တာမွေ (ယာယီ) ဈေးသစ် ဒီဇိုင်းပုံစံ ရှင်းပြသော်လည်း ဈေးသူဈေးသားများ တောင်းဆိုထားသည့် အချက်များ ပါဝင်ခြင်းမရှိ

တာမွေ (ယာယီ) ဈေးသစ် ဒီဇိုင်းပုံစံ ရှင်းပြသော်လည်း ဈေးသူဈေးသားများ တောင်းဆိုထားသည့် အချက်များ ပါဝင်ခြင်းမရှိ google

တာမွေ(ယာယီ)ဈေးသစ် ဒီဇိုင်းပုံစံအား ရှင်းပြသော်လည်း ဈေးသူဈေးသားများ တောင်းဆိုထားသည့်အချက်များ ပါဝင်ခြင်း မရှိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မြို့၊ တာမွေ မြို့နယ်ရှိ ယင်းတာမွေ(ယာယီ)ဈေးဧရိယာအတွင်းပြုလုပ်သော ဈေးသစ်ဒီဇိုင်းပုံစံအား ကုမ္ပဏီဘက်က ဈေးသူဈေးသားများသို့ ရှင်းပြသောအခမ်းအနားမှ သိရသည်။

 

 

“ကျွန်တော်တို့ဈေးသူဈေးသားတွေကတော့ ကျွန်တော်တို့ရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ရှစ်ချက်တောင်းထားတယ်။ အဲဒီထဲမှ ကျွန်တော်တို့က ညှိနှိုင်းမှာပါ။

 

 

အကုန်လုံးရယ်လို့ မဟုတ်ဘူး။ ဒါပေမဲ့ ရသင့်တဲ့အ ချက် ဖြစ်သင့်တဲ့အချက်လေးတော့ လုပ်ပေးရင် ကျွန်တော်တို့ ချက်ချင်းသဘောတူမှာ ဖြစ်ပါတယ်။

 

 

ကျွန်တော်တို့ရဲ့တောင်းဆိုချက် တွေကို အကုန်လုံး စာရင်းအမှန်နဲ့ပဲတောင်း တယ်။ ကျွန်တော်တို့က ဈေးကိုဆောက်ချင် တာ။ ဒါပေမဲ့ ဖြစ်သင့်တဲ့အချက်လေးတွေကို ညှိနှိုင်းပေးပါ။ ဒါပဲတောင်းဆိုတယ်။ အခုက သူတို့ဈေးပုံစံကိုပဲ လာရှင်းပြသွားတာ။ ကျွန်တော်တို့တောင်းဆိုတဲ့အချက်တွေ တစ်ချက်မှ မရသေးဘူး။ တစ်ချက်မှလည်း မဖြေသွားဘူး” ဟု ဈေးရုံကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးသက်ထွန်းက ပြောကြားသည်။

 

 

လက်ရှိတွင် ကုမ္ပဏီဘက်ကပေးထားသည့် အနေအထားဖြင့်ပင် ချပြသွားကြောင်း၊ မိမိတို့တောင်းဆိုထားသည့်အချက်များ ပါဝင် ခြင်းမရှိကြောင်း၊ ဈေးကန့်လန့်ဖြတ်လမ်းကို ရှစ်ပေတောင်းထားသော်လည်း ခြောက်ပေသာပေးထားကြောင်း၊ ကုမ္ပဏီဘက်က ရှင်း ပြရာတွင် မြေအောက်ခန်းပါဝင်နေပြီး ဈေးသူဈေးသားများက မြေအောက်ခန်းပါဝင်ခြင်းကို လုံးဝသဘောမတူကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

 

 

“နောက်တစ်ခုက မြေအောက်ခန်းကိစ္စ။ မြေအောက်ခန်းကို သူတို့ဘယ်လိုလုပ်ပေးမလဲ။ ဈေးဆိုင်မထည့်ဘဲနဲ့ ကားပါကင်လုပ်မလား။ ကျွန်တော်တို့ဈေးသူဈေးသားတွေရဲ့ သဘောကတော့ မြေအောက်ခန်းလုပ်တာကို လုံးဝသဘောမတူဘူး” ဟု ဦးသက်ထွန်းက ဆိုသည်။

 

 


ထို့သို့ဈေးသစ်ပုံစံဒီဇိုင်းရှင်းပြနေချိန်တွင် ရဲတပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူထားသည်ကို တွေ့ရပြီး ဈေးသူဈေးသားများက တာမွေဈေးသူဈေးသားများ တောင်းဆို ထားသော အခြေခံလိုအပ်ချက် ရှစ်ချက်ကို ညှိနှိုင်းဆောင်ရွက်ပေးရန်၊ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုရှိသည့်

 

 


ပြည်သူဗဟိုပြုစီမံခန့်ခွဲမှုစနစ် ပေါ်ထွန်းလာ ရန်၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေခံ သဘောတရားများနှင့်အညီ အစိုးရ၊ လုပ်ငန်း ရှင်၊ ပြည်သူလူထုအကျိုးကို ရှေးရှု၍ အများ လက်ခံနိုင်သည့် တင်ဒါလုပ်ငန်းများဖြစ် အောင်ဆောင်ရွက်ရမည် စသောစာများရေး ထားသည့်စာရွက်များ ကိုင်ဆောင်ထားသည် ကိုလည်း တွေ့ရသည်။

 

 

ဆက်လက်ပြီး ကုမ္ပဏီဘက်က ဈေးသစ် ဒီဇိုင်းပုံစံအား ရှင်းပြပြီးချိန်တွင် ဈေးသူဈေး သားများနှင့် တာဝန်ရှိသူများအကြား အနည်း ငယ်အငြင်းပွားမှုဖြစ်ပေါ်သည်ကိုလည်း တွေ့ရှိရသည်။

 

 


တာမွေဈေးသူဈေးသားများသည် တောင်းဆိုထားသည့်အချက်များ ညှိနှိုင်းပေး ခြင်းမရှိသည့်အတွက် နိုဝင်ဘာ ၂၈ ရက်က ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရရန် တိုင်းအစိုးရအဖွဲ့ရုံးရှေ့သို့ သွားရောက်တောင်းဆိုခဲ့ပြီး နိုဝင် ဘာ ၂၉ ရက် ညနေပိုင်းတွင် မြို့တော်ခန်းမ၌ ဝန်ကြီးချုပ်နှင့် တွေ့ခွင့်ရသော်လည်း ၎င်းင်း တို့တောင်းဆိုထားသည့် အချက်များ ညှိနှိုင်း မှုမရရှိခဲ့ကြောင်း သိရသည်။

 

 

အဆိုပါတာမွေ(ယာယီ)ဈေးသစ်တည် ဆောက်ခြင်းနှင့်ပတ်သက်၍ တာမွေဈေးသူ ဈေးသားများ တောင်းဆိုထားသည့်အချက်များမှာ မြေအောက်ခန်းပါဝင်သည်ကို သဘောမတူခြင်း၊ မြေညီထပ်အမြင့်ကို ပေ ၂၀ ထားပေးရန်၊ ဈေးရှေ့မျက်နှာစာနှင့် ပတ်လည် ဝင်ပေါက်များကို အပွင့် (အပြည့်)ထားရှိပေး ရန်၊ ဆိုင်ခန်း(ရှေ့/ဘေး) ပတ်လည်လျှောက် လမ်းကို ရှစ်ပေပတ်လမ်းထားရှိရန်၊

 

 

ဈေးဆိုင်ခန်းများကို သားငါးတန်းများတွင် ဆိုင်ခံပြုလုပ်ပေးပြီး ကျန်ဆိုင်ခန်းများကို ဆိုင်ခုံမပြုလုပ်ဘဲ ဆွဲတံခါးများဖြင့် ပြုလုပ်ပေးရန်၊ ဈေး တည်ဆောက်ခြင်းနှင့်ပတ်သက်သော အစည်းအဝေးမှတ်တမ်း၊ စာချုပ်ကိစ္စများ လုပ်ဆောင်ပေးရန်၊

 


ဈေးအဆောက်အအုံကို ရှေ့ သို့ ပေ ၃၀ တိုးပေးရန်၊ ဈေးသစ်တည်ဆောက် ခြင်းနှင့်ပတ်သက်၍ ကြန့်ကြာမှုမရှိရအောင် ဈေးသူဈေးသားများ တောင်းဆိုထားသည့် အချက်များအား ဆုံးဖြတ်ပေးနိုင်သော တာ ဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ပေး ရန် စသည့်အချက်ရှစ်ချက်ကို တောင်းဆို ထားကြောင်း သိရသည်။

 

 

Source-Daily Eleven

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

တာေမြ (ယာယီ) ေဈးသစ္ ဒီဇိုင္းပုံစံ ရွင္းျပေသာ္လည္း ေဈးသူေဈးသားမ်ား ေတာင္းဆိုထားသည့္ အခ်က္မ်ား ပါဝင္ျခင္းမရွိ

 

 

တာေမြ(ယာယီ)ေဈးသစ္ ဒီဇိုင္းပုံစံအား ရွင္းျပေသာ္လည္း ေဈးသူေဈးသားမ်ား ေတာင္းဆိုထားသည့္အခ်က္မ်ား ပါဝင္ျခင္း မရွိေၾကာင္း သိရသည္။

 

 

ဒီဇင္ဘာ ၉ ရက္က ရန္ကုန္ၿမိဳ႕၊ တာေမြ ၿမိဳ႕နယ္ရွိ ယင္းတာေမြ(ယာယီ)ေဈးဧရိယာအတြင္းျပဳလုပ္ေသာ ေဈးသစ္ဒီဇိုင္းပုံစံအား ကုမၸဏီဘက္က ေဈးသူေဈးသားမ်ားသို႔ ရွင္းျပေသာအခမ္းအနားမွ သိရသည္။

 

 

“ကြၽန္ေတာ္တို႔ေဈးသူေဈးသားေတြကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ အေျခခံလိုအပ္ခ်က္ေတြျဖစ္တဲ့ ရွစ္ခ်က္ေတာင္းထားတယ္။ အဲဒီထဲမွ ကြၽန္ေတာ္တို႔က ညႇိႏႈိင္းမွာပါ။

 

 

အကုန္လုံးရယ္လို႔ မဟုတ္ဘူး။ ဒါေပမဲ့ ရသင့္တဲ့အ ခ်က္ ျဖစ္သင့္တဲ့အခ်က္ေလးေတာ့ လုပ္ေပးရင္ ကြၽန္ေတာ္တို႔ ခ်က္ခ်င္းသေဘာတူမွာ ျဖစ္ပါတယ္။

 

 

ကြၽန္ေတာ္တို႔ရဲ႕ေတာင္းဆိုခ်က္ ေတြကို အကုန္လုံး စာရင္းအမွန္နဲ႔ပဲေတာင္း တယ္။ ကြၽန္ေတာ္တို႔က ေဈးကိုေဆာက္ခ်င္ တာ။ ဒါေပမဲ့ ျဖစ္သင့္တဲ့အခ်က္ေလးေတြကို ညႇိႏႈိင္းေပးပါ။ ဒါပဲေတာင္းဆိုတယ္။ အခုက သူတို႔ေဈးပုံစံကိုပဲ လာရွင္းျပသြားတာ။ ကြၽန္ေတာ္တို႔ေတာင္းဆိုတဲ့အခ်က္ေတြ တစ္ခ်က္မွ မရေသးဘူး။ တစ္ခ်က္မွလည္း မေျဖသြားဘူး” ဟု ေဈး႐ုံကိုယ္စားလွယ္တစ္ဦးျဖစ္သည့္ ဦးသက္ထြန္းက ေျပာၾကားသည္။

 

 

လက္ရွိတြင္ ကုမၸဏီဘက္ကေပးထားသည့္ အေနအထားျဖင့္ပင္ ခ်ျပသြားေၾကာင္း၊ မိမိတို႔ေတာင္းဆိုထားသည့္အခ်က္မ်ား ပါဝင္ ျခင္းမရွိေၾကာင္း၊ ေဈးကန႔္လန႔္ျဖတ္လမ္းကို ရွစ္ေပေတာင္းထားေသာ္လည္း ေျခာက္ေပသာေပးထားေၾကာင္း၊ ကုမၸဏီဘက္က ရွင္း ျပရာတြင္ ေျမေအာက္ခန္းပါဝင္ေနၿပီး ေဈးသူေဈးသားမ်ားက ေျမေအာက္ခန္းပါဝင္ျခင္းကို လုံးဝသေဘာမတူေၾကာင္း ၎က ဆက္လက္ ေျပာၾကားသည္။

 

 

“ေနာက္တစ္ခုက ေျမေအာက္ခန္းကိစၥ။ ေျမေအာက္ခန္းကို သူတို႔ဘယ္လိုလုပ္ေပးမလဲ။ ေဈးဆိုင္မထည့္ဘဲနဲ႔ ကားပါကင္လုပ္မလား။ ကြၽန္ေတာ္တို႔ေဈးသူေဈးသားေတြရဲ႕ သေဘာကေတာ့ ေျမေအာက္ခန္းလုပ္တာကို လုံးဝသေဘာမတူဘူး” ဟု ဦးသက္ထြန္းက ဆိုသည္။

 


ထို႔သို႔ေဈးသစ္ပုံစံဒီဇိုင္းရွင္းျပေနခ်ိန္တြင္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕က လုံၿခဳံေရးယူထားသည္ကို ေတြ႕ရၿပီး ေဈးသူေဈးသားမ်ားက တာေမြေဈးသူေဈးသားမ်ား ေတာင္းဆို ထားေသာ အေျခခံလိုအပ္ခ်က္ ရွစ္ခ်က္ကို ညႇိႏႈိင္းေဆာင္႐ြက္ေပးရန္၊ စည္ပင္သာယာေရးဆိုင္ရာလုပ္ငန္းမ်ားႏွင့္ပတ္သက္၍ တာဝန္ယူမႈ၊ တာဝန္ခံမႈ၊ ပြင့္လင္းျမင္သာမႈရွိသည့္

 


ျပည္သူဗဟိုျပဳစီမံခန႔္ခြဲမႈစနစ္ ေပၚထြန္းလာ ရန္၊ ႏိုင္ငံေရး၊ လူမႈေရး၊ စီးပြားေရး အေျခခံ သေဘာတရားမ်ားႏွင့္အညီ အစိုးရ၊ လုပ္ငန္း ရွင္၊ ျပည္သူလူထုအက်ိဳးကို ေရွးရႈ၍ အမ်ား လက္ခံႏိုင္သည့္ တင္ဒါလုပ္ငန္းမ်ားျဖစ္ ေအာင္ေဆာင္႐ြက္ရမည္ စေသာစာမ်ားေရး ထားသည့္စာ႐ြက္မ်ား ကိုင္ေဆာင္ထားသည္ ကိုလည္း ေတြ႕ရသည္။

 

 

ဆက္လက္ၿပီး ကုမၸဏီဘက္က ေဈးသစ္ ဒီဇိုင္းပုံစံအား ရွင္းျပၿပီးခ်ိန္တြင္ ေဈးသူေဈး သားမ်ားႏွင့္ တာဝန္ရွိသူမ်ားအၾကား အနည္း ငယ္အျငင္းပြားမႈျဖစ္ေပၚသည္ကိုလည္း ေတြ႕ရွိရသည္။

 


တာေမြေဈးသူေဈးသားမ်ားသည္ ေတာင္းဆိုထားသည့္အခ်က္မ်ား ညႇိႏႈိင္းေပး ျခင္းမရွိသည့္အတြက္ ႏိုဝင္ဘာ ၂၈ ရက္က ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ခြင့္ရရန္ တိုင္းအစိုးရအဖြဲ႕႐ုံးေရွ႕သို႔ သြားေရာက္ေတာင္းဆိုခဲ့ၿပီး ႏိုဝင္ ဘာ ၂၉ ရက္ ညေနပိုင္းတြင္ ၿမိဳ႕ေတာ္ခန္းမ၌ ဝန္ႀကီးခ်ဳပ္ႏွင့္ ေတြ႕ခြင့္ရေသာ္လည္း ၎င္း တို႔ေတာင္းဆိုထားသည့္ အခ်က္မ်ား ညႇိႏႈိင္း မႈမရရွိခဲ့ေၾကာင္း သိရသည္။

 

 

အဆိုပါတာေမြ(ယာယီ)ေဈးသစ္တည္ ေဆာက္ျခင္းႏွင့္ပတ္သက္၍ တာေမြေဈးသူ ေဈးသားမ်ား ေတာင္းဆိုထားသည့္အခ်က္မ်ားမွာ ေျမေအာက္ခန္းပါဝင္သည္ကို သေဘာမတူျခင္း၊ ေျမညီထပ္အျမင့္ကို ေပ ၂၀ ထားေပးရန္၊ ေဈးေရွ႕မ်က္ႏွာစာႏွင့္ ပတ္လည္ ဝင္ေပါက္မ်ားကို အပြင့္ (အျပည့္)ထားရွိေပး ရန္၊ ဆိုင္ခန္း(ေရွ႕/ေဘး) ပတ္လည္ေလွ်ာက္ လမ္းကို ရွစ္ေပပတ္လမ္းထားရွိရန္၊

 

 

ေဈးဆိုင္ခန္းမ်ားကို သားငါးတန္းမ်ားတြင္ ဆိုင္ခံျပဳလုပ္ေပးၿပီး က်န္ဆိုင္ခန္းမ်ားကို ဆိုင္ခုံမျပဳလုပ္ဘဲ ဆြဲတံခါးမ်ားျဖင့္ ျပဳလုပ္ေပးရန္၊ ေဈး တည္ေဆာက္ျခင္းႏွင့္ပတ္သက္ေသာ အစည္းအေဝးမွတ္တမ္း၊ စာခ်ဳပ္ကိစၥမ်ား လုပ္ေဆာင္ေပးရန္၊

 


ေဈးအေဆာက္အအုံကို ေရွ႕ သို႔ ေပ ၃၀ တိုးေပးရန္၊ ေဈးသစ္တည္ေဆာက္ ျခင္းႏွင့္ပတ္သက္၍ ၾကန႔္ၾကာမႈမရွိရေအာင္ ေဈးသူေဈးသားမ်ား ေတာင္းဆိုထားသည့္ အခ်က္မ်ားအား ဆုံးျဖတ္ေပးႏိုင္ေသာ တာ ဝန္ရွိပုဂၢိဳလ္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခြင့္ေပး ရန္ စသည့္အခ်က္ရွစ္ခ်က္ကို ေတာင္းဆို ထားေၾကာင္း သိရသည္။

 

 

Source-Daily Eleven

Read 993 times Last modified on Tuesday, 18 February 2020 13:29
Rate this item
(0 votes)