Infrastructure and Zones

Saturday, 14 March 2020 10:58

ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ခေါက်ပုံကျင်းကျေးရွာတွင် ပူစောကျေးရွာ ကြိုးတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ၈၀ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Wednesday, 11 March 2020 11:18

မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာပိုက်လိုင်း၊ ဆိပ်ကမ်းနှင့်သိုလှောင်ကန် တည်ဆောက်မည်

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဒေသအတွင်းလိုအပ်ချက်များသာမက အရှေ့အနောက် စီးပွားရေးစင်္ကြ ံလမ်းကြောင်းရှိ အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့နိုင်မည့် အမေရိကန်ဒေါ်လာ ၁၃၂ သန်းတန် လောင်စာဆီပိုက်လိုင်း၊ ဆိပ်ကမ်းနှင့် သိုလှောင်ကန်တည်ဆောက်ရန်အတွက်မတ်လ ၇ ရက်နေ့တွင် ပန္နက်တင် မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
Tuesday, 10 March 2020 17:43

ရန်ကုန်တိုင်းအတွင်း ခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို YCDC နှင့် YHT တို့ပူးပေါင်းကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှည်းတန်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းနှင့် ကုက္ကိုင်းခုံးကျော်တံတားအောက်ရှိ စကိတ်ကွင်းများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က အဆင့်မြှင့်တင်မှုများ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်မြို့ပြထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
Tuesday, 10 March 2020 17:19

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တံတားများကို မြို့တော်စည်ပင်မှ လွှဲပြောင်းယူ၍ ပြုပြင်မွမ်းမံမည်ကြောင်း ရန်ကုန်မြို့တော် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
Tuesday, 10 March 2020 11:25

ငွေကျပ်သိန်းတစ်သောင်းကျော် ကုန်ကျခံ တည်ဆောက်ခဲ့သည့် ဒေါပုံလူကူးခုံးကျော်တံတား ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေါပုံလူကူးခုံးကျော်တံတားအသစ်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့ကာ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Monday, 09 March 2020 00:15

ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံတည်ဆောက်ခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ငွေကျပ်သန်း ၂၀၀ နီးပါး ကုန်ကျခံကာတည်ဆောက်ခဲ့သည် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို မတ်လ ၇ ရက် နေ့လယ် (၁)နာရီ အချိန်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Friday, 06 March 2020 17:56

ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်းတံတားပြုပြင်တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းခန့်ပြီးစီး

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတော်ညွှန့်မြို့နယ် ကန်တော်ကြီးအပန်းဖြေဥယျာဉ်အတွင်းရှိ ကန်ပတ်လမ်းတံတား ပြုပြင်တည်ဆောက်နေမှု ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး သတ်မှတ်ထားသည့် ပေအတိုင်းအတာအထိ တည်ဆောက်မှုကို ဇွန်လတွင် ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၏ ပြောပြချက်အရ သိရသည်။
Thursday, 05 March 2020 13:36

မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီး

မိတ္တီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ ဖြတ်သန်းသွားလာသည့် နွားစမ်းတောင်ချောင်းကူးတံတား တည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Thursday, 05 March 2020 11:28

မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို ၂ နှစ်အတွင်း အကောင်ဖော် တည်ဆောက်သွားမည်

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမဘေးတွင် တည်ရှိသော ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းအား မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ Bus Terminal အဖြစ် ၂ နှစ်အတွင်း အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း စီမံကိန်းလုပ်ခွင့်ရ M Development မှ သိရသည်။

Search Articles