ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းဖော်ဆောင်ရန် မြေငှားစာချုပ် ပို့ထားဟုဆို

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းဖော်ဆောင်ရန် မြေငှားစာချုပ် ပို့ထားဟုဆို google


 

 


 

 


 

အခွန်သက်သာခွင့်ပေးသော်လည်း အိမ်၊ မြေနှင့် တိုက်ခန်းဝယ်လိုအား တက်မလာသေးဟုဆို

 

 


 


 

ဧရာဝတီအပြည်ပြည်ဆိုင်ရာ စက်မှုဆိပ်ကမ်း ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားကျင်းပ

 

 


 

 


 

 


 

၎င်းကဆိုသည်။

 

 


 

 


 

 

ပုသိမ်တွင် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခုကို ယခုလအတွင်းတည်ဆောက်မည်

 


 

 


 

 


 

 

မန္တလေးမြို့အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် တင်ဒါခေါ်

 

 

Source-7Day Daily

 

Myanmar Builders Guide

 

ထားဝယ်အထူးစီးပွား ရေးဇုန် ကနဦးစီမံကိန်းတွင် ပါဝင် သော မြေဧက ၆,၀၀၀ ကျော် ငှားရမ်းမှု အီတာလျံ-ထိုင်း ကုမ္ပဏီသို့ မြေငှားစာချုပ်ပို့ပြီးဖြစ် ကြောင်း

 

ထားဝယ် အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်သည်။

 

 

ထိုမြေငှားစာချုပ်နှင့်အတူ ဇုန်အကောင်အထည်ဖော်ရေးနှင့် ဆက်စပ်သော စာချုပ်များလည်း ပါဝင်သည်ဟု ကော်မတီကဆို သည်။

 

 

ထားဝယ် အထူးစီးပွားရေး ဇုန်သည် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ နှစ်ပိုင်းရှိသည်။ ကနဦး စီမံကိန်းသည် မြေဧက ၆,၆၀၀ ကျော်ရှိကာ

 

အီတာလျံ - ထိုင်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရ ထားသည်။ ပင်မစီမံကိန်းသည် မြေဧက ၄၈,၀၀၀ ကျော်ရှိသည်။

 

 

ထိုင်းကုမ္ပဏီသည် စီမံကိန်း နှစ်ပိုင်းစလုံးတွင် မြေယာလျော် ကြေးပေးထားပြီး လုပ်ကိုင်ခွင့်မရသည့် ပင်မစီမံကိန်း၌ ထိုင်းကုမ္ပဏီက မြေယာလျော်ကြေ

 

 

း ပေးထားမှုများကို ပြန်လည်ပေး အပ်ရမည်ဟု အဆိုပါ ဇုန်စီမံခန့် ခွဲမှု ကော်မတီတာဝန်ရှိသူတစ် ဦးက ပြောသည်။

 

 

‘‘အရင်က လျော်ထား တာ ကနဦးစီမံကိန်းမှာရော၊ ပင်မစီမံကိန်းမှာရော လျော်ထားတာ ရှိတယ်။ မလျော်ထားတာလည်း ရှိတယ်။ အခုစာရင်းဇယားပြုစု

 

 

နေတယ်’’ဟု ၎င်းကဆိုသည်။

 

 

ထားဝယ်အထူးစီးပွားရေး ဇုန်ကို အကြီးစားစက်မှုလုပ်ငန်း များအတွက် တည်ဆောက်ရန် မျှော်မှန်းထားသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

 

 

ထားဝယ်အထူးစီးပွားရေး ဇုန်ကို ၂၀၀၈ ကစတင်ပြီး လုပ် ငန်းလုပ်ကိုင်နိုင်ခြင်း မရှိ၍ စီမံ ကိန်းရပ်ဆိုင်းခဲ့သည်။

 

 

၂၀၁၅ ဇူလိုင်တွင် စီမံကိန်းပြန်လည်စတင်ရန် မြန်မာ-ထိုင်း-ဂျပန်သုံးနိုင်ငံ အစိုးရချင်း ဆွေးနွေးပြီး ဂျပန်အစိုးရက စီးပွားရေးဇုန်အပါအဝင် ထားဝယ်ဒေသဖွံ့ဖြိုးရေ

 

 

း ဒေါ်လာသန်း ၈၀၀ ကျော် ထုတ်ချေးရန် သဘောတူခဲ့သည်။

 

 

လက်ရှိတွင် ဇုန်စီမံကိန်း စတင်နိုင်ရန် ထိုင်းနယ်စပ်မှ အထူးစီးပွားရေးဇုန်သို့ သွားသည့် နှစ်လမ်းသွားလမ်းမကို အီတာ လျံ- ထိုင်း ကုမ္ပဏီအား ဖော်ဆောင်ခွင့်ပေးထားသည်။

Read 719 times
Rate this item
(0 votes)