ရှမ်းပြည်နယ်တွင် ကူးစက်မြန်ဆန်သောရောဂါများ သီးသန့်ကုသရန် ဆေးရုံတည်ဆောက်မည်

ရှမ်းပြည်နယ်တွင် ကူးစက်မြန်ဆန်သောရောဂါများ သီးသန့်ကုသရန် ဆေးရုံတည်ဆောက်မည် google

ရှမ်းပြည်နယ်တွင် OVID-19 ကဲ့သို့သော ကူးစက်မြန်ရောဂါများ သီးသန့်ကုသ မည့်ဆေးရုံ တည်ဆောက်ရန် ရှမ်းပြည်နယ်အစိုးရက ဆုံးဖြတ်ထားသည်ကြောင်း ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပြောသည်။

 

ရှမ်းပြည်နယ်သည် တရုတ်၊ လာအို၊ ထိုင်းနိုင်ငံနှင့် နယ်မြေများစွာ ထိစပ်နေသဖြင့် COVID-19 အပါအဝင် ယင်းကဲ့သို့ သော ကူးစက်ရောဂါဖြစ်ပွားလာပါက သီးသန့်ဆေးရုံတွင် ကုသနိုင်ရန် လိုအပ်သဖြင့် ရှမ်းပြည်နယ်အစိုးရ ကက်ဘိနက်အစည်း အဝေးက ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ဦးစိုးညွှန့်က ပြောသည်။

 

 

'' ပွင့်ပွင့်လင်းလင်းပြောရင် ကူးစက်မြန်ရောဂါ ဖြစ်ပေါ်လာရင် လက်ရှိ ရှမ်းပြည်နယ်မှာရှိတဲ့ ဆေးရုံနဲ့ သီးခြားခွဲထားပြီး ကုသတဲ့အဆောင် မလုံလောက်ဘူး။ တချို့ဆို ခုတင်သုံး၊ လေးလုံးပဲ ထားနိုင်တယ်။ တချို့ဆေးရုံဆို အမိုး၊ အကာတောင် မရှိဘူး '' ဟု ၎င်းကပြောသည်။

 

 

>>>ချင်းပြည်နယ်တွင် အရှည်ပေ ၄၀၀ ရှိ ပူစောကျေးရွာ ကြိုးတံတား တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး<<<

 

 

လက်ရှိတွင် ရှမ်းပြည်နယ်ရှိ ဆေးရုံများသည် ကူးစက်ရောဂါ ဆိုးရွားစွာဖြစ်ပွားပါက လူနာများကို သီးသန့်ခွဲခြားကုသရန် လုံလောက်မှုမရှိဟု ၎င်းကဆိုသည်။

 

 

ယင်းကဲ့သို့ ဆေးရုံတည်ဆောက်ရန် ပြည်ထောင်စုကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးထံ တင်ပြပြီးဖြစ်ကာ ယခုတွင် မူအားဖြင့် သဘောတူထားပြီးဖြစ် ကြောင်း ၎င်းကပြောသည်။ ထို့ကြောင့် ၂၀၂၀-၂၁ တွင် ဘတ်ဂျက်လျာထားပြီး အမြန်ဆုံး ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားကြောင်း ၎င်းကပြောသည်။

 

 

ရေတွင်းတူးရေးလုပ်ငန်းပေါင်း ၇၇ ခုကို ရှာရန်နှိပ်ပါ

 

 

ထို့ကြောင့် ရေရှည်တွင် ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် COVID-19 အပါအဝင် ယင်းကဲ့ သို့သော အလားတူကူးစက်မြန် ရောဂါကို ကုသနိုင်သည့် သီးသန့် ဆေးရုံကို တောင်ကြီးမြို့ မြေဧက ၂၀ ပေါ်တွင် တည်ဆောက်ရန် မြေနေရာရှာဖွေနေကြောင်း ဦးစိုးညွန့်က ပြောသည်။

 

 

Source: 7DayNews

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရွမ္းျပည္နယ္တြင္ ကူးစက္ျမန္ဆန္ေသာေရာဂါမ်ား သီးသန္႔ကုသရန္ ေဆးရံုတည္ေဆာက္မည္

 

 

ရွမ္းျပည္နယ္တြင္ OVID-19 ကဲ့သို႔ေသာ ကူးစက္ျမန္ေရာဂါမ်ား သီးသန႔္ကုသ မည့္ေဆး႐ုံ တည္ေဆာက္ရန္ ရွမ္းျပည္နယ္အစိုးရက ဆံုးျဖတ္ထားသည္ေၾကာင္း ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန႔္လြင္က ေျပာသည္။

 

 

ရွမ္းျပည္နယ္သည္ တ႐ုတ္၊ လာအို၊ ထိုင္းႏိုင္ငံႏွင့္ နယ္ေျမမ်ားစြာ ထိစပ္ေနသျဖင့္ COVID-19 အပါအဝင္ ယင္းကဲ့သို႔ ေသာ ကူးစက္ေရာဂါျဖစ္ပြားလာပါက သီးသန႔္ေဆး႐ုံတြင္ ကုသႏိုင္ရန္ လိုအပ္သျဖင့္ ရွမ္းျပည္နယ္အစိုးရ ကက္ဘိနက္အစည္း အေဝးက ဆုံးျဖတ္ျခင္းျဖစ္ေၾကာင္း ဦးစိုးညႊန္႔က ေျပာသည္။

 

 

'' ပြင့္ပြင့္လင္းလင္းေျပာရင္ ကူးစက္ျမန္ေရာဂါ ျဖစ္ေပၚလာရင္ လက္ရွိ ရွမ္းျပည္နယ္မွာရွိတဲ့ ေဆး႐ုံနဲ႔ သီးျခားခြဲထားၿပီး ကုသတဲ့အေဆာင္ မလုံေလာက္ဘူး။ တခ်ိဳ႕ဆို ခုတင္သုံး၊ ေလးလုံးပဲ ထားႏိုင္တယ္။ တခ်ိဳ႕ေဆး႐ုံဆို အမိုး၊ အကာေတာင္ မရွိဘူး '' ဟု ၎ကေျပာသည္။

 

 

လက္ရွိတြင္ ရွမ္းျပည္နယ္ရွိ ေဆး႐ုံမ်ားသည္ ကူးစက္ေရာဂါ ဆိုး႐ြားစြာျဖစ္ပြားပါက လူနာမ်ားကို သီးသန႔္ခြဲျခားကုသရန္ လုံေလာက္မႈမရွိဟု ၎ကဆိုသည္။

 

 

ယင္းကဲ့သို႔ ေဆး႐ုံတည္ေဆာက္ရန္ ျပည္ေထာင္စုက်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးထံ တင္ျပၿပီးျဖစ္ကာ ယခုတြင္ မူအားျဖင့္ သေဘာတူထားၿပီးျဖစ္ ေၾကာင္း ၎ကေျပာသည္။ ထို႔ေၾကာင့္ ၂၀၂၀-၂၁ တြင္ ဘတ္ဂ်က္လ်ာထားၿပီး အျမန္ဆုံး ေဆာင္႐ြက္ရန္ ျပည္ေထာင္စုအစိုးရထံ တင္ျပထားေၾကာင္း ၎ကေျပာသည္။

 

 

ထို႔ေၾကာင့္ ေရရွည္တြင္ ယင္းျပႆနာကို ေျဖရွင္းႏိုင္ရန္ COVID-19 အပါအဝင္ ယင္းကဲ့ သို႔ေသာ အလားတူကူးစက္ျမန္ ေရာဂါကို ကုသႏိုင္သည့္ သီးသန႔္ ေဆး႐ုံကို ေတာင္ႀကီးၿမိဳ႕ ေျမဧက ၂၀ ေပၚတြင္ တည္ေဆာက္ရန္ ေျမေနရာရွာေဖြေနေၾကာင္း ဦးစိုးၫြန႔္က ေျပာသည္။

 

 

Source: 7DayNews

Read 651 times
Rate this item
(0 votes)