ရွှေစက်တော်ဘုရားအနီး ဟိုတယ်ဇုန်တည်ထောင်ရန် တင်ပြထားဟုဆို
ရွှေစက်တော်ဘုရားအနီး ဟိုတယ်ဇုန်တည်ထောင်ရန် တင်ပြထားဟုဆို google
ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
ဦးမြင့်စိန်က ပြောသည်။
မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ဖွင့်လှစ်ခဲ့ပြီး ကုန်တင်ယာဉ်များ စတင်သွားလာခွင့်ပြု
သည်။ အဆိုပါဒေသသည် ပြင်ဦး လွင်ကဲ့သို့ ရာသီဥတုဖြစ်ပြီး ချင်း ရွာများဝန်းကျင်၌ ရှားပါးတိရစ္ဆာန် များကိုလည်း လေ့လာနိုင်သည်ဟု ၎င်းကပြောသည်။
စတင်ဆောက်လုပ်နေပြီဖြစ်သည့် မင်္ဂလာရိပ်သာစီမံကိန်း
Source-7Day Daily
Myanmar Builders Guide
ရွှေစက်တော်ဘုရားအ နီး မြေဧက ၆၀ ပေါ်တွင် ဟိုတယ် ဇုန်တည်ထောင်ရန် ပြည်ထောင် စုအစိုးရထံ တင်ပြထားကြောင်း မကွေးတိုင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီအတွင်း
ရေးမှူးဦးမြင့်စိန်က ပြောသည်။
ရွှေစက်တော် ဒေသတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့် ပြုထားသည့်ဟိုတယ်နှင့်တည်းခို ခန်းမရှိခြင်းကြောင့် နိုင်ငံခြားသား များသည် မင်းဘူးနှင့်ပုဂံကဲ့သို့ ဒေသများ၌ ပြန်လည်
တည်းခိုနေ ရသဖြင့် ဟိုတယ်ဇုန် အကောင် အထည်ဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ပုသိမ်-မုံရွာလမ်းမကြီးက နေ ရွှေစက်တော်ကို သုံးမိုင်လမ်း၊ ရှစ်မိုင်လမ်းဆိုတာရှိတယ်။ သုံး မိုင်လမ်းလှေတင် တံတားအ ကျော် ညာဘက်နားမှာ မြေဧက ၆၀ ကွင်းဆင်းသတ်မှတ်ပြီးပြီ’’ ဟု
ဦးမြင့်စိန်က ပြောသည်။
ယင်းဟိုတယ်ဇုန်တည် ထောင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ရရှိပါ က ရင်းနှီးမြှုပ်နှံလိုသူများကို ဖိတ် ခေါ်မည်ဖြစ်ပြီး ဟိုတယ်တစ်ခု လျှင် အနည်းဆုံး မြေငါးဧက
သတ်မှတ်ချထားပေးရန် တိုင်းဒေ သကြီးအစိုးရထံ အကြံပြုထား သည်ဟု ၎င်းကပြောသည်။
‘‘ရွှေစက်တော်က ဘုရားပွဲ ရာသီသုံးလအတွင်းကို ပြည်တွင်း ခရီးသွားသုံးသိန်းကျော်လောက် လာ တယ်။ နိုင်ငံခြားသားကလည်း ဘုရားပွဲရာသီမှမဟုတ်ဘူး လာ တယ်။ ဒါပေမဲ့
အခြေချတည်းခို ရမယ့် ဟိုတယ်၊ မိုတယ်က မရှိ ဘူး’’ ဟု ဦးမြင့်စိန်က ပြောသည်။
မကွေးတိုင်းအစိုးရအဖွဲ့ သည် ရွှေစက်တော်နှင့် တစ်ဆက် တည်းသွားရောက်လည်ပတ်နိုင် မည့် နတ်ရေကန်တောင်ဒေသကို ခရီးစဉ်သစ်အနေဖြင့် အကောင် အထည်ဖော်ရန် ပြင်ဆင်နေ
သည်။ အဆိုပါဒေသသည် ပြင်ဦး လွင်ကဲ့သို့ ရာသီဥတုုဖြစ်ပြီး ချင်း ရွာများဝန်းကျင်၌ ရှားပါးတိရစ္ဆာန် များကိုလည်း လေ့လာနိုင်သည်ဟု ၎င်းကပြောသည်။
‘‘နတ်ရေကန်တောင်ဒေသ က အမ်းသွားတဲ့လမ်းမှာ။ ရွှေစက် တော်နဲ့ ၁၀ မိုင်လောက်ပဲဝေး တယ်။ အဲဒီဒေသက စိုက်ပျိုးရေး စနစ်က မြေဩဇာမသုံးဘူး။ သဘာဝအတိုင်းပဲ။ သဘာဝအ
ခြေခံခရီးသွားအနေနဲ့ မျောက် မျက်ခုံးဖြူလိုမျိုး ရှားပါးတိရစ္ဆာန် တွေကိုလည်း လေ့လာနိုင်တယ်’’ ဟု ဦးမြင့်စိန်က ပြောသည်။
လက်ရှိတွင် မကွေးတိုင်း၌ ဟိုတယ် ၂၂ လုံးနှင့် တည်းခိုခန်း ၂၄ လုံး(အခန်းတစ်ထောင်ကျော်) လိုင်စင်ခွင့်ပြုထားသည်။
Read 1153 times
Rate this item
(0 votes)