ရန်ကုန် အမွေအနှစ်အဆောက်အဦ ပြန်လည်အသက်ဝင်စေသည့် မြန်မာနိုင်ငံသားများဘဏ် (MCB)

ရန်ကုန် အမွေအနှစ်အဆောက်အဦ ပြန်လည်အသက်ဝင်စေသည့် မြန်မာနိုင်ငံသားများဘဏ် (MCB) MCB Bank

မြန်မာနိုင်ငံသားများဘဏ် (MCB) ၏ ကော်ပိုရိတ်ရုံးချုပ်အသစ်နှင့် အထင်ကရဘဏ်ခွဲအား ရန်ကုန်အမွေအနှစ်အဆောက်အဦတွင် ဂုဏ်ယူစွာ ဖွင့်လှစ်၍ ပြန်လည်အသက်ဝင်စေခဲ့ပါသည်။

 

၁၉၀၀ ပြည့်နှစ်များ၏ အစောပိုင်းကာလတွင် ဆောက်လုပ်ခဲ့ပြီး မြို့ ၏ အချက်အချာကျသည့်နေရာတစ်ခုဖြစ်သည့် အမှတ်- ၃၈၃၊ ၃၇ လမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်တွင် တည်ရှိသည့် အမွေအနှစ် အဆောက်အဦ ဟောင်းတစ်ခုတွင် MCB သည် ၄င်း၏ ပထမဆုံး ရန်ကုန်ဘဏ်ခွဲအား ၁၉၉၂ခုနှစ်၌ ဖွင့်လှစ်ခဲ့သည်။

Sein_Brother_-_49.png

အလျား၅၀' ၆”၊ အနံ၁၀၃' ၆” အမြင် ၆၀' ၆” ရှိအထပ်(၄)ထပ်ပါဝင်သော အုပ်ပတ်ကားသွပ်မိုး အဆောက်အဦသည် ၁၉၂၀ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၉၀ကျော် သက်တမ်းရှိပြီဖြစ်သည်။

 

၁၉၃၀ဝန်းကျင်ခန့်မှစ၍ Messrs. Misquith Ltd, ပိုင် ဂီတတူရိယာပစ္စည်း ကုန်ပဒေသာတိုက် အဖြစ်အသုံးပြုခဲ့သည်။ မြန်မာနိုင်ငံရာသီဥတုနှင့် မြန်မာပုံစံ စန္ဒရားများအား ကုမ္ပဏီမှ တီထွင်ထုတ်လုပ်ရောင်းချခဲ့သောကြောင့် ကျော်ကြားခဲ့သည့် အဆောက်အဦလည်းဖြစ်သည်။ ယင်းကုမ္ပဏီသည်ပြည်တွင်း၌ ခွေးတံဆိပ် ဓာတ်ပြားနှင့် ဓာတ်စက်ဟုခေါ်ကြသည့် ကမ္ဘာကျော် “His Master's Voice' ကို မြန်မာပြည်တွင် ဖြန့်ဖြူးရောင်းချခွင့် ရခဲ့သည့် တစ်ဦးတည်း ကိုယ်စားလှယ်လည်းဖြစ်သည်။

 

ကိုလိုနီခေတ်ဗိသုကာလက်ရာ ကောင်းတစ်ခုဖြစ်ပြီး အချိုးအစား ကျနသည့် သမိုင်းဝင် အဆောက်အဦးလည်းဖြစ်သည်။ ရန်ကုန်မြို့၏ အမွေအနှစ်အဆောက်ဦးများစာရင်းဝင်ဖြစ်ပြီး မျက်နှာစာအမိုးအောက်ဘက်ရှိ ဂီတသင်္ကေတ အပြောက်အမွမ်းလက်ရာသည်လည်း ယနေ့ထက်တိုင်တည်ရှိပြီး အဆောက်အဦ၏ မူလအသုံးပြုပုံကို ထင်ဟပ်လျက်ရှိသည်။


ယင်းအဆောက်အဦကို မြန်မာနိုင်ငံသားများဘဏ် (MCB)က ၂၀၁၃ ခုနှစ်မှ စ၍ ဘဏ်အမည်ပေါက် အဆောက်အဦအဖြစ် လွှဲပြောင်းရယူခဲ့ပြီး ဘဏ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ရာ၌ အမွေအနှစ်အဆောက်အဦအား ခေတ်မီ၍ လုပ်ငန်းနှင့် ကိုက်ညီသည် အတွင်းအပြင်အဆင်ဖြင့် အနှစ်သာရပြည့်၀စွာ၊ လိုက်လျောညီထွေစွာ ပြင်ဆင်မွမ်းမံခဲ့သည်။

 

အကြီးစား ပြင်ဆင်မှုများအပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့တွင် MCB ရုံးချုပ်နှင့် ရန်ကုန်ရုံးချုပ်ဘဏ်ခွဲကို ဤသမိုင်းဝင် အဆောက်အဦသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပါသည်။


ပြင်ဆင်မွမ်းမံမှုပြုရာတွင်အဓိကကြီးကြပ်သူတစ်ဦးဖြစ်သည့် ဘဏ်၏ Chief HR and Administration Officer ဒေါ်ဖြူပွင့်ခိုင်က "ပြင်ဆင်မွမ်းမံတဲ့လုပ်ငန်းတစ်ခုလုံးက MCBဘဏ်အတွက်၊ မြန်မာရဲ့ မြို့ ရန်ကုန်အတွက်၊ ဘက်က ၀န်ဆောင်ပေးနေတဲ့ လူသူ၊ အဖွဲ့အစည်း အားလုံးအတွက် မေတ္တာနဲ့ အကျိုးဆောင်တဲ့ သဘောပါပဲ မြို့တော်ရဲ့ အမွေအနှစ်အဆောက်အဦနဲ့ ရှိထားတဲ့ ဗိသုကာအနုလက်ရာတွေ၊ သမိုင်းဝင်တန်ဖိုးတွေကို ထိန်းသိမ်းတဲ့နေရာမှာ ကျွန်မတို့ကလည်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ပြောသည်။


သူမက ဆက်လက်ပြောကြားသည်မှာ"ရန်ကုန်အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ချီးမြှင့်ပေးအပ်မယ့် အပြာရောင်ကမ္ဗည်းပြား ကိုလည်း မကြာခင်ရရှိဖို့ မျှော်လင့်နေပါတယ်။ ဒီချီးမြှင့်မှုက ဘဏ်နဲ့ ဘဏ်ရဲ့ ၀န်ထမ်းအားလုံး၊ပြုပြင်တည်ဆောက်ရေးအစီအစဉ်မှာ ပါဝင် ဆောင်ရွက်ခဲ့တဲ့ ကန်ထရိုက်တာအားလုံးအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှု ဖြစ်ပါလိမ့်မယ်” MCB ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Godfrey Swain ကလည်း "MCB ဟာ ဒီလထဲမှာပဲ MCB Citizens Banking App အသစ်ကို Apple App Store နဲ့ Google Play မှာရရှိနိုင်အောင် ဆောင်ရွက်နိုင်ခဲ့ ပြီး၊ ရန်ကုန်မှာရှိတဲ့ မူလဇစ်မြစ်နေရာကိုလည်း ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်”ဟုပြောကြားခဲ့သည်။

 

ဆက်လက်၍"ဘဏ်ရဲ့ ၀န်ထမ်းတွေအတွက် လုပ်ငန်းဆောင်ရွက်ရမယ့်နေရာထိုင်ခင်းတွေကို ခုလို စီစဉ် ပေးရတာ ဂုဏ်ယူရပါတယ်။ ဝန်ထမ်းအားလုံးနဲ့ customer တွေကို ခေတ်မှီပြီး၊ သက်သောင့်သက်သာရှိစေမယ့် ရုံးခန်းသစ်တွေကနေ ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ Retail SME၊ Commercial Corporate dient တွေအနေနဲ့ MCB ရဲ့ အကောင်းဆုံး ၀န်ဆောင်မှုတွေကို ရယူရင်းဒီအထင်ကရ ဘဏ်ခွဲသစ်ရဲ့ မြေညီထပ်မှာ တည်ရှိတဲ့ ခန်းနားလှပတဲ့ banking hall နေရာတွေမှာ ဆောင်ရွက်လိုတာတွေကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Plenitude_papers__packaging_Materials.png

MCB ဘဏ်အကြောင်း

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံသားများဘဏ် (MCB)သည် နိုင်ငံအတွင်း တည်ထောင်ခဲ့ သည့် ပထမဆုံး ပုဂ္ဂလိကပိုင်ဘဏ်များထဲမှ တစ်ခုဖြစ်ပြီး၊ ရန်ကုန်စတော့အိတ်ချိန်းတွင်လည်း ပထမဆုံး စာရင်းဝင် ဘဏ်ဖြစ်သည်။ မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် အမြန်ဆန်ဆုံးသော တိုးတက်မှုနှုန်းများဖြင့် အောင်မြင်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။

 

Commercial နှင့် SMEကဏ္ဍများအား ယခင်ကတည်းက အလေးထားခဲ့သော MCBသည် နိုင်ငံအနှံမြို့ကြီး ၂၆ မြို့တွင် ဖွင့်လှစ်ထားသည့် ဘဏ်ခွဲပေါင်း ၅၀ နီးပါးမှ တစ်ဆင့်ထုတ်ကုန်သစ်နှင့် ၀န်ဆောင်မှုအသစ်များအား စီစဉ်ပေးအပ်လျက် ဘဏ်၏ Corporate နှင့် Retail banking ပိုင်းအား လျင်လျင်မြန်မြန် တိုးချဲ့လျက် ရှိသည်။

 

MCBသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင်ဖြစ်သည့် International Financial Corporation (IFC) နှင့် အတိုင်ပင်ခံဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရေရှည်စာချုပ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ပြီး၊

 

နိုင်ငံတကာဘဏ်လုပ်ငန်းစံနှုန်းများ၊ ထိရောက်မှုအဆင့်၊ customer၀န်ဆောင်မှုအဆင့်များနှင့် ကိုက်ညီရုံသာမက သာလွန်သည့်အဆင့်မြင့် universal banking model အဖြစ် ပုံဖော်၊ တည်ဆောက်နိုင်ရေး ၃ နှစ်တာ ပြုပြင် ပြောင်းလဲရေးခရီးစဉ်ကို စတင်လျက်ရှိပါသည်။

 

အခြားသောသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

 

ရင်းမြစ်။ ။ မြန်မာနိုင်ငံသားများဘဏ် (MCB)

By Myanmar Builder Guide

Yee_Yee_Tun_International.png

Read 390 times Last modified on Monday, 17 August 2020 22:25
Rate this item
(0 votes)