အစိုးရမှ လုပ်ပိုင်ခွင့်ပြုထားသော မြေကွက်များတွင် လုပ်ကိုင်ဆောက်ရွက်ခြင်းမရှိသော မြေဧက ၁၄သိန်းကျော်ကို ပြန်လည်သိမ်းယူမည်

အစိုးရမှ လုပ်ပိုင်ခွင့်ပြုထားသော မြေကွက်များတွင် လုပ်ကိုင်ဆောက်ရွက်ခြင်းမရှိသော မြေဧက ၁၄သိန်းကျော်ကို ပြန်လည်သိမ်းယူမည် google

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၂၃၄၂၆၀၀ ဧကကို လုပ်ပိုင်ခွင့်အဖြစ် ၇၁၂၂ ဦးအား လုပ်ပိုင်ခွင့်ပြုခဲ့သော်လည်း မြေ ၈၄၆၅၁၄ ဧကသာ ဆောင်ရွက်မှုပြီးစီးသဖြင့် ကျန်ရှိသောမြေ ၁၄၃၆၆၀၃ ဧကကို နိုင်ငံတော်က ပြန်လည်သိမ်းယူမည်ဖြစ်သည်။

 

ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီက ဖြန့်ဝေထားသည့် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာဒုတိယတွဲ၊ အမှတ်စဉ် (၁/ ၂၀၂၀) အစီရင်ခံစာတွင် ယင်းမြေဧက ၁၄သိန်းကျော်ကို ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်းဖော်ပြထားသည်။

 

 

မြေခွန်ကောက်ခံရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ တစ်နှစ်လုံး တစ်ပြေးညီ မြေခွန်ကောက်ခံရေး ဆောင်ရွက်ရန် အကြောင်းကြားခဲ့သော်လည်း သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနများက ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်ကာ တစ်နှစ်အတွက်သာ စည်းကြပ်ကောက်ခံထားဖြစ်ကြောင်း သိရသည်။

 

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ ရေးဥပဒေနှင့် နည်းဥပဒေအရ မြေခွန်ကို လုပ်ငန်းအမျိုးအစား၊ သီးနှံအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ကာလကုန်ဆုံးသည့် နေ့မှစ၍ တစ်နှစ်လျှင်တစ်ကြိမ် သတ်မှတ်နှုန်းထားအတိုင်း စည်းကြပ်ကောက်ခံရမည် ဖြစ်သော်လည်း ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ညွှန်ကြားချက်အရ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ကောက်ခံခဲ့သဖြင့် နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာငွေ လျော့နည်းမှုဖြစ်ပေါ်ခဲ့ကြောင်း အစီအရင်ခံစာတွင် ဖော်ပြထားသည်။

 

 

ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းမှုများကို တွေ့ရှိခဲ့ရပြီး မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့မှစ၍ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း ပြုရန် နှင့် မြေခွန်ပေးသွင်းခြင်းကို ကြီးကြပ်စစ်ဆေးရမည်ဟု ဖော်ပြထားသော်လည်း ကောက်ခံပေးသွင်းမှုမရှိခြင်းနှင့် ဘဏ္ဍာနှစ်အတွင်း အချိန်မီပေးသွင်းစေရန် ကြီးကြပ်မှုမရှိခြင်းတို့ကိုတွေ့ရှိခဲ့ရသည်။

 

 

၂၀၁၂ ခုနှစ်တွင် စီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေတို့ ပြဋ္ဌာန်းခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှသာ ညွှန်ကြားချက်ထုတ်ပြန်သဖြင့် ဥပဒေထုတ်ပြန်ပြီး ခြောက်နှစ်ခန့်ကြာမှ ဆောင်ရွက်နိုင်ခြင်း၊

 

 

နည်းဥပဒေ ပုဒ်မ အပိုင် ၄၄ အရ မြို့နယ်ဦးစီးမှူးသည် မြေခွန်ကိုပေးသွင်းခြင်းမပြုဘဲ ရှောင်တိမ်းနေကြောင်း သို့မဟုတ် ပျက်ကွက်နေကြောင်း တွေ့ရှိလျှင် ယင်းမြေခွန်ပေးသွင်းရန် ပျက်ကွက်နေသူ၊ ရှောင်တိမ်းနေသူထံမှ တည်ဆဲ ဥပဒေနှင့်အညီ အရကောက်ခံရမည့်အပြင် ဥပဒေကြောင်းအရလည်း ထိရောက်စွာအ ရေးယူဆောင်ရွက်ရမည်ဟု ဖော်ပြထား သော်လည်း ပေးသွင်းရန် ကျန်ရှိမှုများအား အရေးယူဆောင်ရွက်ထားမှု မရှိခြင်း စသည့် အားနည်းမှုများ တွေ့ရှိခဲ့ရသည်။

 

 

 

 

နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေလျော့နည်းမှု မရှိစေရန် သတ်မှတ်ထားသော မြေခွန်နှုန်းများကို တစ်နှစ် ၁ကြိမ် စည်းကြပ်ကောက်ခံရန်နှင့် မြေခွန်များအပြည့်အဝ ရရှိစေရန်အတွက် နည်းဥပဒေအပိုဒ် ၄၀ နှင့်အညီ လိုက်နာဆောင်ရွက်ရန် ဘဏ္ဍာရေးစီ မံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း အပိုဒ် ၈၉ ပါ ပြ ဌာန်းချက်ဖြစ်သည့် အခွန်အကောက်ဥပဒေပါ အခွန်ငွေအပြည့်အဝရရှိစေရေး အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ပြည်ထောင်စုစာရင်းစစ်ချုပ်က အကြံပြုထားသည်။

 

 

နံရံနှင့်ကြွေပြားခင်းများ လုပ်ငန်းပေါင်း ၁၉၉ ခုကို ရှာရန်နှိပ်ပါ

 

 

စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် မြေလွတ်၊ မြေရိုင်း၊ မြေလပ်များတွင် အသုံးပြုခွင့်ရရှိသူများက လုပ်ပိုင်ခွင့်ရရှိသောမြေများအတွက် မြေခွန်ကောက်ခံရာတွင် ၂၀၁၂ ခုနှစ် ဥပဒေ မထုတ်မီက လုပ်ပိုင်ခွင့်ရရှိပြီး ကင်းလွတ်ခွင့်ပြုသည့် ကာလကုန်ဆုံးနေသူများထံမှ မြေခွန်ကောက်ခံမှုနှင့် စပ်လျဉ်း၍ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားစာ တိကျစွာထုတ်ပြန်ရန် လိုအပ်မည်ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

အစိုးရမွ လုပ္ပိုင္ခြင့္ျပဳထားေသာ ေျမကြက္မ်ားတြင္ လုပ္ကိုင္ေဆာက္ရြက္ျခင္းမရွိေသာ ေျမဧက ၁၄သိန္းေက်ာ္ကို ျပန္လည္သိမ္းယူမည္

 

 

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား ၂၃၄၂၆၀၀ ဧကကို လုပ္ပုိင္ခြင့္အျဖစ္ ၇၁၂၂ ဦးအား လုပ္ပုိင္ခြင့္ျပဳခဲ့ေသာ္လည္း ေျမ ၈၄၆၅၁၄ ဧကသာ ေဆာင္ရြက္မႈၿပီးစီးသျဖင့္ က်န္ရွိေသာေျမ ၁၄၃၆၆၀၃ ဧကကို ႏိုင္ငံေတာ္က ျပန္လည္သိမ္းယူမည္ျဖစ္သည္။

 


ျပည္ေထာင္စုလႊတ္ေတာ္ ျပည္သူ႔ေငြ စာရင္းပူးေပါင္းေကာ္မတီက ျဖန႔္ေဝထားသည့္ ေလ့လာေတြ႕ရွိခ်က္ႏွင့္ သေဘာထားမွတ္ခ်က္အစီရင္ခံစာဒုတိယတြဲ၊ အမွတ္စဥ္ (၁/ ၂၀၂၀) အစီရင္ခံစာတြင္ ယင္းေျမဧက ၁၄သိန္းေက်ာ္ကုိ ျပန္လည္ သိမ္းယူမည္ျဖစ္ေၾကာင္းေဖာ္ျပထားသည္။

 

 

ေျမခြန္ေကာက္ခံရာတြင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္မွ တစ္ႏွစ္လံုး တစ္ေျပးညီ ေျမခြန္ေကာက္ခံေရး ေဆာင္ရြက္ရန္ အေၾကာင္းၾကားခဲ့ေသာ္လည္း သက္ဆိုင္ရာၿမိဳ႕နယ္ဦးစီးဌာနမ်ားက ၂၀၁၇ -၂၀၁၈ ဘ႑ာေရးႏွစ္မွစတင္ကာ တစ္ႏွစ္အတြက္သာ စည္းၾကပ္ေကာက္ခံထားျဖစ္ေၾကာင္း သိရသည္။

 

 

ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ား စီမံခန႔္ခြဲ ေရးဥပေဒႏွင့္ နည္းဥပေဒအရ ေျမခြန္ကို လုပ္ငန္းအမ်ိဳးအစား၊ သီးႏွံအမ်ိဳးအစားအလိုက္ ေျမခြန္ကင္းလြတ္ကာလကုန္ဆုံးသည့္ ေန႔မွစ၍ တစ္ႏွစ္လွ်င္တစ္ႀကိမ္ သတ္မွတ္ႏႈန္းထားအတိုင္း စည္းၾကပ္ေကာက္ခံရမည္ ျဖစ္ေသာ္လည္း ဆည္ေျမာင္း ဝန္ႀကီးဌာန၊ လယ္ယာေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၏ ၫႊန္ၾကားခ်က္အရ ၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္မွ စတင္ေကာက္ခံခဲ့သျဖင့္ ႏိုင္ငံေတာ္အေနျဖင့္ အခြန္ဘ႑ာေငြ ေလ်ာ့နည္းမႈျဖစ္ေပၚခဲ့ေၾကာင္း အစီအရင္ခံစာတြင္ ေဖာ္ျပထားသည္။

 

 

ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား၏ ႀကီးႀကပ္ကြပ္ကဲမႈ အားနည္းမႈမ်ားကို ေတြ႔ရွိခဲ့ရၿပီး ေျမခြန္ကင္းလြတ္ခြင့္ကာလ ကုန္ဆုံးသည့္ေန႔မွစ၍ စည္းၾကပ္ျခင္းႏွင့္ ေကာက္ခံျခင္း ျပဳရန္ ႏွင့္ ေျမခြန္ေပးသြင္းျခင္းကို ႀကီးၾကပ္စစ္ေဆးရမည္ဟု ေဖာ္ျပထားေသာ္လည္း ေကာက္ခံေပးသြင္းမႈမရွိျခင္းႏွင့္ ဘ႑ာႏွစ္အတြင္း အခ်ိန္မီေပးသြင္းေစရန္ ႀကီးၾကပ္မႈမရွိျခင္းတုိ႕ကုိေတြ႕ရွိခဲ့ရသည္။

 

 

၂၀၁၂ ခုႏွစ္တြင္ စီမံခန႔္ခြဲေရးဥပေဒႏွင့္ နည္းဥပေဒတို႔ ျပ႒ာန္းခဲ့ေသာ္လည္း ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္မွသာ ၫႊန္ၾကားခ်က္ထုတ္ျပန္သျဖင့္ ဥပေဒထုတ္ျပန္ၿပီး ေျခာက္ႏွစ္ခန႔္ၾကာမွ ေဆာင္႐ြက္ႏိုင္ျခင္း၊

 

 

နည္းဥပေဒ ပုဒ္မ အပိုင္ ၄၄ အရ ၿမိဳ႕နယ္ဦးစီးမႉးသည္ ေျမခြန္ကိုေပးသြင္းျခင္းမျပဳဘဲ ေရွာင္တိမ္းေနေၾကာင္း သို႔မဟုတ္ ပ်က္ကြက္ေနေၾကာင္း ေတြ႕ရွိလွ်င္ ယင္းေျမခြန္ေပးသြင္းရန္ ပ်က္ကြက္ေနသူ၊ ေရွာင္တိမ္းေနသူထံမွ တည္ဆဲ ဥပေဒႏွင့္အညီ အရေကာက္ခံရမည့္အျပင္ ဥပေဒေၾကာင္းအရလည္း ထိေရာက္စြာအ ေရးယူေဆာင္႐ြက္ရမည္ဟု ေဖာ္ျပထား ေသာ္လည္း ေပးသြင္းရန္ က်န္ရွိမႈမ်ားအား အေရးယူေဆာင္႐ြက္ထားမႈ မရွိျခင္း စသည့္ အားနည္းမႈမ်ား ေတြ႕ရွိခဲ့ရသည္။

 

 

ႏိုင္ငံေတာ္အတြက္ အခြန္ဘ႑ာေငြေလ်ာ့နည္းမႈ မရွိေစရန္ သတ္မွတ္ထားေသာ ေျမခြန္ႏႈန္းမ်ားကို တစ္ႏွစ္ ၁ႀကိမ္ စည္းၾကပ္ေကာက္ခံရန္ႏွင့္ ေျမခြန္မ်ားအျပည့္အဝ ရရွိေစရန္အတြက္ နည္းဥပေဒအပိုဒ္ ၄၀ ႏွင့္အညီ လိုက္နာေဆာင္ရြက္ရန္ ဘ႑ာေရးစီ မံခန႔္ခြဲမႈဆိုင္ရာစည္းမ်ဥ္း အပိုဒ္ ၈၉ ပါ ျပ ဌာန္းခ်က္ျဖစ္သည့္ အခြန္အေကာက္ဥပေဒပါ အခြန္ေငြအျပည့္အဝရရွိေစေရး အဆင့္ဆင့္ႀကီးၾကပ္ေဆာင္႐ြက္ရန္ လိုအပ္ေနသည္ဟု ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္က အႀကံျပဳထားသည္။

 

 

စိုက္ပ်ိဳးေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနအေနျဖင့္ ေျမလြတ္၊ ေျမရိုင္း၊ ေျမလပ္မ်ားတြင္ အသံုးျပဳခြင့္ရရွိသူမ်ားက လုပ္ပိုင္ခြင့္ရရွိေသာေျမမ်ားအတြက္ ေျမခြန္ေကာက္ခံရာတြင္ ၂၀၁၂ ခုႏွစ္ ဥပေဒ မထုတ္မီက လုပ္ပိုင္ခြင့္ရရွိၿပီး ကင္းလြတ္ခြင့္ျပဳသည့္ ကာလကုန္ဆုံးေနသူမ်ားထံမွ ေျမခြန္ေကာက္ခံမႈႏွင့္ စပ္လ်ဥ္း၍ နည္းဥပေဒ၊ အမိန႔္ေၾကာ္ျငာစာ၊ ၫႊန္ၾကားစာ တိက်စြာထုတ္ျပန္ရန္ လိုအပ္မည္ျဖစ္သည္။

 

Read 840 times
Rate this item
(0 votes)
Tagged under