(COVID-19) သံသယလူနာများထားရှိရန် ယာယီဆေးရုံ ငါးရက်အတွင်း တည်ဆောက်မည်
(COVID-19) သံသယလူနာများထားရှိရန် ယာယီဆေးရုံ ငါးရက်အတွင်း တည်ဆောက်မည်
မုံရွာမြို့တွင် (COVID-19) သံသယလူနာများ ထားရှိရန်အတွက် ယာယီဆေးရုံကို ဒေါနခြံရပ် စားသုံးသူရေးရာဌာနပိုင်ဝန်းအတွင်း တည်ဆောက်နေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။
(COVID-19) ယာယီဆေးရုံကို အလျား ၄၀ ပေနှင့် အနံ ၈ ပေရှိ ကွန်တိန်နာ ၁၅ လုံးထားရှိမည်ဖြစ်ပြီး ငါးရက်အတွင်းတည်ဆောက်သွားမည်ဖြစ်သည်။
"အကယ်၍ဖြစ်လာခဲ့လို့ ဆေးရုံကြီးမှာ မနိုင်ရင် ထားဖို့ပါ။ ဆေးရုံကြီးနဲ့လည်း နီးတယ်။ဝန်းလည်းအားတယ်။ ဒါဟာ အမျိုးသားရေးလည်းဖြစ်တယ်ဆိုပြီး ခွင့်ပြုခဲ့တာပါ '' ဟု တိုင်းအဆင့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးကော်မတီဥက္ကဌ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။
Read More >>>သီလဝါတွင် Suzuki မှ CKD စနစ်ဖြင့် ထုတ်လုပ်တပ်ဆင်ရန် စက်ရုံအသစ် တည်ဆောက်မည်
အဆိုပါ ဆေးရုံတည်ဆောက်ရေးနှင့် ကွန်တိန်နာ Box များကို အောင်မြသန်းကုမ္ပဏီမှ ကူညီပံ့ပိုးခြင်းဖြစ်ပြီး လူနာ ၂၀ ဆံ့မည်ဖြစ်သည်။
>>>ဗိသုကာပညာရှင်များ လုပ်ငန်းပေါင်း ၁၆၂ ခုကို ရှာရန်နှိပ်ပါ<<<
ယာယီတည်ဆောက်နေသည့် ဆေးရုံတွင် အသုံးပြုမည့် ကွန်တိန်နာများတွင် ဆရာဝန်များနေထိုင်ရန် အခန်းများ၊ အိမ်သာ၊ ရေချိုးခန်းနှင့် Air-con စသည်များ ပါဝင်မည်ဖြစ်ပြီး လိုအပ်သော ဆေးပစ္စည်းများကို တိုင်းအစိုးရနှင့် ဒေသခံပြည်သူများက ပါဝင် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Myanmar Builders Guide
---Zawgyi---
Read 84688 times
Rate this item
(1 Vote)
Tagged under