Infrastructure and Zones

Sunday, 29 March 2020 09:48

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပေ ၁၈၀ အောက်တံတား တည်ဆောက်မှုလုပ်ငန်းများ ၆၃ ရာခိုင်နှုန်းပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လမ်းတံတားကဏ္ဍများဖွံဖြိုးတိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပေ ၁၈၀ အောက် တံတားတည်ဆောက်မှုလုပ်ငန်းများ ၆၃ ရာခိုင်နှုန်းပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
Thursday, 26 March 2020 16:02

Smart Car Parking စီမံကိန်း လုပ်ဆောင်နေမှုများ ရက်အကန့်သတ်မရှိ ရပ်ဆိုင်းမည်

ရန်ကုန်မြို့တွင်းရှိ မြို့နယ်များတွင် ယာဉ်ရပ်နားရန် အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် အလိုအလျောက် ယာဉ်ရပ်နားခကောက်ယူသည့် နည်းပညာဖြင့် ဖန်တီးထားသည့် စမတ်ကားပါကင်စနစ်ကို ကျောက်တံတားမြို့နယ်တွင် စတင် ဆောင်ရွက်နေသည့် Smart Car Parking စီမံကိန်းကို (Covid-19) ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
Tuesday, 24 March 2020 09:43

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်မှု ရှစ်ရာခိုင်နှုန်း ပြီးစီး

ရန်ကုန်မြို့နှင့် ဒလမြို့နယ်တို့ကို ဆက်သွယ်ပေးမည့် မြစ်ကူးတံတားစီမံကိန်း တည်ဆောက်မှုမှာ ၈ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသက်ဝေအောင်၏ ပြောကြားချက်အရ သိရသည်။
Monday, 23 March 2020 13:56

ကျပ်သိန်း ၃၅၀၀ ဖြင့်ဆောင်ရွက်နေသည့် စလင်းရေလှောင်တမံ ပြင်ဆင်ခြင်းလုပ်ငန်းများ ၇၅ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီအတွင်းရှိ စလင်းရေလှောင်တမံရေပိုလွှဲပျက်စီးနေမှုကို ခွင့်ပြုငွေ ကျပ်သိန်း ၃၅၀၀ ဖြင့် ဆည်မြောင်းတည်ဆောက်ရေးက မိုးမကျမီပြီးစီးနိုင်ရေးအတွက် ပြင်ဆင်လျက်ရှိရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိကြောင်း သိရသည်။
Saturday, 21 March 2020 15:32

မုံရွာ-ယာကြီး-ကလေးဝကားလမ်းမကြီး အဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော်ပြီးစီး

မုံရွာ-ယာကြီး-ကလေးဝကားလမ်းမကြီးကို ကလေးဝမြို့နယ်နှင့် မုံရွာမြို့နယ်တို့ကို ဆက်သွယ်ပေးသည့် ကားလမ်းမကြီးကို အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ဖောက်လုပ်လျက်ရှိရာ လုပ်ငန်းအားလုံး၏ ၁၉ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Friday, 20 March 2020 10:34

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီး

ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား ဗိုလ်မြတ်ထွန်းတံတားအထိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မှု ၆၄ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Thursday, 19 March 2020 17:12

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရန် ဂျပန် (JICA) ထံမှ ချေးငွေရယူနိုင်ရန် လွှတ်တော်သို့တင်ပြ

ရန်ကုန်-မန္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး ဂျပန် (JICA) ထံမှ ချေးငွေ ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူမည့်ကိစ္စနှင့် စပ်လျဉ်း၍ မတ်လ ၁၈ ရက်က ပြည်ထောင်စုလွှတ်တော်သို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က တင်ပြခဲ့ခြင်းဖြစ်သည်။
Monday, 16 March 2020 11:22

ရွှေလောင်းကြိုးတံတား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်းပြီးစီး

ရွှေလောင်းကြိုးတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ရေးလုပ်ငန်းများ ၅၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Saturday, 14 March 2020 10:58

ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါက်ပုံကျင်းကျေးရွာတွင် ပူစောကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Search Articles