ရန်ကုန်တွင် ဟိုတယ်တစ်ခု ဖွင့်လှစ်ထားသည့် Wyndham သည် လာမည့်နှစ်များအတွင်း ဟိုတယ်ဖွင့်ပွဲ ၁၂၈ ခုကို စီစဉ်ရန်ရှိသည်

ရန်ကုန်တွင် ဟိုတယ်တစ်ခု ဖွင့်လှစ်ထားသည့် Wyndham သည် လာမည့်နှစ်များအတွင်း ဟိုတယ်ဖွင့်ပွဲ ၁၂၈ ခုကို စီစဉ်ရန်ရှိသည်

Wyndham သည် အာရှပစိဖိတ် ဒေသကိုအထူးအာရုံစိုက်ပြီး လာမည့်နှစ်များအတွင်း

အခန်းပေါင်း ၃၀၀၀၀ နီးပါး ထပ်မံတိုးချဲ့ရန် စီစဉ်ထားသည်။

ဟိုတယ် ၁၂၈ လုံးနှင့် အခန်းပေါင်း ၂၈၇၅၈ ကို ဖြည့်ထည့်မည့် Wyndham သည်လာမည့်နှစ်များအတွက် ကြီးမားသော အစီအစဉ်များ ရှိနေသည်။

COVID-19 ပြန့်ပွားမှုသည် ဤစီမံကိန်းအချို့ကို နောက်ကျစေပြီး ဖွင့်ပွဲများကို နှောင့်နှေးစေခဲ့သည်။ သို့သော် ၎င်းWyndham သည် အကောင်းမြင်ထားသည်။


ဟိုတယ်အစီအစဉ်အတွက် အချိန်ဇယားကိုပြောင်းလဲခြင်း
========
စီစဉ်ထားသော အဆောက်အအုံ ၁၂၈ အနက် ၅၆ ခုသည် ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်ရန်နှင့် အခန်းပေါင်း ၁၂,၂၄၁ ခန်း ဖြည့်ထည့်ရန် ဖြစ်သည်။ COVID-19 ဖြစ်ပွားမှုကြောင့် ဤစီမံကိန်းအများစုသည် ၂၀၂၀ ခုနှစ်တွင် ရွှေ့ဆိုင်းလိုက်ပြီး လာမည့်နှစ်သို့ ပြောင်းရွှေ့ခဲ့ရသည်။

၂၀၁၂ ခုနှစ်တွင် ဟိုတယ် ၃၁ ခု ရှိလာမည်ဖြစ်ပြီး အခန်းပေါင်း ၆၉၉၅ ရှိမည် ဖြစ်သည်။
နောက်ထပ် ဟိုတယ် ၁၇ ခုကို ၂၀၂၂ တွင် ဖွင့်လှစ်မည်။ နောက်ထပ် ၂၄ ခုကို ၂၀၂၃ခုနှစ်နှင့် ထိုနှစ်နောက်ပိုင်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။

Wyndham ဟိုတယ်လုပ်ငန်းစုသည် ာအာရှပစိဖိတ်ဒေသအတွင်း တိုးချဲ့ရန် စူးစိုက်ထားသည်။ သို့ဖြစ်ရာ လာမည့်နှစ်အနည်းငယ်အတွင်းဟိုတယ်အသစ် ၇၀ ကို ဖွင့်လှစ်လိမ့်မည်ဖြစ်ပြီး အခန်းပေါင်း ၁၆,၃၀၄ ပါ ၀ င်သည်။
ဒုတိယဖြစ်သော တောင်အမေရိကတိုက်တွင် ဟိုတယ် ၂၁ ခု နှင့် အခန်းပေါင်း ၃၈၃၂ ခန်းဖြင့် လုပ်ကိုင်သွားမည်?
တတိယဖြစ်သော မြောက်အမေရိကတွင် ဟိုတယ်အသစ် ၁၅ လုံးကို အခန်းပေါင်း ၄၄၀၀ ဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ဟိုတယ်အသစ် ၁၀ ခုကို လည်းကောင်း ၊ ဥရောပတွင် ဟိုတယ်အသစ် ၇ ခုကိုလည်း ဖွင့်လှစ်မည်ဖြစ်ပြီး အာဖရိကတွင်လည်း ဟိုတယ် ၅ လုံးကို ဖွင့်လှစ်မည်။
အဆိုပါ ဟိုတယ်များ အားလုံးကို Wyndham အမည်အမှတ်တံဆိပ် သုံးစွဲသွားမည် ဖြစ်သည်။

Wyndham ၏ထိပ်တန်း ၅ နိုင်ငံ
========
Wyndham ၏ထိပ်တန်း ၅ နိုင်ငံတွင် အာရှမှ သုံးနိုင်ငံ ပါဝင်သည်။
ဟိုတယ် ၃၁ ခု ၊ အခန်း ၇,၆၀၈ ခန်းဖြင့် တရုတ်က ဦး ဆောင်နေသည်။ အိန္ဒိယတွင် ဟိုတယ် ၉ လုံးနှင့် ဗီယက်နမ်တွင် ဟိုတယ် ၆ လုံး ပိုင်ဆိုင်ထားသည်။

အာဂျင်တီးနားသည် ဟိုတယ် ၁၂ ခုနှင့်အခန်းပေါင်း ၁၀၄၆ ခန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ အမေရိကန်ပြည်ထောင်စုက ဟိုတယ်အသစ် ၁၀ လုံးနှင့်အခန်းပေါင်း ၃၀၀၉ ဖြင် တတိယ နေရာတွင် ရှိသည်။

လက်ရှိလုပ်ဆောင်နေသော အကြီးမားဆုံးစီမံကိန်းမှာ Kentucky၊ Louisville ရှိ အခန်း ၁,၂၉၄ ခန်း Galt House ဟိုတယ်ကို ပြန်လည်ပြုပြင်မွမ်းမံခြင်းဖြစ်သည် ။ အခန်းများကို ပြန်လည်ပြုပြင်မွမ်းမံပြီး လက်ရှိထမင်းစားခန်းများကို ခေတ်မီအောင်လုပ်မည်။ ဟိုတယ် အနောက်ပိုင်းမျှော်စင်တွင် လေသာဆောင်ထိုင်ခုံများနှင့် ရှုခင်းပါသော စားသောက်ဆိုင်အသစ်တစ်ခု ဖွင့်လှစ်ထားရှိမည်ဖြစ်သည်။

 

ZAWGYI

ရန္ကုန္တြင္ ဟိုတယ္တစ္ခု ဖြင့္လွစ္ထားသည့္ Wyndham သည္ လာမည့္ႏွစ္မ်ားအတြင္း ဟိုတယ္ဖြင့္ပြဲ ၁၂၈ ခုကို စီစဥ္ရန္ရွိသည္


Wyndham သည္ အာရွပစိဖိတ္ ေဒသကိုအထူးအာ႐ုံစိုက္ၿပီး လာမည့္ႏွစ္မ်ားအတြင္း အခန္းေပါင္း ၃၀၀၀၀ နီးပါး ထပ္မံတိုးခ်ဲ႕ရန္ စီစဥ္ထားသည္။

ဟိုတယ္ ၁၂၈ လုံးႏွင့္ အခန္းေပါင္း ၂၈၇၅၈ ကို ျဖည့္ထည့္မည့္ Wyndham သည္လာမည့္ႏွစ္မ်ားအတြက္ ႀကီးမားေသာ အစီအစဥ္မ်ား ရွိေနသည္။

COVID-19 ျပန႔္ပြားမႈသည္ ဤစီမံကိန္းအခ်ိဳ႕ကို ေနာက္က်ေစၿပီး ဖြင့္ပြဲမ်ားကို ေႏွာင့္ေႏွးေစခဲ့သည္။ သို႔ေသာ္ ၎Wyndham သည္ အေကာင္းျမင္ထားသည္။


ဟိုတယ္အစီအစဥ္အတြက္ အခ်ိန္ဇယားကိုေျပာင္းလဲျခင္း
========
စီစဥ္ထားေသာ အေဆာက္အအုံ ၁၂၈ အနက္ ၅၆ ခုသည္ ၂၀၂၀ ခုႏွစ္တြင္ ဖြင့္လွစ္ရန္ႏွင့္ အခန္းေပါင္း ၁၂,၂၄၁ ခန္း ျဖည့္ထည့္ရန္ ျဖစ္သည္။ COVID-19 ျဖစ္ပြားမႈေၾကာင့္ ဤစီမံကိန္းအမ်ားစုသည္ ၂၀၂၀ ခုႏွစ္တြင္ ေ႐ႊ႕ဆိုင္းလိုက္ၿပီး လာမည့္ႏွစ္သို႔ ေျပာင္းေ႐ႊ႕ခဲ့ရသည္။

၂၀၁၂ ခုႏွစ္တြင္ ဟိုတယ္ ၃၁ ခု ရွိလာမည္ျဖစ္ၿပီး အခန္းေပါင္း ၆၉၉၅ ရွိမည္ ျဖစ္သည္။
ေနာက္ထပ္ ဟိုတယ္ ၁၇ ခုကို ၂၀၂၂ တြင္ ဖြင့္လွစ္မည္။ ေနာက္ထပ္ ၂၄ ခုကို ၂၀၂၃ခုႏွစ္ႏွင့္ ထိုႏွစ္ေနာက္ပိုင္းတြင္ ဖြင့္လွစ္မည္ ျဖစ္သည္။

Wyndham ဟိုတယ္လုပ္ငန္းစုသည္ ာအာရွပစိဖိတ္ေဒသအတြင္း တိုးခ်ဲ႕ရန္ စူးစိုက္ထားသည္။ သို႔ျဖစ္ရာ လာမည့္ႏွစ္အနည္းငယ္အတြင္းဟိုတယ္အသစ္ ၇၀ ကို ဖြင့္လွစ္လိမ့္မည္ျဖစ္ၿပီး အခန္းေပါင္း ၁၆,၃၀၄ ပါ ၀ င္သည္။
ဒုတိယျဖစ္ေသာ ေတာင္အေမရိကတိုက္တြင္ ဟိုတယ္ ၂၁ ခု ႏွင့္ အခန္းေပါင္း ၃၈၃၂ ခန္းျဖင့္ လုပ္ကိုင္သြားမည္?
တတိယျဖစ္ေသာ ေျမာက္အေမရိကတြင္ ဟိုတယ္အသစ္ ၁၅ လုံးကို အခန္းေပါင္း ၄၄၀၀ ျဖင့္ လုပ္ကိုင္သြားမည္ ျဖစ္သည္။
အေရွ႕အလယ္ပိုင္းေဒသတြင္ ဟိုတယ္အသစ္ ၁၀ ခုကို လည္းေကာင္း ၊ ဥေရာပတြင္ ဟိုတယ္အသစ္ ၇ ခုကိုလည္း ဖြင့္လွစ္မည္ျဖစ္ၿပီး အာဖရိကတြင္လည္း ဟိုတယ္ ၅ လုံးကို ဖြင့္လွစ္မည္။
အဆိုပါ ဟိုတယ္မ်ား အားလုံးကို Wyndham အမည္အမွတ္တံဆိပ္ သုံးစြဲသြားမည္ ျဖစ္သည္။

Wyndham ၏ထိပ္တန္း ၅ ႏိုင္ငံ
========
Wyndham ၏ထိပ္တန္း ၅ ႏိုင္ငံတြင္ အာရွမွ သုံးႏိုင္ငံ ပါဝင္သည္။
ဟိုတယ္ ၃၁ ခု ၊ အခန္း ၇,၆၀၈ ခန္းျဖင့္ တ႐ုတ္က ဦး ေဆာင္ေနသည္။ အိႏၵိယတြင္ ဟိုတယ္ ၉ လုံးႏွင့္ ဗီယက္နမ္တြင္ ဟိုတယ္ ၆ လုံး ပိုင္ဆိုင္ထားသည္။

အာဂ်င္တီးနားသည္ ဟိုတယ္ ၁၂ ခုႏွင့္အခန္းေပါင္း ၁၀၄၆ ခန္းျဖင့္ ဒုတိယေနရာတြင္ ရပ္တည္ေနသည္။ အေမရိကန္ျပည္ေထာင္စုက ဟိုတယ္အသစ္ ၁၀ လုံးႏွင့္အခန္းေပါင္း ၃၀၀၉ ျဖင္ တတိယ ေနရာတြင္ ရွိသည္။

လက္ရွိလုပ္ေဆာင္ေနေသာ အႀကီးမားဆုံးစီမံကိန္းမွာ Kentucky၊ Louisville ရွိ အခန္း ၁,၂၉၄ ခန္း Galt House ဟိုတယ္ကို ျပန္လည္ျပဳျပင္မြမ္းမံျခင္းျဖစ္သည္ ။ အခန္းမ်ားကို ျပန္လည္ျပဳျပင္မြမ္းမံၿပီး လက္ရွိထမင္းစားခန္းမ်ားကို ေခတ္မီေအာင္လုပ္မည္။ ဟိုတယ္ အေနာက္ပိုင္းေမွ်ာ္စင္တြင္ ေလသာေဆာင္ထိုင္ခုံမ်ားႏွင့္ ရႈခင္းပါေသာ စားေသာက္ဆိုင္အသစ္တစ္ခု ဖြင့္လွစ္ထားရွိမည္ျဖစ္သည္။

 

 

Read 5574 times
Rate this item
(1 Vote)