အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများအတွက် အခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း

အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများအတွက် အခန်းပေါင်း ငါးထောင်ကျော် ပါဝင်သည့် ပြည်သူ့အငှားအိမ်ရာ စီမံကိန်း MOI

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ်(၇) လမ်းမကြီးနှင့် အမှတ်(၂) လမ်းဆုံအနီး စံပြစိုက်ပျိုးရေးအထူးဇုန်တွင် အိမ်ရာဝယ်ယူနိုင်စွမ်းမရှိသည့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများအတွက် အခန်းပေါင်း ငါးထောင်ကျော်ကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို ဆောက်လုပ် ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်၊ လိုင်စင်ရ ကန်ထရိုက် တာများအသင်းနှင့် မြို့ပြနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းရှင်များအသင်းတို့က စံပြစိုက်ပျိုးရေး အထူးဇုန်အတွင်းရှိ မြေဧက ၁၇၁ ဧကပေါ်တွင် အခန်းပေါင်း ၅၀၇၂ ကို အကောင်အထည်ဖော် တည်ဆောက်သွား မည်ဖြစ်သည်။

 

CIRCUIT-WORLD-ELECTRONICSElectronic-Equipment-Sales--Repair_0282.png

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကနဦးအနေဖြင့် အခန်းပေါင်း ၅၀၇၂ ကို စတင်အကောင်အထည်ဖော် တည်ဆောက် သွားမည်ဖြစ်ပြီး ကျန်ရှိသည့်အခန်း ၁၂၀၀ ကျော်ကို မြေ နေရာရရှိမှုအပေါ်မူတည်၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

“ဆောက်လုပ်ရေးအသင်းသုံးသင်းက ငွေကြေးအရင်းအနှီး စိုက်ထုတ်ပြီး တည်ဆောက်မယ်။ အိမ်ရာဝယ်ယူ နိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို အငှားအိမ်ရာတင်ပေးမှာ ဖြစ်ပါတယ်။ အငှားအိမ်ရာ စီမံကိန်းကို ၆ လအတွင်း အပြီးတည်ဆောက်မှာပါ။ စတင်အကောင်အထည် ဖော်နေပါပြီ။ ဒီဇိုင်းတွေ ကတော့ အဆင်သင့်ရှိနေပါပြီ။ တည်ဆောက်ပြီးသွားရင် အငှားအိမ်ရာတွေကို တိုင်းဒေသကြီး အစိုးရတွေက တကယ်နေထိုင်ဖို့ လိုအပ်နေပြီး ဝယ်နိုင်စွမ်းမရှိတဲ့ ပြည်သူတွေကို ချပေးသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင်က ပြောသည်။

 

“ဒီဇိုင်းရေးဆွဲပြီးပါပြီ။ ဩဂုတ်လမှာ စတင်အကောင် အထည်ဖော် တည်ဆောက်ပြီး ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်မတိုင်ခင် အပြီးတည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အဆောက် အအုံက ငါးထပ်ဆောက်ပြီး အောက်ဆုံးထပ်ကို Community Hall သဘောမျိုးထားပြီး အပေါ် ၄ ထပ်ကို ငှားရမ်းတဲ့စနစ်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီမှာ ဆေးရုံ၊ ကျောင်း၊ ဈေး၊ ပန်းခြံနဲ့ အားကစားကွင်းတွေ ထည့်သွင်းတည်ဆောက် သွားမှာပါ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရှိန်ဝင်း က ပြောသည်။

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ရေးအသင်း သုံးသင်းမှ ပြည်သူများအတွက် အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီးအပြင် နေပြည်တော်တွင် အခန်းပေါင်း ၇၀၀ ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် အခန်းပေါင်း ၃၀၀၀ ကိုလည်း ကောင်း ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်သည်။

 

ပြည်သူ့အငှားအိမ်ရာစီမံကိန်းကို Private Finance Initiative စနစ်ဖြင့် ပုဂ္ဂလိက ကုမ္ပဏီအသင်း အဖွဲ့များက ဦးစွာပထမ ငွေကြေး အရင်းအနှီးစိုက်ထုတ်၍ တည်ဆောက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ပိုလျှံလာမည့် ဘတ်ဂျက်ထဲမှ ပြန်လည်ပေးချေမည့်စနစ်ဖြင့် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

Sein-MyanmarConvenience-Stores_0953.png

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မီမီတင် က “ဖွံ့ဖြိုးဆဲ တိုင်းပြည်တစ်ခုအနေနဲ့ အငှားအိမ်ရာ လုပ်ပေးရတာ ကုန်ကျ စရိတ်များပါတယ်။ ဒီအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို အများကြီးလုပ်ပေးလိုက်ရတယ်။ သင့်တင့်လျောက်ပတ်တဲ့ အခန်းငှားခတွေပြန်ဝင်လာပြီး ရလာတဲ့အခန်း ငှားခတွေကို နောက်နှစ်နောက်နှစ်တွေမှာ တခြားလိုအပ်တဲ့နေရာတွေ မှာ ထပ်ဆောက်သွားပါမယ်” ဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် ပြည်သူ့အငှားအိမ်ရာစနစ်ကို ၁၉၅၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီး ပါလီမန်ဒီမိုကရေစီ ခေတ်တွင် အိမ်ခန်းပေါင်း ၉၀၀၀ ကျော်၊ ဆိုရှယ်လစ်ခေတ်တွင် အိမ်ခန်းပေါင်း ၁၁၀၀၀ ကျော်နှင့် ဒီမိုကရေစီအစိုးရ လက်ထက်တွင် အိမ်ခန်းပေါင်း ၁၄၀၀၀ ကျော် ဆောက်လုပ် ပေးခဲ့ပြီး ဝန်ထမ်းများနှင့် ဝင်ငွေနည်းပြည်သူများကို ဈေး ကွက်တွင်ရှိသည့် ငှားရမ်းခထက် များစွာသက်သာသည့် နှုန်းထားဖြင့် ငှားရမ်းနေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

Ref: MOI GOV

By Myanmar Builder Guide

Sin-Phyu-TawConcrete-Products_0247.png

Read 486 times Last modified on Monday, 17 August 2020 22:11
Rate this item
(0 votes)