ငွေကျပ် သန်း ၂၀၀၀ ကျော်ကို ခွဲဝေကာ ချင်းပြည်နယ်ရှိ အခြေခံကျောင်း ၁၀ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည်

ငွေကျပ် သန်း ၂၀၀၀ ကျော်ကို ခွဲဝေကာ ချင်းပြည်နယ်ရှိ အခြေခံကျောင်း ၁၀ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည် google

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၄၃၇ ဒသမ ၃၈ သန်းဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ထန်တလန်မြို့နယ်အတွင်း ဖျက်သိမ်းမည့် အန္တရာယ်ရှိသောကျောင်းများအပါအဝင် အသစ်ဆောက်လုပ်မည့် အခြေခံပညာကျောင်း ၁၀ ကျောင်းကို ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်။

 


ထန်တလန်မြို့နယ် မှောင်တလန် ကျေးရွာရှိ အန္တရာယ်ရှိသောကျောင်း ၂ ကျောင်းကို ဖျက်သိမ်း၍ သွပ်မိုးကာ ပေ ၁၄၀×၃၀ အုတ်ညှပ် ၂ ထပ်ကျောင်းဆောင် ၁ ဆောင်နှင့် ပေ ၉၀ × ၃၀ သွပ်မိုး၊ အုတ်ညှပ် ၁ ထပ်ကျောင်းဆောင် ၁ ဆောင်တို့ကို ဆောက်လုပ်ပြုပြင်သွားမည် ဖြစ်သည်။

 

 

ရုံးသုံးစက်ကိရိယာ လုပ်ငန်းပေါင်း ၄၈ ခုကို ရှာရန်နှိပ်ပါ

 

 

ကျောင်းသားဦးရေအရ အသစ်တိုးချဲ့ တည်ဆောက်ရန် ၂ ကျောင်း၊ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် ၅ ကျောင်း၊ လွှတ်တော်ကတိဝတ်အရ အသစ်ဆောက်လုပ်ရန် ၁ ကျောင်း စုစုပေါင်း အခြေခံကျောင်းပေါင်း ၁၀ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 


 

 


 

 


 

 


 

 


 

Read 422 times
Rate this item
(0 votes)
Tagged under