စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း တစ်သောင်း ကျော် သုံးစွဲမည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း တစ်သောင်း ကျော် သုံးစွဲမည် google

ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေပြီး ရန်ပုံငွေ အနက်မှ ငွေကျပ် ၁၀၆၅၀ ဒသမ ၄၈၁ သန်း အကုန်ကျခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး ဒေါ်သန်းသန်းထွေးက ပြောသည်။

 

ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် လမ်းခင်းခြင်းကဏ္ဍတွင် စုစုပေါင်းအရှည် ၁၁၀ ဒသမ ၇၂၈ ကီလိုမီတာရှိ လမ်းအမျိုးအစားအလိုက် ငွေကျပ် ၅၆၈၆ ဒသမ ၂၁၈ သန်း အကုန်ကျခံကာ တည်ဆောက်မည် ဖြစ်ပြီး တံတားတည်ဆောက်ခြင်းကဏ္ဍတွင် စုစုပေါင်းအရှည် ၂၄၂၉ ဒသမ ၈၃ မီတာရှိ တံတား ၉၂ စင်းကို ငွေကျပ် ၄၉၆၄ ဒသမ ၂၆၃ သန်းဖြင့်လည်းကောင်း ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးသွား မည်ဖြစ်သည်။

 

 

၂၀၁၉-၂၀၂၀ ဘဏ္ဍနှစ်အတွင်း ဖောက်လုပ်ပေးမည့် လမ်းများအဖြစ် ကွန်ကရစ်လမ်းအရှည် ၁၈ ဒသမ ၀၄၉ ကီလိုမီတာ၊ ကတ္တရာအရှည် ၁၃ ဒသမ ၆၀၂ ကီလိုမီတာ၊ ကျောက်ခင်းလမ်းအရှည် ၁၀ ဒသမ ၈၆၉ ကီလိုမီတာ၊ ဂျင်းမြေခင်းလမ်း အရှည် ၉ ဒသမ ၆၅၅ ကီလိုမီတာနှင့် မြေသားလမ်းဖောက်လုပ်ခြင်း အရှည် ၅၈ ဒသမ ၅၅၃ ကီလိုမီတာတို့ကို ခင်းပေးသွားမည်ဖြစ်သည်။

 

 

ကော်ပတ် လုပ်ငန်းပေါင်း ၆ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့အပြင် တံတားကဏ္ဍတွင် စုစုပေါင်းအရှည် ၁၈၀၇ ဒသမ ၆၅ မီတာရှိ ကွန်ကရစ်တံတား ၃၉ စင်း စုစုပေါင်း ၅၅၅ ဒသမ ၅ မီတာရှိ ရေကျော် ၉ စင်းနှင့် စုစုပေါင်း အရှည် ၆၆ ဒသမ ၆၈ မီတာရှိ Box Culvet ၄၄ စင်းတို့ကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 


 

 


 

 


 

 


 

 


 

Read 368 times Last modified on Monday, 10 February 2020 17:30
Rate this item
(0 votes)
Tagged under