အင်းစိန် (၆) ထပ်ဆောင် ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

အင်းစိန် (၆) ထပ်ဆောင် ဆေးရုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ google

သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံကြီး၊ အင်းစိန် (၆) ထပ်ဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၉ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အဆောက်အဦ ဖွင့်ပွဲ အခမ်းအနားအား ကျင်းပခဲ့သည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း တို့က (၆) ထပ်ဆောင်သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ (၆) ထပ်ဆောင်သစ်ကြီး တိုးချဲ့တည်ဆောက် ဖွင့်လှစ်နိုင်ခြင်းဖြင့် လူနာများအနေဖြင့်

သက်သာချောင်ချိစွာဖြင့် ကုသမှုခံယူနိုင်မည်ဖြစ်ပြီး လူနာတစ်ဦးမှ တစ်ဦးထံသို့ ရောဂါပိုး ကူးစက်နိုင်ခြေများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊

ဆရာဝန်၊ သူနာပြုနှင့် ကုသမှုအထောက်အကူပြု ပညာရှင်များအနေဖြင့်လည်း ပိုမိုအဆင်ပြေစွာဖြင့် ကုသမှုပေးအပ်နိုင်မည် ဖြစ်ပါကြောင်း။

ယခုအဆောင်သစ်အပါအဝင် ဆေးရုံကြီးတစ်ခုလုံးနှင့် ဆေးရုံပတ်ဝန်းကျင် သန့်ရှင်းရေး၊ ရောဂါပိုးများ သယ်ဆောင်သည့် ခြင်၊

ယင် အစရှိသည့် ပိုးမွှားများ ကင်းရှင်းရေးအတွက် ဆေးရုံကြီးမှ တာဝန်ရှိသူများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပံ့ပိုးကူညီမှု၊

ပြည်သူများ၏ ပါဝင်ဆောင်ရွက်မှုတို့ဖြင့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ လူနာနှင့် လူနာစောင့်များအနေဖြင့်လည်း ဆေးရုံတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း၊

ကွမ်းတံထွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်ကြရန် အရေးကြီးပါကြောင်း၊ ဆေးရုံကြီးသို့ အနီးရှိ မြို့နယ်များအပါအဝင် နေရာဒေသအသီးသီးမှ လူနာများက အားကိုးအားထား ပြုလာရောက်ကုသမှု ခံယူနေသည်ကို တွေ့ရှိရပါကြောင်း၊

 

ဆေးရုံကြီးမှ တာဝန်ရှိသူများအနေဖြင့် ဆေးရုံသို့ လာရောက်ကုသမှုခံယူသည့် လူနာများ၏ နေထိုင်ရာ နေရာဒေသ၊ ရောဂါအမျိုးအစား၊ ရာသီအလိုက်၊

နှစ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဓာတ်ခွဲနှင့် ဓာတ်မှန် စမ်းသပ်မှု၊ ကုသမှုအမျိုးမျိုး၊ သွေးသွင်းကုသမှုများစသည့် စာရင်းဇယားများကို စနစ်တကျပြုစု ထားရှိရမည်ဖြစ်ကာ

ဆေးရုံသတင်း အချက်အလက် စနစ်ခိုင်မာ အားကောင်းစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

 

ဆေးရုံနှစ်ပတ်လည် အစီရင်ခံစာကိုလည်း ပြုစုထုတ်ဝေသွားရမည်ဖြစ်ပြီး စာရင်းဇယား များကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍

နောင်ကာလများအတွက် လိုအပ်မည့် ဆေးဝါး၊ ဆေးပစ္စည်း ကိရိယာ၊ ဓာတ်ခွဲစမ်းသပ်မှု ပစ္စည်းကိရိယာ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်၊ လူနာဆောင် တို့ကို တိကျစွာ တွက်ချက်သွားနိုင်မည်ဖြစ်ပါကြောင်း၊

 

ယခုကဲ့သို့ ရောဂါဖြစ်ပွားသူများအား ကုသမှုပေးရန် ဆေးရုံအဆောင်သစ်များ တိုးချဲ့ဖွင့်လှစ်ခြင်းထက် ပြည်သူများကျန်းမာရေး အသိပညာဗဟုသုတ ကြွယ်ဝကာ

ရောဂါဖြစ်ပွားမှုများမှ ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှု ရှိပါကလည်း စောစီးစွာစနစ်တကျ ကုသမှု ခံယူရန်မှာ ပိုမိုအရေးကြီးပါကြောင်း၊

အထူးသဖြင့် မကူးစက်တတ်သော ရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးနှင့် နှလုံးသွေးကြော ရောဂါများသည် ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ခြင်းဖြင့် ကြိုတင် ကာကွယ်နိုင်ပါကြောင်း၊

 

ဆေးရုံကြီး ဘက်စုံ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဆေးရုံအထောက်အကူပြုအဖွဲ့၊

ဆေးရုံမှ တာဝန်ရှိသူများ၊ ပြည်သူများအားလုံးမှ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် သဘောထားကာ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လက်တွေ့မြေပြင်အခြေအနေများနှင့်

အမှန်တကယ်ကိုက်ညီမည့် လုပ်ဆောင်ချက်များဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုမိုတိုးတက် ဖွံ့ဖြိုးမှုများရရှိစေရေးအား စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို ပံ့ပိုးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊

 

ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံများသို့ အနယ်နယ် အရပ်ရပ်မှ လူနာများ လာရောက်ကုသမှုခံယူလျက်ရှိခြင်းကိုလည်း တွေ့ရှိရပါကြောင်း၊

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ပေါက်နေရာတွင် ရှိနေသော အင်းစိန်ဆေးရုံကြီးတွင် လူနာဆောင်သစ် ဆောက်လုပ်ခြင်းဖြင့် လူနာများအတွက် ကောင်းမွန်ပါကြောင်း၊

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေးပြည့်ဝရေး (quality control) ကိစ္စရပ်များတွင် မိမိတို့ အစိုးရအဖွဲ့အနေဖြင့်

ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ လိုအပ်သည်များကို မိမိတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ထို့နောက် သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းစိန်မှ ဆေးရုံအုပ်ကြီး ဒေါက်တာ မေစန်းချိုက နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၇၉၈) သန်း

အကုန်အကျခံတည်ဆောက်ခဲ့သည့် တိုးချဲ့ (၆) ထပ်ဆောင်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

 

ဆက်လက်၍ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပါသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက (၆) ထပ်ဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးရှိတိုးချဲ့ (၄) ထပ်ဆောင် ဆောက်လုပ်ရာနေရာသို့

ရောက်ရှိပြီး တိုးချဲ့ (၄) ထပ်ဆောင်ကို လှည့်လည်ကြည့်ရှု၍ ဖွင့်လှစ်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး (၈) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာကို လှည့်လည် ကြည့်ရှုခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်၊ ဆရာဝန်၊ သူနာပြုနှင့်

ကုသမှုအထောက် အကူပြုပညာရှင်များအား တွေ့ဆုံအမှာစကား ပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးနှင့် ဝန်ထမ်းများမှ တင်ပြလာသည့် လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

 

Myanmar Builders Guide

Zawgyi

အင္းစိန္ (၆) ထပ္ေဆာင္ ေဆးရုံသစ္ ဖြင့္ပြဲအခမ္းအနား က်င္းပ

 

သင္ၾကားေရးႏွင့္ အေထြေထြေရာဂါကု ေဆး႐ုံႀကီး၊ အင္းစိန္ (၆) ထပ္ေဆာင္သစ္ ဖြင့္ပြဲ အခမ္းအနားကို ၂ဝ၁၉ ဒီဇင္ဘာလ ၂၇ ရက္ေန႔တြင္ အေဆာက္အဦ ဖြင့္ပြဲ အခမ္းအနားအား က်င္းပခဲ့သည္။

 

ဖြင့္ပြဲအခမ္းအနားသို႔ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး၊ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းႏွင့္

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း တို႔က (၆) ထပ္ေဆာင္သစ္ကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ခဲ့သည္။

 

အခမ္းအနားတြင္ ျပည္ေထာင္စုဝန္ႀကီးက ယခုကဲ့သို႔ (၆) ထပ္ေဆာင္သစ္ႀကီး တိုးခ်ဲ႕တည္ေဆာက္ ဖြင့္လွစ္ႏိုင္ျခင္းျဖင့္ လူနာမ်ားအေနျဖင့္

သက္သာေခ်ာင္ခ်ိစြာျဖင့္ ကုသမႈခံယူႏိုင္မည္ျဖစ္ၿပီး လူနာတစ္ဦးမွ တစ္ဦးထံသို႔ ေရာဂါပိုး ကူးစက္ႏိုင္ေျခမ်ားလည္း ေလ်ာ့နည္းသြားမည္ျဖစ္ပါေၾကာင္း

၊ ဆရာဝန္၊ သူနာျပဳႏွင့္ ကုသမႈအေထာက္အကူျပဳ ပညာရွင္မ်ားအေနျဖင့္လည္း ပိုမိုအဆင္ေျပစြာျဖင့္ ကုသမႈေပးအပ္ႏိုင္မည္ ျဖစ္ပါေၾကာင္း။

 

ယခုအေဆာင္သစ္အပါအဝင္ ေဆး႐ုံႀကီးတစ္ခုလုံးႏွင့္ ေဆး႐ုံပတ္ဝန္းက်င္ သန႔္ရွင္းေရး၊ ေရာဂါပိုးမ်ား သယ္ေဆာင္သည့္ ျခင္၊ ယင္ အစရွိသည့္ ပိုးမႊားမ်ား ကင္းရွင္းေရးအတြက္

ေဆး႐ုံႀကီးမွ တာဝန္ရွိသူမ်ား အေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ပံ့ပိုးကူညီမႈ၊ ျပည္သူမ်ား၏ ပါဝင္ေဆာင္႐ြက္မႈတို႔ျဖင့္ ေဆာင္႐ြက္သြားေစလိုပါေၾကာင္း၊

လူနာႏွင့္ လူနာေစာင့္မ်ားအေနျဖင့္လည္း ေဆး႐ုံတြင္ စည္းကမ္းမဲ့ အမႈိက္စြန႔္ပစ္ျခင္း၊ ကြမ္းတံေထြးေထြးျခင္းတို႔ကို လုံးဝေရွာင္ၾကဥ္ၾကရန္ အေရးႀကီးပါေၾကာင္း၊

 ေဆး႐ုံႀကီးသို႔ အနီးရွိ ၿမိဳ႕နယ္မ်ားအပါအဝင္ ေနရာေဒသအသီးသီးမွ လူနာမ်ားက အားကိုးအားထား ျပဳလာေရာက္ကုသမႈ ခံယူေနသည္ကို ေတြ႕ရွိရပါေၾကာင္း၊

 

ေဆး႐ုံႀကီးမွ တာဝန္ရွိသူမ်ားအေနျဖင့္ ေဆး႐ုံသို႔ လာေရာက္ကုသမႈခံယူသည့္ လူနာမ်ား၏ ေနထိုင္ရာ ေနရာေဒသ၊ ေရာဂါအမ်ိဳးအစား၊ ရာသီအလိုက္၊ႏွစ္အလိုက္ ေရာဂါျဖစ္ပြားမႈ၊

ဓာတ္ခြဲႏွင့္ ဓာတ္မွန္ စမ္းသပ္မႈ၊ ကုသမႈအမ်ိဳးမ်ိဳး၊ ေသြးသြင္းကုသမႈမ်ားစသည့္ စာရင္းဇယားမ်ားကို စနစ္တက်ျပဳစု ထားရွိရမည္ျဖစ္ကာ ေဆး႐ုံသတင္း အခ်က္အလက္ စနစ္ခိုင္မာ အားေကာင္းေစေရး ေဆာင္႐ြက္ရမည္ ျဖစ္ပါေၾကာင္း၊

 

ေဆး႐ုံႏွစ္ပတ္လည္ အစီရင္ခံစာကိုလည္း ျပဳစုထုတ္ေဝသြားရမည္ျဖစ္ၿပီး စာရင္းဇယား မ်ားကို ဆန္းစစ္သုံးသပ္မႈမ်ားျပဳလုပ္၍

နာင္ကာလမ်ားအတြက္ လိုအပ္မည့္ ေဆးဝါး၊ ေဆးပစၥည္း ကိရိယာ၊ ဓာတ္ခြဲစမ္းသပ္မႈ ပစၥည္းကိရိယာ၊ က်န္းမာေရး လူ႔စြမ္းအားအရင္းအျမစ္၊ လူနာေဆာင္ တို႔ကို တိက်စြာ တြက္ခ်က္သြားႏိုင္မည္ျဖစ္ပါေၾကာင္း၊

 

ယခုကဲ့သို႔ ေရာဂါျဖစ္ပြားသူမ်ားအား ကုသမႈေပးရန္ ေဆး႐ုံအေဆာင္သစ္မ်ား တိုးခ်ဲ႕ဖြင့္လွစ္ျခင္းထက္ ျပည္သူမ်ားက်န္းမာေရး အသိပညာဗဟုသုတ ႂကြယ္ဝကာ

ရာဂါျဖစ္ပြားမႈမ်ားမွ ကာကြယ္ႏိုင္ရန္ႏွင့္ ေရာဂါျဖစ္ပြားမႈ ရွိပါကလည္း ေစာစီးစြာစနစ္တက် ကုသမႈ ခံယူရန္မွာ ပိုမိုအေရးႀကီးပါေၾကာင္း၊

အထူးသျဖင့္ မကူးစက္တတ္ေသာ ေရာဂါမ်ားျဖစ္သည့္ ေသြးတိုး၊ ဆီးခ်ိဳေသြးခ်ိဳ၊ ႏွလုံးႏွင့္ ႏွလုံးေသြးေၾကာ ေရာဂါမ်ားသည္ က်န္းမာေရးႏွင့္ ညီၫြတ္စြာ ေနထိုင္စားေသာက္ျခင္းျဖင့္ ႀကိဳတင္ ကာကြယ္ႏိုင္ပါေၾကာင္း၊

 

ေဆး႐ုံႀကီး ဘက္စုံ ပိုမိုတိုးတက္ေကာင္းမြန္ေစေရးအတြက္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ေဆး႐ုံအေထာက္အကူျပဳအဖြဲ႕၊ ေဆး႐ုံမွ တာဝန္ရွိသူမ်ား၊

ျပည္သူမ်ားအားလုံးမွ မိမိတို႔၏ ကိုယ္ပိုင္အေရးကိစၥသဖြယ္ သေဘာထားကာ ဝိုင္းဝန္းေဆာင္႐ြက္ေပးၾကေစလိုပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

 

ဆက္လက္၍ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ လက္ေတြ႕ေျမျပင္အေျခအေနမ်ားႏွင့္

အမွန္တကယ္ကိုက္ညီမည့္ လုပ္ေဆာင္ခ်က္မ်ားျဖင့္ ရန္ကုန္တိုင္းေဒသႀကီးတြင္ ပိုမိုတိုးတက္ ဖြံ႕ၿဖိဳးမႈမ်ားရရွိေစေရးအား စိုက္ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊

မိမိတို႔ အစိုးရအဖြဲ႕အေနျဖင့္ ပညာေရးႏွင့္ က်န္းမာေရး က႑မ်ားကို ပံ့ပိုးေဆာင္႐ြက္မႈမ်ား ျပဳလုပ္လ်က္ရွိပါေၾကာင္း၊

 

ရန္ကုန္တိုင္းေဒသႀကီးရွိ ေဆး႐ုံမ်ားသို႔ အနယ္နယ္ အရပ္ရပ္မွ လူနာမ်ား လာေရာက္ကုသမႈခံယူလ်က္ရွိျခင္းကိုလည္း ေတြ႕ရွိရပါေၾကာင္း၊

ယခုကဲ့သို႔ ရန္ကုန္တိုင္းေဒသႀကီးအတြင္းသို႔ ဝင္ေပါက္ေနရာတြင္ ရွိေနေသာ အင္းစိန္ေဆး႐ုံႀကီးတြင္ လူနာေဆာင္သစ္ ေဆာက္လုပ္ျခင္းျဖင့္ လူနာမ်ားအတြက္ ေကာင္းမြန္ပါေၾကာင္း၊

 

က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနမွ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား အရည္အေသြးျပည့္ဝေရး (quality control) ကိစၥရပ္မ်ားတြင္ မိမိတို႔ အစိုးရအဖြဲ႕အေနျဖင့္

ပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိပါေၾကာင္း၊ က်န္းမာေရး ႏွင့္ အားကစားဝန္ႀကီးဌာနမွ လိုအပ္သည္မ်ားကို မိမိတို႔ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ ဆက္လက္ပံ့ပိုးေဆာင္႐ြက္သြားမည္ျဖစ္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္။

 

ထို႔ေနာက္ သင္ၾကားေရးႏွင့္ အေထြေထြေရာဂါကုေဆး႐ုံႀကီး၊ အင္းစိန္မွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ေမစန္းခ်ိဳက ႏိုင္ငံေတာ္မွ ခြင့္ျပဳရန္ပုံေငြက်ပ္သန္း (၁၇၉၈) သန္း

အကုန္အက်ခံတည္ေဆာက္ခဲ့သည့္ တိုးခ်ဲ႕ (၆) ထပ္ေဆာင္ႏွင့္ ပတ္သက္၍ ရွင္းလင္းတင္ျပခဲ့ပါသည္။

 

ဆက္လက္၍ အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ေက်းဇူးတင္ ဝမ္းေျမာက္စကားေျပာၾကားခဲ့ပါသည္။

 

ထို႔ေနာက္ ျပည္ေထာင္စုဝန္ႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္၊ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ားက (၆) ထပ္ေဆာင္သစ္ကို လွည့္လည္ၾကည့္ရႈၾကသည္။

 

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးႏွင့္ တာဝန္ရွိသူမ်ားသည္ ေတာင္ဥကၠလာပ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးရွိတိုးခ်ဲ႕ (၄) ထပ္ေဆာင္ ေဆာက္လုပ္ရာေနရာသို႔

ေရာက္ရွိၿပီး တိုးခ်ဲ႕ (၄) ထပ္ေဆာင္ကို လွည့္လည္ၾကည့္ရႈ၍ ဖြင့္လွစ္ေဆာင္႐ြက္ႏိုင္ရန္ လိုအပ္သည္မ်ားကို ျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့ၿပီး (၈) ခန္းတြဲ (၄) ထပ္ ဝန္ထမ္းအိမ္ရာကို လွည့္လည္ ၾကည့္ရႈခဲ့သည္။

 

ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ေတာင္ဥကၠလာပအမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးမွ အထူးကုဆရာဝန္၊ ဆရာဝန္၊ သူနာျပဳႏွင့္

ကုသမႈအေထာက္ အကူျပဳပညာရွင္မ်ားအား ေတြ႕ဆုံအမွာစကား ေျပာၾကားခဲ့ၿပီး ေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းေမာ္ဦးႏွင့္ ဝန္ထမ္းမ်ားမွ တင္ျပလာသည့္ လိုအပ္ခ်က္မ်ားကိုျဖည့္ဆည္း ေဆာင္႐ြက္ေပးခဲ့သည္။

 

Read 634 times Last modified on Saturday, 28 December 2019 10:00
Rate this item
(0 votes)
Tagged under