၂၇ ဘီလီယံ ကုန်ကျခံတည်ဆောက်ထားသည့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်တော့မည်

၂၇ ဘီလီယံ ကုန်ကျခံတည်ဆောက်ထားသည့် ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) ရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ မကြာမီဖွင့်လှစ်တော့မည် google

ချင်းပြည်နယ်(မြောက်ပိုင်း) မင်းတပ် ခရိုင် မတူပီ - ပလက်ဝလမ်းပေါ်ရှိ ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် တည်ဆောက်မှု ပြီးစီးတော့မည်ဖြစ်၍ ပြည်သူများ အသုံးပြုသွားလာနိုင်ရန် မကြာမီဖွင့်လှစ်တော့မည် ဖြစ်သည်။

 

တံတားတည်ဆောက်မှု ပြီးစီးပါက ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် စစ်တွေမြို့သို့လည်းကောင်း၊ ချင်းပြည်နယ် မတူပီမြို့၊ မင်းတပ်မြို့နှင့် ဟားခါးမြို့သို့လည်းကောင်း သွားလာနိုင်မည်ဖြစ်သည်။

 

 

အဆိုပါမြစ်ကူးတံတားသည် ပင်မတံတားအရှည် ၅၉၂ မီတာ (၁၉၄၂ ပေ)၊ အကျယ် ၇ ဒသမ ၅ မီတာ၊ ဘေးတစ်ဖက်စီတွင် လူသွားလမ်းအကျယ် ၁ မီတာ၊ တံတားရေလမ်းကင်းလွတ်အကျယ် ၁၁၅ ဒသမ ၄ မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၅ မီတာရှိပြီး သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစား၊ တံတားအောက်ထည် သံကူကွန်ကရစ်နှင့် တံတားအပေါ်ပိုင်း သံမဏိသံပေါင်၊ သံကူ ကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်၍ စုစုပေါင်းငွေမှာ ၂၇ ဘီယီလံ ကုန်ကျခံ တည်ဆောက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

 

>>> စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း တစ်သောင်း ကျော် သုံးစွဲမည် <<<

 

ယခုအချိန်တွင် ပင်မတံတားသံပေါင် တပ်ဆင်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ ပင်မတံတား သံပေါင်ပေါ်တွင် သံကူကွန်ကရစ် ကြမ်းခင်း ကျောက်ပြားခင်းခြင်း၊ လက်ရန်းတပ်ဆင်ခြင်းနှင့် အချောသပ်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မတ်လကုန်တွင် ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

 

အီလက်ထရောနစ် လုပ်ငန်းပေါင်း ၈၀၁ ခုကို ရှာရန်နှိပ်ပါ

 

 

အဆိုပါတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ (၁) မှ တည်ဆောက်ခဲ့တာဖြစ်ပြီး ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်ကာ ပလက်ဝမြို့ရှိ ဒေသခံများ လူမှုရေး၊ စီးပွားရေးတို့လည်း မြင့်မားလာစေရန်နှင့် သွားလာရေးလွယ်ကူစေရန် ရည်ရွယ်ပြီးဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

၂၇ ဘီလီယံ ကုန္က်ခံတည္ေဆာက္ထားသည့္ ကုလားတန္ျမစ္ကူးတံတား (ပလက္ဝ) ရာႏႈန္းျပည့္ ၿပီးစီးၿပီျဖစ္၍ မၾကာမီဖြင့္လွစ္ေတာ့မည္

 

 

ခ်င္းျပည္နယ္(ေျမာက္ပိုင္း) မင္းတပ္ ခ႐ိုင္ မတူပီ - ပလက္ဝလမ္းေပၚရွိ ကုလားတန္ျမစ္ကူးတံတား (ပလက္ဝ) တည္ေဆာက္ျခင္းလုပ္ငန္းမ်ား ရာႏႈန္းျပည့္ တည္ေဆာက္မႈ ၿပီးစီးေတာ့မည္ျဖစ္၍ ျပည္သူမ်ား အသုံးျပဳသြားလာႏိုင္ရန္ မၾကာမီဖြင့္လွစ္ေတာ့မည္ ျဖစ္သည္။

 

 

တံတားတည္ေဆာက္မႈ ၿပီးစီးပါက ရခုိင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕ႏွင့္ စစ္ေတြၿမိဳ႕သို႔လည္းေကာင္း၊ ခ်င္းျပည္နယ္ မတူပီၿမိဳ႕၊ မင္းတပ္ၿမိဳ႕ႏွင့္ ဟားခါးၿမိဳ႕သို႔လည္းေကာင္း သြားလာႏိုင္မည္ျဖစ္သည္။

 

 

အဆိုပါျမစ္ကူးတံတားသည္ ပင္မတံတားအရွည္ ၅၉၂ မီတာ (၁၉၄၂ ေပ)၊ အက်ယ္ ၇ ဒသမ ၅ မီတာ၊ ေဘးတစ္ဖက္စီတြင္ လူသြားလမ္းအက်ယ္ ၁ မီတာ၊ တံတားေရလမ္းကင္းလြတ္အက်ယ္ ၁၁၅ ဒသမ ၄ မီတာ၊ ေရလမ္းကင္းလြတ္အျမင့္ ၁၅ မီတာရွိၿပီး သံကူကြန္ကရစ္ဘိုးပိုင္အမ်ိဳးအစား၊ တံတားေအာက္ထည္ သံကူကြန္ကရစ္ႏွင့္ တံတားအေပၚပိုင္း သံမဏိသံေပါင္၊ သံကူ ကြန္ကရစ္ၾကမ္းခင္း အမ်ိဳးအစားျဖစ္၍ စုစုေပါင္းေငြမွာ ၂၇ ဘီယီလံ ကုန္က်ခံ တည္ေဆာက္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

 

 

ယခုအခ်ိန္တြင္ ပင္မတံတားသံေပါင္ တပ္ဆင္ျခင္းလုပ္ငန္းမွာ ရာႏႈန္းျပည့္ ၿပီးစီးေနၿပီျဖစ္၍ ပင္မတံတား သံေပါင္ေပၚတြင္ သံကူကြန္ကရစ္ ၾကမ္းခင္း ေက်ာက္ျပားခင္းျခင္း၊ လက္ရန္းတပ္ဆင္ျခင္းႏွင့္ အေခ်ာသပ္ျခင္း လုပ္ငန္းမ်ားေဆာင္႐ြက္လ်က္ရွိရာ မတ္လကုန္တြင္ ၿပီးစီးေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

 

 

အဆိုပါတံတားကို ေဆာက္လုပ္ေရးဝန္ႀကီးဌာန တံတားတည္ေဆာက္ေရးအဖြဲ႕ (၁) မွ တည္ေဆာက္ခဲ့တာျဖစ္ၿပီး ကုန္စည္စီးဆင္းမႈ လြယ္ကူလ်င္ျမန္ကာ ပလက္ဝၿမိဳ႕ရွိ ေဒသခံမ်ား လူမႈေရး၊ စီးပြားေရးတို႔လည္း ျမင့္မားလာေစရန္ႏွင့္ သြားလာေရးလြယ္ကူေစရန္ ရည္႐ြယ္ၿပီးေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

 

Read 1488 times Last modified on Thursday, 20 February 2020 11:33
Rate this item
(0 votes)
Tagged under

Related items