ကိုဗစ်ကာလ ရန်ကုန် အိမ်၊ခြံ၊ မြေ ဈေးကွက်

ကိုဗစ်ကာလ ရန်ကုန် အိမ်၊ခြံ၊ မြေ ဈေးကွက်

ကိုဗစ်ကာလမှာ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ ဝယ်ရောင်းငှါး အခြေနေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကို မေးမြန်းထားပါတယ်။

 

"အိမ်ခြံမြေဈေးကွက်နဲ့ပတ်သတ်ရင် အငှါးဈေးကွက်ကတော်တော်လေးကိုငြိမ်သွားပြီ အိမ်ခြံမြေဈေးကွက်နဲ့ပတ်သတ်ပြီးတော့ကာ ၈၅ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်း ကလုပ်ငန်းတော်တော်လေးကိုဆိုင်းသွားတဲ့သဘောဖြစ်သွားတယ်။

 

ဘယ်သူမှလည်းအပြင်မထွက်တော့ဘူး ဈေးကွက်မှာလည်းအသွားအလာသိပ်မရှိကြတော့ဘူး ခုနကပြောတဲ့တယ်လီဖုန်းနဲ့ onlineနဲ့ ဈေးစကားပြောတာနဲ့ညှိနှိုင်းတာနဲ့အဲ့လောက်ပဲပေါ့ နေရာမေးတာလောက်ပဲ ရှိတော့တာပေါ့ ဒါလက်ရှိ ဒုတိယလှိုင်းရဲ့ စတင်ပြီးကာလမှာ အိမ်ခြံမြေဈေးကွက်ရဲ့ လက်ရှိပကတိအနေထားပါပဲ"

 

Stay at home ထုတ်ပြန်ထားတာမို့ ရပ်ကွက်နဲ့ လမ်းတွေထဲ လူစိမ်းပေးမဝင်ခြင်း၊ အိမ်ပြောင်းရွှေ့ဖို့ ခက်ခဲခြင်းတွေက အိမ်ငှားဝန်ဆောင်မှုတွေကြပ်တည်းလာပြီး အရောင်းအဝယ်လည်း လေးသွားတယ်လို့ ဦးသန်းဦးကပြောပြထားပါတယ်။

 

 

7Day Online TV

Read 871 times
Rate this item
(1 Vote)