သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည် google

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများ ဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး ၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းနှင့်မလွတ်ကင်းသည့် 66kV သာကေတ-သီတာ (၁၊ ၂) ဓာတ်အားလိုင်းအား Diversion ပြုလုပ်၍ မြှင့်တင်ဖြတ်ကျော်ကြိုးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် 66kV သာကေတ-သီတာ (၁၊ ၂) ဓာတ်အားလိုင်းကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၆ နာရီ မှ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီအထိ (၃၆) နာရီကြာ တစ်ဆက်တည်း ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

Gas ပိုက်တပ်ဆင်ရေး လုပ်ငန်းပေါင်း ၉ ခုကို ရှာရန်နှိပ်ပါ

 

 

ထိုသို့လုပ်ငန်း ဆောင်ရွက်စဉ်ကာလအတွင်း ဓာတ်အားပြတ်တောက်မည့် သီတာဓာတ်အားခွဲရုံနှင့် ယုဇနဓာတ်အားခွဲရုံတို့အား အလုံဓာတ်အားခွဲရုံနှင့် သာကေတဓာတ်အားခွဲရုံများမှ လှည့်၍ ဓာတ်အားပေးထားမည်ဖြစ်သည်။ သို့ရာတွင် လျှပ်စစ်ဓာတ်အား သုံးစွဲဝန်အားများသည့်အချိန်များ၌ ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်တို့တွင် အချိန်ပိုင်းယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ပါကြောင်း YESC မှ ထုတ်ပြန်ထားသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 

Read 1911 times
Rate this item
(0 votes)
Tagged under