မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန် ကွန်ဒိုအခန်းနှင့် အဆောက်အဦးများ လှုဒါန်း

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ ယာယီနေထိုင်နိုင်ရန် ကွန်ဒိုအခန်းနှင့် အဆောက်အဦးများ လှုဒါန်း

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ၏ ဘဏ္ဍာရေးမှူး ဦးမျိုးသီဟ (တွဲဖက်အထွေထွေ

အတွင်းရေးမှူး- မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်), (Chairman- MTH Construction Group Co.,Ltd), (ဥက္ကဌ- ရွှေပင်လုံအိမ်ရာ စီမံခန့်ခွဲရေးကော်မတီ) ၏ မြောက်ဥက္ကလာပမြို့နယ်၊ Thandar River View Residence ရှိ လုံးချင်းသုံးထပ်တိုက် (၄)လုံး နှင့် (၄) ခန်းတွဲ (၈) ထပ်တိုက် ကွန်ဒိုအသစ် အား COVID-19 ဖြစ်ပေါ်နေသောကာလတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရသို့ ၂၀၂၀ ခုနှစ် ဧပြီလမှစတင်၍ ယခုလက်ရှိအချိန်အထိ ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်းများ ယာယီနေထိုင်နိုင်ထိုင်ရန်အတွက် လှူဒါန်းထားရှိသည်။


လုံးချင်းသုံးထပ်တိုက် (၄) လုံးတွင် Master Bed Room (၅) ခန်းစီ ပါရှိပြီး ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်း (၁၀၀) ခန့်် နှင့် (၈)ထပ်တိုက် ကွန်ဒို (၁) ယူနစ်လျှင် Master Bed Room (၃) ခန်းပါရှိပြီး ကွန်ဒိုတွင် ဆရာဝန်/ဆရာမနှင့် ကျန်းမာရေးဝန်ထမ်း (၁၅၀) ခန့် လာရောက်နေထိုင်လျှက်ရှိပါသည်။ လုံးချင်းနှင့် ကွန်ဒိုရှိ အခန်းတိုင်းတွင် ပါကေးခင်းထားပြီး Air-con များတပ်ဆင်ထားရှိပြီးဖြစ်သည်။


အဆိုပါကျန်းမာရေးဝန်ထမ်းများအတွက် မနက်၊နေ့လည်၊ညစာ အစားအသောက်နှင့် ကြို/ပို့ယာဉ်များအား ရန်ကုန်တိုင်း အစိုးရမှ ပံ့ပိုးကူညီပေးလျှက်ရှိပါသည်။

 

By Myanmar Builders Guide

Read 271 times
Rate this item
(0 votes)