Infrastructure and Zones

Wednesday, 19 February 2020 15:23

ပုသိမ်-မုံရွာကားလမ်းပေါ်တွင် အန္တရာယ်ကွေ့များကို ပြုပြင်တိုးချဲ့မှုများ ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် အန္တရာယ်ရှိကွေ့များကို အကျယ် ၂၃ ပေ အထိ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Wednesday, 19 February 2020 11:34

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ကျပ်သိန်း ၃၀၀ အကုန်ကျခံကာ သေနတ်ပစ် လေ့ကျင့်ရေးကွင်း တည်ဆောက်လျက်ရှိနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ ခရိုင်အားကစားကွင်းကြီးတွင် သေနတ်ပစ်အားကစား လေ့ကျင့်ရေးကွင်း တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
Tuesday, 18 February 2020 10:07

သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်ရန် EDCF ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်း ချေးငွေရယူရေးကိစ္စ ဆွေးနွေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်အစားထိုးလဲလှယ်ခြင်း လုပ်ငန်းဆောက်ရွက်ခြင်းများ လုပ်ဆောင်ရန်အတွက် ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှှု ပူပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ (EDCF) ထံမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၃၆ သန်းချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
Monday, 17 February 2020 17:33

မြဝတီတွင် ခေတ်မှီ ၃ ထပ် ဈေးသစ်ကြီးကို ၁၄ လအတွင်း အပြီးသတ် တည်ဆောက်သွားမည်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာတွင် ခေတ်မှီ ၃ ထပ်ဈေးသစ် တည်ဆောက်ခြင်း လုပ်ငန်းများကို ၁၄ လအတွင်း အပြီးသတ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Saturday, 15 February 2020 14:11

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ပေ ၄၀၀ အရှည် ကြိုးတံတား တည်ဆောက်နေ

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ခေါက်ပုံကျင်းကျေးရွာတွင် ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၄၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၅၀ စုစုပေါင်းငွေကျပ် သိန်း ၁၉၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Friday, 14 February 2020 16:50

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများ ဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး ၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Friday, 14 February 2020 09:47

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များ အများပြည်သူသိစေရန် အခမ်းအနားပွဲများ လုပ်ဆောင်

ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများပြည်သူများ သိစေရန် စီမံကိန်းအတွင်း ကျရောက်သည့် မြို့နယ် ၆ ခုတွင် လာရောက်ရှင်းပြမည် ဖြစ်ကြောင်း သိရသည်။ ထိုမြို့နယ် ၆ ခုမှာ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Tuesday, 11 February 2020 17:48

ငွေကျပ် သန်း ၂၀၀၀ ကျော်ကို ခွဲဝေကာ ချင်းပြည်နယ်ရှိ အခြေခံကျောင်း ၁၀ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၄၃၇ ဒသမ ၃၈ သန်းဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tuesday, 11 February 2020 17:24

ကုန်ထုတ်လုပ်မှုမြန်ဆန်စေရန် လယ်ယာကုန်ထုတ်လမ်း (၅)လမ်းဖောက်လုပ်မည်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများ စိုက်ပျိုးသောသီးနှံများကို လွယ်ကူစွာသယ်ယူနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ ၅ ရွာ၌ လယ်ယာကုန်ထုတ်လမ်း ၅ လမ်း ဖောက်လုပ်ပေးမည်ဖြစ်သည်။

Search Articles