ရန်ကုန်-ပုသိမ်ကားလမ်းကို ငွေကျပ်(၂၉)ဘီလီယံကျော်သုံးပြီး တစ်နှစ်အတွင်း အပြီးခင်းမယ်

ရန်ကုန်-ပုသိမ်ကားလမ်းကို ငွေကျပ်(၂၉)ဘီလီယံကျော်သုံးပြီး တစ်နှစ်အတွင်း အပြီးခင်းမယ် GOOGLE

(၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်မှာ ရန်ကုန်-ပုသိမ်ကားလမ်းကို ပြည်ထောင်စု အစိုးရဘတ်ဂျက်ကနေ ငွေကျပ် (၂၉)ဘီလီယံကျော် အသုံးပြုပြီး တစ်နှစ်အတွင်းပြီးစီးအောင် ခင်းသွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံ သိရပါတယ်။


လမ်းခင်းဖို့ အခုလ(၂၂)ရက်မှာ တင်ဒါဖွင့်မှာဖြစ်ပါတယ်။ ပထမဦးစွာ ရန်ကုန်မြို့ကနေ ညောင်တုန်းမြို့ ဗိုလ်မြတ်ထွန်းတံတားအထိ (၄၁)မိုင် စတင်ခင်းမှာ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက (၁၇)မိုင်နဲ့ ဧရာဝတီတိုင်းဒေသကြီးက (၂၄)မိုင် တာဝန်ယူခင်းသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောကြားခဲ့ပါတယ်။

 

 

လမ်းခင်းနေစဉ် ကာလအတွင်း ကမ်းပါးပြိုကျနေတဲ့ ညောင်တုန်း မြို့နယ် ဆားမလောက်လမ်းပိုင်းကို ကမ်းထိန်းပြုပြင်တာတွေ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ဒါ့ပြင် ယာဉ်ကြောကြပ်တည်း မှုမဖြစ်စေဖို့ လမ်းလွှဲတွေထားရှိကာ ကျူးကျော်တွေဖယ်ရှားရှင်းလင်း ရေးကို စနစ်တကျဆောင်ရွက်သွားမယ်လု့ိ ဆိုပါတယ်။

 

 

လမ်းခင်းနေစဉ် အတောအတွင်း ရန်ကုန်မြို့မှပုသိမ်မြို့သို့သွားရောက်မယ့်ကားတွေအနေနဲ့ ရန်ကုန်-ဆားမလောက်-ကဇန်း-တာကွေ့-ဗိုလ်မြတ်ထွန်းလမ်းကနေ တစ်လမ်း မောင်း သွားရမှာဖြစ်ပြီး ပုသိမ်မြို့မှ ရန်ကုန်မြို့သို့သွားရောက်မယ့်ကားတွေအနေနဲ့ ပုသိမ်-ဗိုလ်မြတ်ထွန်း-တာကွေ့-ညောင်တုန်း- ဆားမလောက်- ရန်ကုန် လမ်းက မောင်းနှင်ဖို့ သတ်မှတ်ထားပြီး မအူပင်-ရန်ကုန် ကားတွေ ကတော့ မအူပင်-တွံတေးလမ်းက မောင်းနှင်ဖို့နဲ့ ကျိုက်လတ်-ဖျာပုံကား တွေကတော့ ဒေးဒရဲလမ်းက မောင်းနှင်ဖို့ လမ်းပိုင်းတွေ သတ်မှတ်ထား ကြောင်းသိရပါတယ်။

 

 

SOURCE: 5-plus news

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္-ပုသိမ္ကားလမ္းကို ေငြက်ပ္(၂၉)ဘီလီယံေက်ာ္သုံးၿပီး တစ္ႏွစ္အတြင္း အၿပီးခင္းမယ္

 

 

(၂၀၁၉-၂၀၂၀)ဘ႑ာႏွစ္မွာ ရန္ကုန္-ပုသိမ္ကားလမ္းကို ျပည္ေထာင္စု အစိုးရဘတ္ဂ်က္ကေန ေငြက်ပ္ (၂၉)ဘီလီယံေက်ာ္ အသုံးျပဳၿပီး တစ္ႏွစ္အတြင္းၿပီးစီးေအာင္ ခင္းသြားမည္ျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး အစိုးရ အဖြဲ႕ထံ သိရပါတယ္။

 


လမ္းခင္းဖို႔ အခုလ(၂၂)ရက္မွာ တင္ဒါဖြင့္မွာျဖစ္ပါတယ္။ ပထမဦးစြာ ရန္ကုန္ၿမိဳ႕ကေန ေညာင္တုန္းၿမိဳ႕ ဗိုလ္ျမတ္ထြန္းတံတားအထိ (၄၁)မိုင္ စတင္ခင္းမွာ ျဖစ္ၿပီး ရန္ကုန္တိုင္းေဒသႀကီးက (၁၇)မိုင္နဲ႔ ဧရာဝတီတိုင္းေဒသႀကီးက (၂၄)မိုင္ တာဝန္ယူခင္းသြားမွာျဖစ္တယ္လို႔ ဧရာဝတီတိုင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးဝင္းေဌးက ေျပာၾကားခဲ့ပါတယ္။

 

 

လမ္းခင္းေနစဥ္ ကာလအတြင္း ကမ္းပါးၿပိဳက်ေနတဲ့ ေညာင္တုန္း ၿမိဳ႕နယ္ ဆားမေလာက္လမ္းပိုင္းကို ကမ္းထိန္းျပဳျပင္တာေတြ လုပ္ေဆာင္ သြားမွာျဖစ္ပါတယ္။ ဒါ့ျပင္ ယာဥ္ေၾကာၾကပ္တည္း မႈမျဖစ္ေစဖို႔ လမ္းလႊဲေတြထားရွိကာ က်ဴးေက်ာ္ေတြဖယ္ရွားရွင္းလင္း ေရးကို စနစ္တက်ေဆာင္႐ြက္သြားမယ္လု႔ိ ဆိုပါတယ္။

 

 

လမ္းခင္းေနစဥ္ အေတာအတြင္း ရန္ကုန္ၿမိဳ႕မွပုသိမ္ၿမိဳ႕သို႔သြားေရာက္မယ့္ကားေတြအေနနဲ႔ ရန္ကုန္-ဆားမေလာက္-ကဇန္း-တာေကြ႕-ဗိုလ္ျမတ္ထြန္းလမ္းကေန တစ္လမ္း ေမာင္း သြားရမွာျဖစ္ၿပီး ပုသိမ္ၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔သြားေရာက္မယ့္ကားေတြအေနနဲ႔ ပုသိမ္-ဗိုလ္ျမတ္ထြန္း-တာေကြ႕-ေညာင္တုန္း- ဆားမေလာက္- ရန္ကုန္ လမ္းက ေမာင္းႏွင္ဖို႔ သတ္မွတ္ထားၿပီး မအူပင္-ရန္ကုန္ ကားေတြ ကေတာ့ မအူပင္-တြံေတးလမ္းက ေမာင္းႏွင္ဖို႔နဲ႔ က်ိဳက္လတ္-ဖ်ာပုံကား ေတြကေတာ့ ေဒးဒရဲလမ္းက ေမာင္းႏွင္ဖို႔ လမ္းပိုင္းေတြ သတ္မွတ္ထား ေၾကာင္းသိရပါတယ္။

 

 

SOURCE: 5-plus news

Read 3980 times Last modified on Thursday, 27 February 2020 16:53
Rate this item
(0 votes)
Tagged under