Infrastructure and Zones

Thursday, 05 March 2020 11:28

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို ၂ နှစ်အတွင်း အကောင်ဖော် တည်ဆောက်သွားမည်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိသော ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းအား မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ၂ နှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ခွင့်ရ M Development မှ သိရသည်။
Thursday, 05 March 2020 09:33

လွိုင်ကော် − ဒီးမော့ဆို လမ်းပိုင်းအား အဆင့်မြှင့်တင် တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်

လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်ချင်းဆက်လမ်းအား မူလ ၁၈ ပေ အကျယ်မှ ယခု (၂၄) ပေအထိ အဆင့်မြှင့်တင်တိုးချဲ့ခြင်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Wednesday, 04 March 2020 11:47

ပုသိမ်ခရိုင်အတွင်းရှိ အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ ပြောင်းရွေ့တည်ဆောက်ခြင်းလုပ်ငန်းများ စီမံကိန်းတစ်ခုလုံး၏ ၃၂ ရာခိုင်နှုန်း ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိ အမှတ် (၂) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ညောင်တုန်း) နှင့် အမှတ် (၃) ရေနံဓာတ်ငွေ့ရည်စက်ရုံ (ကျွန်းချောင်း) ပြောင်းရွေ့တည်ဆောက်နေမှုမှာ စီမံကိန်းတစ်ခုလုံး၏ ၃၂ ရာခိုင်နှုှန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Tuesday, 03 March 2020 15:15

ဧရာဝတီမြစ်ကျော် ဓာတ်အားလိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်ခြင်းလုပ်ငန်းများကို မိုးမကျမီ ပြီးစီးအောင်ဆောင်ရွက်မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းမြို့နယ်နှင့် ပန်းတနော်မြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည့် ၂၃၀ ကေဗွီ လှိုင်သာယာ - အသုတ် ဓာတ်အားလိုင်း၏ ဧရာဝတီမြစ်ကျော် ဓာတ်အား လိုင်းအူကြောင်း ပြောင်းလဲတည်ဆောက်နေခြင်းကို မိုးမကျမီ ပြီးစီးလုပ်ဆောင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှတစ်ဆင့် သိရသည်။
Tuesday, 03 March 2020 11:22

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ငွေကျပ် ၁၅ သန်းဖြင့် တည်ဆောက်ထားသည့် ကျေးရွာချင်းဆက် ရေပြာစမ်းတံတား ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လေးအိမ်စု-ဝက်လာကွင်း လမ်းပေါ်ရှိ ကျေးရွာချင်း ဆက်ရေပြာစမ်း သံကူကွန်ကရစ်တံတားကို ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ၂၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Friday, 28 February 2020 17:49

မကွေးတိုင်းအတွင်းရှိ မုန်းချောင်းကမ်းပြိုကာကွယ်ရေး ငွေကျပ် သန်း ၂၀၀ အကုန်ကျခံကာ ရေထိန်းရေကာတာ တည်ဆောက်မည်

မကွေးတိုင်းဒေသကြီး ဂါတ်ကုန်း ကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ်ကင်းဝေးစေရေးအတွက် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မုန်းချောင်းကမ်းပြိုကာကွယ်ရေး ရေထိန်းရေကာတာလုပ်ငန်းများ အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Friday, 28 February 2020 13:37

အစိုးရသစ်လက်ထက် ကျေးရွာများတွင် လမ်းခင်းခြင်းနှင့် တံတားဆောက်ခြင်းများအတွက် ငွေကျပ် ၁၀၉၉ ဒသမ ၅၂၂ ဘီလျံ သုံးစွဲခဲ့

အစိုးရသစ်လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက လမ်းခင်းခြင်းလုပ်ငန်းများအတွက် စုစုပေါင်းရန်ပုံငွေ ကျပ် ၁၀၉၉ ဒသမ ၅၂၂ ဘီလျံ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်ကပြောသည်။
Friday, 28 February 2020 09:03

သိမ်ကြီးဈေး လူကူးခုံးကျော်တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည်အဆင့်မြှင့်တင်ရန် ပြုပြင်မည်

ရန်ကုန်တိုင်းဒေသကြီး အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားဆုံရာ လမ်းထောင့်ရှိ နှစ်ပေါင်း ၃၀ ခန့်ရှိသော သိမ်ကြီးဈေးလူကူးခုံးကျော် တံတားကို ဒီဇိုင်းအသစ်ဖြင့် ပြန်လည် အဆင့်မြှင့်တင်ကာ ပြုပြင်သွားမည်ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
Wednesday, 26 February 2020 17:21

ခုနှစ်ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သည့် ဒလတံတားစီမံကိန်း

တောင်ကိုရီးယားနှင့် မြန်မာတို့ ပူးပေါင်းကာဆောက်လုပ်နေသည့် ဒလတံတားစီမံကိန်းသည် ၂ဝ၁၉မေလ မှစတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင်

Search Articles