ပုသိမ်ခရိုင်အတွင်းရှိ အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ ပြောင်းရွေ့တည်ဆောက်ခြင်းလုပ်ငန်းများ စီမံကိန်းတစ်ခုလုံး၏ ၃၂ ရာခိုင်နှုန်း ပြီးစီး

ပုသိမ်ခရိုင်အတွင်းရှိ အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ ပြောင်းရွေ့တည်ဆောက်ခြင်းလုပ်ငန်းများ စီမံကိန်းတစ်ခုလုံး၏ ၃၂ ရာခိုင်နှုန်း ပြီးစီး MOEE

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) နှင့် အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း) ပြောင်းရွေ့တည်ဆောက်နေမှုမှာ စီမံကိန်းတစ်ခုလုံး၏ ၃၂ ရာခိုင်နှုှန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမှတ်(၃) ရေနံဓာတ်ငွေ့စက်ရုံအား တည်ဆောက်ပြီးစီးပါက ရေနံဓာတ်ငွေ့ရည်များ ယခုထက်ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

 

Image may contain: one or more people, tree, outdoor and nature

 

ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်က တည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီတည်ဆောက်နိုင်ရေး၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုလျော့နည်းစေရေးနှင့် ထင်း/မီးသွေး လောင်စာသုံးစွဲမှု လျော့ချနိုင်ရေးအတွက် အထောက်အကူပြုသည့် ရေနံဓာတ်ငွေ့ရည်အား ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

 

 

>>>ရန်ကုန်၌ နိုင်ငံတကာအဆင့်မီ ပြပွဲခန်းမများ (Convention Hall) တည်ဆောက်ရန် တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားနေ<<<

 

 

အမှတ်(၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) သည် ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ရေနံဓာတ်ငွေ့ရည် ၁၂ တန်ခန့်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

 

အဆောက်အဦးစီမံခန့်ခွဲရေး လုပ်ငန်းပေါင်း ၈ ခုကို ရှာရန်နှိပ်ပါ

 

 

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၅) ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်) သည် ယခင်က အရှုံးပေါ်ခဲ့သော်လည်း ယခုအခါ အမြတ်များပြန်လည်ရရှိနေပြီဖြစ်၍ အဆိုပါ စက်ရုံသည် အိုးဘိုကျေးရွာအနီးတည်ရှိပြီး ညောင်တုန်း-မအူပင် သဘာဝဓာတ်ငွေ့မြေမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ တစ်ရက်လျှင် ယူရီးယားဓာတ်မြေသြဇာ တန် ၃၅၀ ကျော် ထုတ်လုပ်ပေးလျက်ရှိပြီး တင်ဒါစနစ်ဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

Image may contain: people standing

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ပုသိမ္ခရိုင္အတြင္းရွိ အမွတ္ (၃) ေရနံဓာတ္ေငြ႕ရည္စက္ရံု ေျပာင္းေရြ႕တည္ေဆာက္ျခင္းလုပ္ငန္းမ်ား စီမံကိန္းတစ္ခုလံုး၏ ၃၂ ရာခိုင္ႏႈန္း ၿပီးစီး

 

 

ဧရာဝတီတိုင္းေဒသႀကီး၊ ပုသိမ္ခရိုင္အတြင္းရွိ အမွတ္ (၂) ေရနံဓာတ္ေငြ႕ရည္စက္ရံု (ေညာင္တုန္း) ႏွင့္ အမွတ္ (၃) ေရနံဓာတ္ေငြ႕ရည္စက္ရံု (ကၽြန္းေခ်ာင္း) ေျပာင္းေရြ႕တည္ေဆာက္ေနမႈမွာ စီမံကိန္းတစ္ခုလံုး၏ ၃၂ ရာခိုင္ႏႈွန္းၿပီးစီးေနၿပီျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါ အမွတ္(၃) ေရနံဓာတ္ေငြ႕စက္ရံုအား တည္ေဆာက္ၿပီးစီးပါက ေရနံဓာတ္ေငြ႕ရည္မ်ား ယခုထက္ပိုမိုထုတ္လုပ္ျဖန႔္ျဖဴးေပးႏိုင္မည္ျဖစ္သည္။

 

Image may contain: one or more people, tree, outdoor and nature

 

ဒုတိယဝန္ႀကီး(စြမ္းအင္) ေဒါက္တာထြန္းႏိုင္က တည္ေဆာက္ျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ သတ္မွတ္ကာလအတြင္း အခ်ိန္မီတည္ေဆာက္ႏိုင္ေရး၊ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈေလ်ာ့နည္းေစေရးႏွင့္ ထင္း/မီးေသြး ေလာင္စာသုံးစြဲမႈ ေလ်ာ့ခ်ႏိုင္ေရးအတြက္ အေထာက္အကူျပဳသည့္ ေရနံဓာတ္ေငြ႕ရည္အား ပိုမိုထုတ္လုပ္ႏိုင္ေရး ႀကိဳးစားေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသည္။

 

 

အမွတ္(၂) ေရနံဓာတ္ေငြ႕ရည္စက္႐ုံ (ေညာင္တုန္း) သည္ ေညာင္တုန္း-မအူပင္ သဘာဝဓာတ္ေငြ႕ေျမမွထြက္ရွိေသာ သဘာဝဓာတ္ေငြ႕ကို အသုံးျပဳ၍ တစ္ရက္လွ်င္ ေရနံဓာတ္ေငြ႕ရည္ ၁၂ တန္ခန႔္ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း သိရသည္။

 

 

ျမန္မာ့ေရနံဓာတုေဗဒလုပ္ငန္းလက္ေအာက္ရွိ အမွတ္(၅) ဓာတ္ေျမၾသဇာစက္႐ုံ (ကန္ႀကီးေထာင့္) သည္ ယခင္က အရႈံးေပၚခဲ့ေသာ္လည္း ယခုအခါ အျမတ္မ်ားျပန္လည္ရရွိေနၿပီျဖစ္၍ အဆိုပါ စက္ရံုသည္ အိုးဘိုေက်း႐ြာအနီးတည္ရွိၿပီး ေညာင္တုန္း-မအူပင္ သဘာဝဓာတ္ေငြ႕ေျမမွထြက္ရွိသည့္ သဘာဝဓာတ္ေငြ႕ကို အသုံးျပဳ၍ တစ္ရက္လွ်င္ ယူရီးယားဓာတ္ေျမၾသဇာ တန္ ၃၅၀ ေက်ာ္ ထုတ္လုပ္ေပးလ်က္ရွိၿပီး တင္ဒါစနစ္ျဖင့္ ျဖန႔္ျဖဴးေရာင္းခ်ေပးလ်က္ရွိေၾကာင္း သိရသည္။

 

Image may contain: people standing

Read 920 times
Rate this item
(0 votes)
Tagged under