Infrastructure and Zones

Friday, 20 March 2020 10:34

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Thursday, 19 March 2020 17:12

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရန် ဂျပန် (JICA) ထံမှ ချေးငွေရယူနိုင်ရန် လွှတ်တော်သို့တင်ပြ

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး ဂျပန် (JICA) ထံမှ ချေးငွေ ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူမည့်ကိစ္စနှင့် စပ်လျဉ်း၍ မတ်လ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တင်ပြခဲ့ခြင်းဖြစ်သည်။
Monday, 16 March 2020 11:22

ရွှေလောင်းကြိုးတံတား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီး

ရွှေလောင်းကြိုးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Saturday, 14 March 2020 10:58

ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါက်ပုံကျင်းကျေးရွာတွင် ပူစောကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Wednesday, 11 March 2020 11:18

မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာပိုက်လိုင်း၊ ဆိပ်ကမ်းနှင့်သိုလှောင်ကန် တည်ဆောက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒေသအတွင်းလိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေးစင်္ကြ ံလမ်းကြောင်းရှိ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည့် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာဆီပိုက်လိုင်း၊ ဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ရန်အတွက်မတ်လ ၇ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
Tuesday, 10 March 2020 17:43

ရန်ကုန်တိုင်းအတွင်း ခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို YCDC နှင့် YHT တို့ပူးပေါင်းကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းတန်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းနှင့် ကုက္ကိုင်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tuesday, 10 March 2020 17:19

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ရန်ကုန်မြို့တော် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
Tuesday, 10 March 2020 11:25

ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံလူကူးခုံးကျော်တံတားအသစ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Monday, 09 March 2020 00:15

ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံတည်ဆောက်ခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံကာတည်ဆောက်ခဲ့သည် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို မတ်လ ၇ ရက် နေ့လယ် (၁)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Search Articles