စွန့်ပစ်အမှိုက်များမှ သဘာဝဓာတ်ငွေ့ CNG ထုတ်လုပ်မည့်စက်ရုံကို ပိုလန်နိုင်ငံ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

စွန့်ပစ်အမှိုက်များမှ သဘာဝဓာတ်ငွေ့ CNG ထုတ်လုပ်မည့်စက်ရုံကို ပိုလန်နိုင်ငံ ချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် google

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံရှိ စွန့်ပစ်အမှိုက်များမှ သဘာဝဓာတ်ငွေ့ CNG ထုတ်လုပ်မည့်စက်ရုံကို ဇူလိုင်လတွင် ပိုလန်နိုင်ငံ ချေးငွေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်ရက်လျှင် အမှိုက်တန်ချိန် ၂၅၀၀ ခန့်ထွက်ရှိနေသည့်အနက် အမှိုက်တန်ချိန် ၁၀၀၀ မှစ၍ CNG စတင်ထုတ်လုပ်နိုင်မည် ဖြစ်သည်။

 

 

ထိုစက်ရုံကို ပိုလန်နည်းပညာကို အသုံးပြုကာ စက်ရုံတည်ဆောက်ရေးလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်မည်ဖြစ်၍ CNG အပါအဝင် စွမ်းအားပြည့်လောင်စာ၊ Liquid Co2၊ ဓာတ်မြေသြဇာ စသည်တို့ကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။

 

 

အဆိုပါ စက်ရုံစီမံကိန်းအတွက် ချေးငွေရရှိရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆွေးနွေးရာတွင် ဇန်နဝါရီလ ၃၁ ရက်က အတည်ပြုပေးခဲ့ပြီး ပိုလန်နိုင်ငံမှ ချေးငွေ ယူရိုသန်း ၅၀ ဖြင့် ဆောင်ရွက်မည်ဖြစ်၍ ပြန်ဆပ်ရမည့် ဆိုင်းငံ့ကာလ ၅ နှစ်၊ ချေးငွေဆပ်ရမယ့်ကာလ ၆၂ နှစ် စုစုပေါင်း ၆၇ နှစ်ဖြင့် အတိုးနှုန်းက (သုည ဒသမ ၁) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

 

 

အစိုးရမှ လုပ်ပိုင်ခွင့်ပြုထားသော မြေကွက်များတွင် လုပ်ကိုင်ဆောက်ရွက်ခြင်းမရှိသော မြေဧက ၁၄သိန်းကျော်ကို ပြန်လည်သိမ်းယူမည်

 

 

အဆိုပါစက်ရုံ တည်ဆောက်ပြီးစီးပါက ရန်ကုန်တိုင်းအတွင်း CNG အသုံးပြုနေသော ယာဉ်များအတွက် တစ်ရက်လျှင် ဓာတ်ငွေ့တန်ချိန် ၃၀ ကို Dispenser Unit ဖြင့် အသုံးပြုယာဉ်အားလုံးသို့ တိုက်ရိုက်ရောင်းချမည့်အပြင် အုတ်စက်ရုံ၊ အစားအသောက်ထုတ်လုပ်သည့် စက်ရုံများသို့လည်း တိုက်ရိုက်ရောင်းချရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားကြောင်း သိရပါတယ်။

 

 

ေရတြင္းတူးေဖာ္ျခင္း လုပ္ငန္းေပါင္း ၇၅ ခုကို ရွာရန္ႏွိပ္ပါ

 

 

ရန်ကုန်မြို့ရှိ CNG သဘာဝဓာတ်ငွေ့ အသုံးပြုသွားလာနေသည့် သယ်ယူပို့ဆောင်ရေးယာဉ်အတွက် ထိုစက်ရုံမှ ထုတ်လုပ်ရောင်းချပေးမည်ဖြစ်သည့်အတွက် စီမံကိန်းကနေ ရရှိလာမယ့်ဝင်ငွေမှာ တစ်နှစ်လျှင် စုစုပေါင်း ယူရို ၉ သိန်းကျော် ရရှိမည်ဟု ခန့်မှန်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် ပြောကြားချက်အရ သိရသည်။

 

 

Myanmar Builders Guide

 

---Zawgyi---

 

 

စြန္႔ပစ္အမိႈက္မ်ားမွ သဘာဝဓာတ္ေငြ႔ CNG ထုတ္လုပ္မည့္စက္႐ံုကို ပုိလန္ႏုိင္ငံ ေခ်းေငြျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္

 

 

ရန္ကုန္တုိင္းေဒသႀကီး၊ လႈိင္သာယာၿမိဳ႕နယ္ ထိန္ပင္အမိႈက္ပံုရွိ စြန္႔ပစ္အမႈိက္မ်ားမွ သဘာဝဓာတ္ေငြ႔ CNG ထုတ္လုပ္မည့္စက္႐ံုကို ဇူလုိင္လတြင္ ပုိလန္ႏုိင္ငံ ေခ်းေငြျဖင့္ စတင္အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

 

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္း တစ္ရက္လွ်င္ အမႈိက္တန္ခ်ိန္ ၂၅၀၀ ခန္႔ထြက္ရွိေနသည့္အနက္ အမႈိက္တန္ခ်ိန္ ၁၀၀၀ မွစ၍ CNG စတင္ထုတ္လုပ္ႏိုင္မည္ ျဖစ္သည္။

 

 

ထိုစက္ရံုကို ပိုလန္နည္းပညာကို အသံုးျပဳကာ စက္ရံုတည္ေဆာက္ေရးလုပ္ငန္းမ်ားကို အျမန္ဆံုးေဆာင္ရြက္မည္ျဖစ္၍ CNG အပါအဝင္ စြမ္းအားျပည့္ေလာင္စာ၊ Liquid Co2၊ ဓာတ္ေျမၾသဇာ စသည္တို႔ကို ထုတ္လုပ္ေပးႏုိင္မည္ျဖစ္သည္။

 

 

အဆိုပါ စက္ရံုစီမံကိန္းအတြက္ ေခ်းေငြရရွိရန္ ျပည္ေထာင္စုလႊတ္ေတာ္သို႔ တင္ျပေဆြးေႏြးရာတြင္ ဇန္နဝါရီလ ၃၁ ရက္က အတည္ျပဳေပးခဲ့ၿပီး ပုိလန္ႏုိင္ငံမွ ေခ်းေငြ ယူ႐ိုသန္း ၅၀ ျဖင့္ ေဆာင္ရြက္မည္ျဖစ္၍ ျပန္ဆပ္ရမည့္ ဆုိင္းငံ့ကာလ ၅ ႏွစ္၊ ေခ်းေငြဆပ္ရမယ့္ကာလ ၆၂ ႏွစ္ စုစုေပါင္း ၆၇ ႏွစ္ျဖင့္ အတုိးႏႈန္းက (သုည ဒသမ ၁) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။

 

 

အဆုိပါစက္႐ံု တည္ေဆာက္ၿပီးစီးပါက ရန္ကုန္တိုင္းအတြင္း CNG အသံုးျပဳေနေသာ ယာဥ္မ်ားအတြက္ တစ္ရက္လွ်င္ ဓာတ္ေငြ႔တန္ခ်ိန္ ၃၀ ကုိ Dispenser Unit ျဖင့္ အသံုးျပဳယာဥ္အားလံုးသို႔ တိုက္႐ိုက္ေရာင္းခ်မည့္အျပင္ အုတ္စက္႐ံု၊ အစားအေသာက္ထုတ္လုပ္သည့္ စက္႐ံုမ်ားသို႔လည္း တုိက္႐ိုက္ေရာင္းခ်ရန္ လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနႏွင့္ ညွိႏႈိင္းထားေၾကာင္း သိရပါတယ္။

 

 

ရန္ကုန္ၿမိဳ႕ရွိ CNG သဘာဝဓာတ္ေငြ႕ အသံုးျပဳသြားလာေနသည့္ သယ္ယူပို႔ေဆာင္ေရးယာဥ္အတြက္ ထိုစက္႐ံုမွ ထုတ္လုပ္ေရာင္းခ်ေပးမည္ျဖစ္သည့္အတြက္ စီမံကိန္းကေန ရရွိလာမယ့္ဝင္ေငြမွာ တစ္ႏွစ္လွ်င္ စုစုေပါင္း ယူ႐ို ၉ သိန္းေက်ာ္ ရရွိမည္ဟု ခန္႔မွန္းထားေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ပတ္ဝန္းက်င္ထိန္းသိမ္းေရးႏွင့္ သန္႔ရွင္းေရးဌာန ဒုတိယဌာနမွဴး ေဒါက္တာေအာင္ျမင့္ေမာ္ ေျပာၾကားခ်က္အရ သိရသည္။

 

Read 330 times Last modified on Thursday, 20 February 2020 11:31
Rate this item
(0 votes)
Tagged under

Related items