၂၀၁၇−၂၀၁၈ ၊ ၂၀၁၈−၂၀၁၉ ခ်ဲ႕တဲ့ ဟာကို ႏုတ္လိုက္ရင္ ဒီႏွစ္မွာ ၅ မိုင္ ၇ ဖာလုံကို ေဆာင္႐ြက္ေနတာျဖစ္တယ္ '' ဟု ကယားျပည္နယ္အစိုးရအဖြဲ႕ လမ္းပန္းဆက္သြယ္ေရးႏွင့္လွ်ပ္စစ္၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန ဝန္ႀကီးဦးခင္ေမာင္ျဖဴက ေျပာသည္။

 

 

လြိဳင္ေကာ္−ဒီးေမာ့ဆို လမ္းသည္ ယခင္ႏွစ္မ်ားထက္ ယာဥ္အသြားအလာပိုမိုမ်ားျပားလာ၍ နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သျဖင့္ ခရီးသြား ဧည့္သည္ ေမာ္ေတာ္ယာဥ္မ်ားပိုမို ဝင္ေရာက္လာေၾကာင့္ လမ္းမ်ားကို ပိုမိုေကာင္းမြန္ေအာင္ အဆင့္ျမွင့္တင္ေဆာင္ရြက္လ်က္ရွိၿပီး ယခုႏွစ္တြင္ လမ္းပိုင္းတိုးခ်ဲ႕ျခင္းလုပ္ငန္းမ်ားကို အၿပီးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

Read 746 times Last modified on Thursday, 05 March 2020 09:47
Rate this item
(0 votes)
Tagged under