ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ခုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို ဧရာဝတီဖောင်ဒေးရှင်းက မန္တလေးမြို့တွင် စတင်တည်ဆောက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါကုသရေးဌာန ခုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို  ဧရာဝတီဖောင်ဒေးရှင်းက မန္တလေးမြို့တွင် စတင်တည်ဆောက်လျက်ရှိ
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဦးဆောင် မှုဖြင့် ဧရာဝတီဖောင်ဒေးရှင်းသည် မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန ခုတင် ၃၀၀ ဆံ့ ဧရာဝတီစင်တာကို တည်ဆောက် လျက်ရှိသည်။
 

ဧရာဝတီ ဖောင်ဒေးရှင်းသည် မန္တလာသီရိအားကစားကွင်းအတွင်း HDU နှင့် Oxygen Therapy ခုတင် ၁၀၀ ပါဝင်သည့် ခုတင် ၃၀၀ ဆံ့ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ချမ်းမြသာစည်) ဧရာဝတီစင်တာကို စတင် တည်ဆောက်လျက်ရှိပြီး လုပ်ငန်းအမြန်ဆုံးပြီးစီးရန် ဆောင် ရွက်လျက်ရှိသည်။

 
ဧရာဝတီစင်တာ တည်ဆောက်ရေးအတွက် ပြည်ပမှ မှာယူတင်သွင်းခဲ့သော Tent များ၊ ဆေးရုံသုံးခုတင်နှင့် ဆက်စပ်ပစ္စည်း များလည်း ရောက်ရှိနေပြီဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ပေးနိုင်မည့် Test & Care စင်တာ တစ်ခုလည်း ပါဝင်မည်ဖြစ်သည်။
 
ဧရာဝတီ ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားကတည်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ ကူညီဆောင် ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင် လည်း ကိုဗစ်-၁၉ ရောဂါကုသရေး ဧရာဝတီစင်တာကို တည်ဆောက် ဆောင်ရွက်ပေးလျက်ရှိကာ ရောဂါကူးစက်ခံထားရသည့်လူနာများအပြင် အရေးပေါ်လူနာများအား ကုသပေးနိုင် မည့် ICU နှင့် HDU စင်တာများကို လည်း ထည့်သွင်းဆောက်လုပ်ထား သည်။
 
 
MyanmarAlin
 
 
Read 163 times Last modified on Thursday, 29 October 2020 11:37
Rate this item
(0 votes)
Tagged under