သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စ ဆွေးနွေး

သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စ ဆွေးနွေး google

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောက်ရွက်ခြင်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှု ပူပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

 

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက ချေးငွေလုပ်ငန်းနှင့် ပက်သတ်၍ စာရင်းစစ်ချုပ်ရုံး၏ နှစ်စဉ်တွေ့ရှိရသည့် အစီရင်ခံစာများတွင် ပါရှိသကဲ့သို့ နိုင်ငံခြားချေးငွေများအတွက် မူလ Work Plan အတိုင်း ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် ငွေထုတ်ချေးသည့် အဖွဲအစည်း၏ မူဝါဒများကို လိုက်နာဆောင်ရွက်ပြီး သတ်မှတ်ကာလအတွင်း ပြည့်ပြည့်ဝဝ သုံးစွဲ၍ ပိုလျှံငွေပြန်အပ်မှုများ မဖြစ်စေရန် ဆောက်ရွက်ရမည်ဖြစ်ပါကြောင်း၊

 

 

ရယူသုံးစွဲသည့် ချေးငွေနှင့် ဆောက်ရွက်သည့်လုပ်ငန်းကို ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် ဘတ်ဂျက်လျာထားတွက်ချက်ရာတွင် စီမံကိန်းလျာထားချက်နှင့် အညီ ကြိုတင်စီမံထားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် လေလွင့်ယိုဖိတ်မှု၊ မမှန်မကန်ဆောင်ရွက်မှု၊ မူလတွက်ချက်မှုနှင့် ကွဲလွဲဆောင်ရွက်မှုများ မဖြစ်ပေါ်စေရေးနှင့် ယခင်နှစ်များက တွေ့ကြုံခဲ့ရသည့် ချေးငွေစီမံကိန်းလုပ်ငန်းများကို နမူနာယူ၍ လိုအပ်ချက်၊ အားနည်းချက်များကို ကြိုတင်ကာကွယ်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

 

>>>မြဝတီတွင် ခေတ်မှီ ၃ ထပ် ဈေးသစ်ကြီးကို ၁၄ လအတွင်း အပြီးသတ် တည်ဆောက်သွားမည်<<<

 

 

ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ ဦးမောင်မောင်အုန်းက စီမံကိန်းဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် အချိန်မီပြီးစီးရေးတို့အတွက် အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်၍ စနစ်တကျကြိုတင်စီမံထားသင့်ပါကြောင်း၊ ပိုက်လိုင်းဟောင်းများ ပြန်လည်တူးဖော်ရာတွင် ကုန်ကျစရိတ်ကို ပြည်တွင်းဘတ်ဂျက်ဖြင့်သာ အသုံးပြု၍ ချေးငွေကို ပိုက်လိုင်းအသစ်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုသင့်သည့်ဟု အကြံပြုလိုပါကြောင်း၊ ထို့ပြင် လယ်၊ယာ၊ မြို့၊ ရွာများကို ဖြတ်သန်းရသည့်အတွက် နောင်လာမည့် နှစ်ပေါင်း ၅၀ ခန့်အထိ ကြိုတင်အစီအမံများလည်း ရှိသင့်ပါကြောင်း အကြုံပြုဆွေးနွေးသည်။

 

 

လေအေးပေးစက် လုပ်ငန်းပေါင်း ၈၃၀ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးထွန်းထွန်းဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဦးဆန်းမြင့်၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့က ဆက်လက်ဆွေးနွေးကြကြောင်း သိရသည်။

 

 

Source: The Mirror

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

သဘာဝဓာတ္ေငြ႕ပိုက္လိုင္း အဆင့္ျမွင့္အစားထိုးလဲလွယ္ျခင္း လုပ္ငန္းေဆာင္ရြက္ရန္ EDCF ထံမွ အေမရိကန္ေဒၚလာ ၁၁၃ ဒသမ ၀၃၆ သန္း ေခ်းေငြရယူေရးကိစၥ ေဆြးေႏြး

 

 

လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ဘာဝဓာတ္ေငြ႕ပိုက္လိုင္း အဆင့္ျမွင့္အစားထိုးလဲလွယ္ျခင္း လုပ္ငန္းေဆာက္ရြက္ျခင္းမ်ား လုပ္ေဆာင္ရန္အတြက္ ကိုရီးယားႏိုင္ငံ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မွႈ ပူေပါင္းေဆာင္ရြက္ေရး ရန္ပံုေငြအဖြဲ႕ (EDCF) ထံမွ အေမရိကန္ေဒၚလာ ၁၁၃ ဒသမ ၀၃၆ သန္းေခ်းေငြရယူေရးကိစၥႏွင့္ စပ္လ်ဥ္း၍ ေဆြးေႏြးလ်က္ရွိေၾကာင္း သိရသည္။

 

 

လိႈင္းဘြဲမဲဆႏၵနယ္မွ ဦးခင္ခ်ိဳက ေခ်းေငြလုပ္ငန္းႏွင့္ ပက္သတ္၍ စာရင္းစစ္ခ်ဳပ္ရံုး၏ ႏွစ္စဥ္ေတြ႕ရွိရသည့္ အစီရင္ခံစာမ်ားတြင္ ပါရွိသကဲ့သို႔ ႏိုင္ငံျခားေခ်းေငြမ်ားအတြက္ မူလ Work Plan အတိုင္း ေဆာင္ရြက္ရန္လိုအပ္ပါေၾကာင္း၊ ထို႔ျပင္ ေငြထုတ္ေခ်းသည့္ အဖြဲအစည္း၏ မူဝါဒမ်ားကို လိုက္နာေဆာင္ရြက္ၿပီး သတ္မွတ္ကာလအတြင္း ျပည့္ျပည့္ဝဝ သံုးစြဲ၍ ပိုလွ်ံေငြျပန္အပ္မႈမ်ား မျဖစ္ေစရန္ ေဆာက္ရြက္ရမည္ျဖစ္ပါေၾကာင္း၊

 

 

ရယူသံုးစြဲသည့္ ေခ်းေငြနွင့္ ေဆာက္ရြက္သည့္လုပ္ငန္းကို ထိေရာက္ေအာင္ျမင္စြာ လုပ္ေဆာင္ႏိုင္ရန္အတြက္ ဘတ္ဂ်က္လ်ာထားတြက္ခ်က္ရာတြင္ စီမံကိန္းလ်ာထားခ်က္ႏွင့္ အညီ ၾကိဳတင္စီမံထားရန္ လိုအပ္ပါေၾကာင္း၊ ထို႔ျပင္ ေလလြင့္ယိုဖိတ္မႈ၊ မမွန္မကန္ေဆာင္ရြက္မႈ၊ မူလတြက္ခ်က္မႈႏွင့္ ကြဲလြဲေဆာင္ရြက္မႈမ်ား မျဖစ္ေပၚေစေရးႏွင့္ ယခင္ႏွစ္မ်ားက ေတြ႕ၾကံဳခဲ့ရသည့္ ေခ်းေငြစီမံကိန္းလုပ္ငန္းမ်ားကို နမူနာယူ၍ လုိအပ္ခ်က္၊ အားနည္းခ်က္မ်ားကို ႀကိဳတင္ကာကြယ္ျပင္ဆင္ေဆာင္ရြက္ရန္ လိုအပ္ပါေၾကာင္း ေျပာၾကားသည္။

 

 

ဧရာဝတီတိိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၅) မွ ဦးေမာင္ေမာင္အုန္းက စီမံကိန္းေဆာင္ရြက္ရာတြင္ လုပ္ငန္းခြင္အႏၱရာယ္ကင္းရွင္းေရးႏွင့္ အခ်ိန္မီၿပီးစီးေရးတို႔အတြက္ အလုပ္ရံုေဆြးေႏြးပြဲမ်ားျပဳလုပ္၍ စနစ္တက်ၾကိဳတင္စီမံထားသင့္ပါေၾကာင္း၊ ပိုက္လိုင္းေဟာင္းမ်ား ျပန္လည္တူးေဖာ္ရာတြင္ ကုန္က်စရိတ္ကို ျပည္တြင္းဘတ္ဂ်က္ျဖင့္သာ အသံုးျပဳ၍ ေခ်းေငြကို ပိုက္လိုင္းအသစ္ႏွင့္ ဆက္စပ္ပစၥည္းမ်ား ဝယ္ယူရာတြင္ အသံုးျပဳသင့္သည့္ဟု အၾကံျပဳလိုပါေၾကာင္း၊ ထို႔ျပင္ လယ္၊ယာ၊ ၿမိဳ႕၊ ရြာမ်ားကို ျဖတ္သန္းရသည့္အတြက္ ေနာင္လာမည့္ ႏွစ္ေပါင္း ၅၀ ခန္႔အထိ ႀကိဳတင္အစီအမံမ်ားလည္း ရွိသင့္ပါေၾကာင္း အၾကံဳျပဳေဆြးေႏြးသည္။

 

 

အဆိုပါကိစၥႏွင့္ စပ္လ်ဥ္း၍ ေစတုတၱရာ မဲဆႏၵနယ္မွ ဦးေက်ာ္ေအာင္လြင္၊ အုတ္တြင္းမဲဆႏၵနယ္မွ ေဒၚခ်ိဳခ်ိဳ၊ မႏၱေလးတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၂) မွ ဦးထြန္းထြန္းဦး၊ ဧရာဝတီတိုင္းေဒသႀကီး မဲဆႏၵနယ္ အမွတ္ (၃) မွ ဦးဆန္းျမင့္၊ ဇလြန္မဲဆႏၵနယ္မွ ဦးေအာင္မင္းႏွင့္ ေခ်ာက္မဲဆႏၵနယ္မွ ဦးဘိုႀကီးတို႔က ဆက္လက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

 

 

Source: The Mirror

Read 731 times Last modified on Tuesday, 18 February 2020 10:18
Rate this item
(0 votes)
Tagged under