ဂျပန်အစိုးရ အထောက်အပံ့ဖြင့် ဆေးရုံအဆင့်မြှင့်တင်စီမံကိန်း ဆောင်ရွက်မည်

ဂျပန်အစိုးရ အထောက်အပံ့ဖြင့် ဆေးရုံအဆင့်မြှင့်တင်စီမံကိန်း ဆောင်ရွက်မည် google

မောင်တောမြို့နယ်တွင် ပြည်သူဆေးရုံအဆင့်မြှင့်တင်ရေးစီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သိန်းကျော် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

 

'' ရခိုင်ပြည်နယ်မှာဆိုရင် စီးပွားရေးတိုးတက်မှု အင်မတန်မှ မြန်မာနိုင်ငံမှာ နောက်ကျတဲ့ဒေသဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်နယ်အရေးကြီးတာက လူမှုရေးကဏ္ဍ ဖြစ်ပါတယ်။ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို အဲဒါကို ဦးစားပေးပြီးတော့ ဆက်လက်ပြီးတော့ အကူအညီပေးဖို့ စဉ်းစားနေပါတယ် '' ဟု မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာမာရုယာမက ပြောသည်။

 

 

လက်ရှိတွင် မောင်တောမြို့နယ်ရှိ ဆေးရုံတွင် ပြင်ပလူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင် မရှိသောကြောင့် ပြင်ပလူနာများကို အတွင်းလူနာဆောင်ရှိ နေရာတစ်ခုတွင် ထားရှိကုသရပြီး အထူးကြပ်မတ်ကုသဆောင်မရှိသောကြောင့် အရေးပေါ်လူနာများကို အခြားသောလူနာများနှင့် အတူတကွ ကုသရကြောင်း သိရသည်။

 

 

လုပ်ငန်းသုံးပရိဘောဂ လုပ်ငန်းပေါင်း ၂၅ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့ကြောင့် မောင်တောမြို့နယ်ရှိ ပြည်သူ့ဆေးရုံအတွက် ပေးအပ်သည့် ထောက်ပံ့ငွေများဖြင့် ပြင်ပလူနာဆောင်၊ အရေးပေါ်လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်တို့ ဆောက်လုပ်ခြင်းနှင့် လိုအပ်သော ဆေးပစ္စည်းကိရိယာများ ဝယ်ယူခြင်းအတွက် သုံးစွဲသွားမည်ဟု မောင်တောမြို့နယ် ဆေးရုံအုပ် ဒေါက်တာကျော်မောင်မောင်သိမ်းက ပြောသည်။

 

 

အဆိုပါဆေးရုံစီမံကိန်းတွင် ခုတင် ၅၀ ဆံ့မည်ဖြစ်ပြီး တစ်နှစ်စီမံကိန်းဖြစ်၍ ဆေးရုံအဆင့်မြှင့်တင်ရေးအစီမံကိန်းများကို ဧပြီလတွင် စတင်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ဂ်ပန္အစိုးရ အေထာက္အပံ့ျဖင့္ ေဆးရံုအဆင့္ျမွင့္တင္စီမံကိန္း ေဆာင္ရြက္မည္

 

 

ေမာင္ေတာၿမိဳ႕နယ္တြင္ ျပည္သူေဆးရံုအဆင့္ျမွင့္တင္ေရးစီမံကိန္း ေဆာင္ရြက္ရန္အတြက္ ဂ်ပန္ႏိုင္ငံအစိုးရမွ အေမရိကန္ေဒၚလာ ၄ ဒသမ ၇ သိန္းေက်ာ္ ေထာက္ပံ့မည္ျဖစ္ေၾကာင္း သိရသည္။

 

 

'' ရခိုင္ျပည္နယ္မွာဆိုရင္ စီးပြားေရးတိုးတက္မႈ အင္မတန္မွ ျမန္မာႏိုင္ငံမွာ ေနာက္က်တဲ့ေဒသျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ ဂ်ပန္အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံ အထူးသျဖင့္ ရခိုင္ျပည္နယ္အေရးႀကီးတာက လူမႈေရးက႑ ျဖစ္ပါတယ္။ ပညာေရး၊ က်န္းမာေရးက႑ကို အဲဒါကို ဦးစားေပးၿပီးေတာ့ ဆက္လက္ၿပီးေတာ့ အကူအညီေပးဖို႔ စဥ္းစားေနပါတယ္ '' ဟု ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး မစၥတာမာရုယာမက ေျပာသည္။

 

 

လက္ရွိတြင္ ေမာင္ေတာၿမိဳ႕နယ္ရွိ ေဆးရံုတြင္ ျပင္ပလူနာေဆာင္ႏွင့္ အထူးၾကပ္မတ္ကုသေဆာင္ မရွိေသာေၾကာင့္ ျပင္ပလူနာမ်ားကို အတြင္းလူနာေဆာင္ရွိ ေနရာတစ္ခုတြင္ ထားရွိကုသရၿပီး အထူးၾကပ္မတ္ကုသေဆာင္မရွိေသာေၾကာင့္ အေရးေပၚလူနာမ်ားကို အျခားေသာလူနာမ်ားနွင့္ အတူတကြ ကုသရေၾကာင္း သိရသည္။

 

 

ထို႔ေၾကာင့္ ေမာင္ေတာၿမိဳ႕နယ္ရွိ ျပည္သူ႔ေဆးရံုအတြက္ ေပးအပ္သည့္ ေထာက္ပံ့ေငြမ်ားျဖင့္ ျပင္ပလူနာေဆာင္၊ အေရးေပၚလူနာေဆာင္ႏွင့္ အထူးၾကပ္မတ္ကုသေဆာင္တို႔ ေဆာက္လုပ္ျခင္းႏွင့္ လိုအပ္ေသာ ေဆးပစၥည္းကိရိယာမ်ား ဝယ္ယူျခင္းအတြက္ သံုးစြဲသြားမည္ဟု ေမာင္ေတာၿမိဳ႕နယ္ ေဆးရံုအုပ္ ေဒါက္တာေက်ာ္ေမာင္ေမာင္သိမ္းက ေျပာသည္။

 

 

အဆိုပါေဆးရံုစီမံကိန္းတြင္ ခုတင္ ၅၀ ဆ့ံမည္ျဖစ္ၿပီး တစ္ႏွစ္စီမံကိန္းျဖစ္၍ ေဆးရံုအဆင့္ျမွင့္တင္ေရးအစီမံကိန္းမ်ားကို ဧၿပီလတြင္ စတင္ေဆာင္ရြက္ရန္ လ်ာထားေၾကာင္း သိရသည္။

 

 

Read 4674 times Last modified on Wednesday, 25 March 2020 10:22
Rate this item
(0 votes)
Tagged under