Infrastructure and Zones

Saturday, 15 February 2020 14:11

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ပေ ၄၀၀ အရှည် ကြိုးတံတား တည်ဆောက်နေ

ချင်းပြည်နယ် မင်းတပ်ခရိုင် ကန်ပက်လက်မြို့နယ် ခေါက်ပုံကျင်းကျေးရွာတွင် ကြိုးတံတား တည်ဆောက်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၄၀ နှင့် ပြည်သူထည့်ဝင်ငွေ ကျပ်သိန်း ၅၀ စုစုပေါင်းငွေကျပ် သိန်း ၁၉၀ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Friday, 14 February 2020 16:50

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်

သန်လျင်တံတားအမှတ် (၃) တည်ဆောက်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့် ဓာတ်အားလိုင်းများ ဖြတ်တောက်မှုကြောင့် ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် မီး ၂ ရက်ခန့် အချိန်ပိုင်းသာ ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Friday, 14 February 2020 09:47

ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းနှင့်သက်ဆိုင်သော အချက်အလက်များ အများပြည်သူသိစေရန် အခမ်းအနားပွဲများ လုပ်ဆောင်

ရန်ကုန်မိုးပျံအမြန်လမ်း အပိုင်း (၁) ၏ စီမံကိန်းဆိုင်ရာ အချက်အလက်များကို အများပြည်သူများ သိစေရန် စီမံကိန်းအတွင်း ကျရောက်သည့် မြို့နယ် ၆ ခုတွင် လာရောက်ရှင်းပြမည် ဖြစ်ကြောင်း သိရသည်။ ထိုမြို့နယ် ၆ ခုမှာ မင်္ဂလာတောင်ညွန့်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် မရမ်းကုန်းမြို့နယ်တို့တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
Tuesday, 11 February 2020 17:48

ငွေကျပ် သန်း ၂၀၀၀ ကျော်ကို ခွဲဝေကာ ချင်းပြည်နယ်ရှိ အခြေခံကျောင်း ၁၀ ကျောင်းကို ပြုပြင်တည်ဆောက်သွားမည်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိ အခြေခံကျောင်းများကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် ၂၄၃၇ ဒသမ ၃၈ သန်းဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Tuesday, 11 February 2020 17:24

ကုန်ထုတ်လုပ်မှုမြန်ဆန်စေရန် လယ်ယာကုန်ထုတ်လမ်း (၅)လမ်းဖောက်လုပ်မည်

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တောင်သူများ စိုက်ပျိုးသောသီးနှံများကို လွယ်ကူစွာသယ်ယူနိုင်ရန်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ ၅ ရွာ၌ လယ်ယာကုန်ထုတ်လမ်း ၅ လမ်း ဖောက်လုပ်ပေးမည်ဖြစ်သည်။
Tuesday, 11 February 2020 11:57

အစိုးရမှ လုပ်ပိုင်ခွင့်ပြုထားသော မြေကွက်များတွင် လုပ်ကိုင်ဆောက်ရွက်ခြင်းမရှိသော မြေဧက ၁၄သိန်းကျော်ကို ပြန်လည်သိမ်းယူမည်

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၂၃၄၂၆၀၀ ဧကကို လုပ်ပိုင်ခွင့်အဖြစ် ၇၁၂၂ ဦးအား လုပ်ပိုင်ခွင့်ပြုခဲ့သော်လည်း မြေ ၈၄၆၅၁၄ ဧကသာ ဆောင်ရွက်မှုပြီးစီးသဖြင့် ကျန်ရှိသောမြေ ၁၄၃၆၆၀၃ ဧကကို နိုင်ငံတော်က ပြန်လည်သိမ်းယူမည်ဖြစ်သည်။
Monday, 10 February 2020 17:16

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေး လုပ်ငန်းများအတွက် ကျပ်သန်းပေါင်း တစ်သောင်း ကျော် သုံးစွဲမည်

ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေပြီး ရန်ပုံငွေ အနက်မှ ငွေကျပ် ၁၀၆၅၀ ဒသမ ၄၈၁ သန်း အကုန်ကျခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားမှူး ဒေါ်သန်းသန်းထွေးက ပြောသည်။
Friday, 07 February 2020 17:52

ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေကွက်များကိုမတ်လ ၆ ရက်နောက်ဆုံးထားကာ လျှောက်ထားနိုင်

ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေကွက်များကို လူနေထိုင်ရန်နှင့် စီးပွားရေးလုပ်ငန်များလုပ်ကိုင်နိုင်ရန်
Friday, 07 February 2020 17:43

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများအကြား တံတား ၄ စင်း တည်ဆောက်ရန် လိုအပ်

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်ဈေးများအကြား တံတား ၄ စင်း တည်ဆောက်ရန် လိုအပ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။

Search Articles