ကုန်ထုတ်လုပ်မှုမြန်ဆန်စေရန် လယ်ယာကုန်ထုတ်လမ်း (၅)လမ်းဖောက်လုပ်မည်

ကုန်ထုတ်လုပ်မှုမြန်ဆန်စေရန် လယ်ယာကုန်ထုတ်လမ်း (၅)လမ်းဖောက်လုပ်မည် google

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများ စိုက်ပျိုးသောသီးနှံများကို လွယ်ကူစွာသယ်ယူနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ ၅ ရွာ၌ လယ်ယာကုန်ထုတ်လမ်း ၅ လမ်း ဖောက်လုပ်ပေးမည်ဖြစ်သည်။

 

ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ ၅ ရွာ၌ ဖောက်လုပ်မည့် လမ်းပိုင်းအတွက် တံတားတည်ဆောက်ခြင်း၊လမ်းအဆင့်မြှင့်တင်ခြင်းနှင့် သဲဖို့ခြင်းလုပ်ငန်းများအားလုံးအတွက် ကျပ် ၅ဝ၂ဒဿမ ၂၉၄၆ အကုန်အကျခံတည်ဆောက်မည်ဖြစ်သည်။

 

 

ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အို့ခူရီ၊ ဒေါငံခါး၊ ဘိုးလျား၊ ယူဆမိုဆိုနှင့် ဒေါတမကြီးကျေးရွာတို့တွင် လယ်ယာကုန်ထုတ်လမ်းများ ဆောင်ရွက်ပေးလျက်ရာ အို့ခူရီကျေးရွာတွင် ၆ ဒသမ ၀၆ ဖာလုံရှည်သောလမ်းကို မြေသား ၁ ပေဖို့ခြင်း၊ သဲကျောက် ၉ လက်မခင်းခြင်းနှင့် Pipe Culvert တံတား ၆ စင်း လုပ်ငန်းများကို ရန်ပုံငွေကျပ် ၃၁ ဒသမ ၉၀၁ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

 

ဒါငံခါးကျေးရွာတွင် ၅ ဒသမ ၂၂ ဖာလုံရှည်သာလမ်းကို မြေသား ၂ ပေဖို့ခြင်း၊ သဲကျောက် ၉ လက်မခင်းခြင်းနှင့် ကွန်ကရစ်တံတား တစ်စင်း လုပ်ငန်းများကို ရန်ပုံငွေကျပ် ၇၂ ဒသမ ၄၂၄ သန်းဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်။

 

 

ဘိုးလျားကျေးရွာတွင် မိုင် ၃ ဒသမ ၅ ဖာလုံရှည်သောလမ်းကို မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်း၊ ကွန်ကရစ်တံတား တစ်စင်း၊ ရေကျော် တစ်စင်းနှင့် Pipe Culvert တံတား ၃ စင်း လုပ်ငန်းများကို ရန်ပုံငွေကျပ် ၁၅၇ ဒသမ ၃၂၃၆ သန်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

 

 

ယူဆမိုဆိုကျေးရွာတွင် ၁ မိုင် ၄ ဒသမ ၂ ဖာလုံရှည်သောလမ်းကို ရန်ပုံငွေကျပ် ၁၁၁ ဒသမ ၂ သန်းဖြင့် မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်းနှင့် ကွန်ကရစ်တံတား တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ဒေါတမကြီးကျေးရွာ လယ်ယာကုန်ထုတ်လမ်းသည် အရှည် ၆ မိုင် ၀ ဒသမ ၆၃ ဖာလုံရှိ၍ အဆိုပါလမ်းအား အပိုင်း ၂ ပိုင်းခွဲကာ ဆောက်လုပ်သွားမည်ဖြစ်သည်။

 

 

ပစ္စည်းရွေ့ပြောင်း သယ်ယူခြင်း လုပ်ငန်းပေါင်း ၅၁ ခုကို ရှာရန်နှိပ်ပါ

 

 

အပိုင်း (၁) တွင် လမ်းအရှည် ၃ မိုင် ၂ ဒသမ ၆၁ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်း၊ လမ်းပေါ်ရှိ ကျောက်များအား မိုင်းခွဲခြင်း၊ Box Culvert တံတား ၄ စင်းနှင့် Pipe Culvert တံတား ၃ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ပုံငွေ ၃၉ ဒသမ ၄၆၆ သန်းကုန်ကျမည်ဖြစ်သည်။

 

 

အပိုင်း(၂) တွင် လမ်းအရှည် ၂ မိုင် ၆ ဒသမ ၀၂ ဖာလုံအား မြေသား ၂ ပေ ဖို့ခြင်း၊ သဲကျောက် ၉ လက်မ ခင်းခြင်း၊ ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert တံတား ၄ စင်းနှင့် Pipe Culvert တံတား ၁ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ပုံငွေကျပ် ၈၉ ဒသမ ၉၈ သန်း အကုန်ကျခံ တည်ဆောက်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

 

Myanmar Builders Guide

 

 

 

---Zawgyi---

 

 

ကုန္ထုတ္လုပ္မႈျမန္ဆန္ေစရန္ လယ္ယာကုန္ထုတ္လမ္း (၅)လမ္းေဖာက္လုပ္မည္

 

 

ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ ေတာင္သူမ်ား စိုက္ပ်ိဳးေသာသီးႏွံမ်ားကို လြယ္ကူစြာသယ္ယူႏိုင္ရန္အတြက္ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ျပည္ေထာင္စု၊ ျပည္နယ္ရန္ပုံေငြျဖင့္ ေက်း႐ြာ ၅ ႐ြာ၌ လယ္ယာကုန္ထုတ္လမ္း ၅ လမ္း ေဖာက္လုပ္ေပးမည္ျဖစ္သည္။

 

 

ျပည္နယ္ရန္ပုံေငြျဖင့္ ေက်းရြာ ၅ ရြာ၌ ေဖာက္လုပ္မည့္ လမ္းပုိင္းအတြက္ တံတားတည္ေဆာက္ျခင္း၊လမ္းအဆင့္ျမွင့္တင္ျခင္းႏွင့္ သဲဖုိ႕ျခင္းလုပ္ငန္းမ်ားအားလုံးအတြက္ က်ပ္ ၅ဝ၂ဒႆမ ၂၉၄၆ အကုန္အက်ခံတည္ေဆာက္မည္ျဖစ္သည္။

 

 

ဒီးေမာ့ဆိုၿမိဳ႕နယ္အတြင္းရွိ အို႔ခူရီ၊ ေဒါငံခါး၊ ဘိုးလ်ား၊ ယူဆမိုဆိုႏွင့္ ေဒါတမႀကီးေက်း႐ြာတို႔တြင္ လယ္ယာကုန္ထုတ္လမ္းမ်ား ေဆာင္႐ြက္ေပးလ်က္ရာ အို႔ခူရီေက်း႐ြာတြင္ ၆ ဒသမ ၀၆ ဖာလုံရွည္ေသာလမ္းကို ေျမသား ၁ ေပဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မခင္းျခင္းႏွင့္ Pipe Culvert တံတား ၆ စင္း လုပ္ငန္းမ်ားကို ရန္ပုံေငြက်ပ္ ၃၁ ဒသမ ၉၀၁ သန္းျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္သည္။

 

 

ဒါငံခါးေက်း႐ြာတြင္ ၅ ဒသမ ၂၂ ဖာလုံရွည္သာလမ္းကို ေျမသား ၂ ေပဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မခင္းျခင္းႏွင့္ ကြန္ကရစ္တံတား တစ္စင္း လုပ္ငန္းမ်ားကို ရန္ပုံေငြက်ပ္ ၇၂ ဒသမ ၄၂၄ သန္းျဖင့္ ေဆာက္လုပ္သြားမည္ျဖစ္သည္။

 

 

ဘိုးလ်ားေက်း႐ြာတြင္ မိုင္ ၃ ဒသမ ၅ ဖာလံုရွည္ေသာလမ္းကို ေျမသား ၂ ေပ ဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မ ခင္းျခင္း၊ ကြန္ကရစ္တံတား တစ္စင္း၊ ေရေက်ာ္ တစ္စင္းႏွင့္ Pipe Culvert တံတား ၃ စင္း လုပ္ငန္းမ်ားကို ရန္ပုံေငြက်ပ္ ၁၅၇ ဒသမ ၃၂၃၆ သန္းျဖင့္ ေဆာင္ရြက္မည္ျဖစ္သည္။

 

 

ယူဆမိုဆိုေက်း႐ြာတြင္ ၁ မိုင္ ၄ ဒသမ ၂ ဖာလုံရွည္ေသာလမ္းကို ရန္ပုံေငြက်ပ္ ၁၁၁ ဒသမ ၂ သန္းျဖင့္ ေျမသား ၂ ေပ ဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မ ခင္းျခင္းႏွင့္ ကြန္ကရစ္တံတား တစ္စင္း တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ေဒါတမႀကီးေက်း႐ြာ လယ္ယာကုန္ထုတ္လမ္းသည္ အရွည္ ၆ မိုင္ ၀ ဒသမ ၆၃ ဖာလုံရွိ၍ အဆိုပါလမ္းအား အပိုင္း ၂ ပိုင္းခြဲကာ ေဆာက္လုပ္သြားမည္ျဖစ္သည္။

 

 

အပိုင္း (၁) တြင္ လမ္းအရွည္ ၃ မိုင္ ၂ ဒသမ ၆၁ ဖာလုံအား ေျမသား ၂ ေပ ဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မ ခင္းျခင္း၊ လမ္းေပၚရွိ ေက်ာက္မ်ားအား မိုင္းခြဲျခင္း၊ Box Culvert တံတား ၄ စင္းႏွင့္ Pipe Culvert တံတား ၃ စင္း တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ရန္ပံုေငြ ၃၉ ဒသမ ၄၆၆ သန္းကုန္က်မည္ျဖစ္သည္။

 

 

အပိုင္း(၂) တြင္ လမ္းအရွည္ ၂ မိုင္ ၆ ဒသမ ၀၂ ဖာလုံအား ေျမသား ၂ ေပ ဖို႔ျခင္း၊ သဲေက်ာက္ ၉ လက္မ ခင္းျခင္း၊ ကြန္ကရစ္တံတား တစ္စင္း၊ Box Culvert တံတား ၄ စင္းႏွင့္ Pipe Culvert တံတား ၁ စင္း တည္ေဆာက္ျခင္းလုပ္ငန္းမ်ားကို ရန္ပံုေငြက်ပ္ ၈၉ ဒသမ ၉၈ သန္း အကုန္က်ခံ တည္ေဆာက္သြားမည္ ျဖစ္ေၾကာင္း ၿမိဳ႕နယ္ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ သိရသည္။

 


ပစၥည္းေရြ႕ေျပာင္း သယ္ယူျခင္း လုပ္ငန္းေပါင္း ၅၁ ခုကို ရွာရန္ႏွိပ္ပါ

Read 2365 times
Rate this item
(0 votes)
Tagged under