ဘုရင့်နောင်ပွဲရုံတန်းမြေနေရာ သက်တမ်းတိုးပေးရန် တပ်ချုပ်ထံ တင်ပြမည်

ဘုရင့်နောင်ပွဲရုံတန်းမြေနေရာ သက်တမ်းတိုးပေးရန် တပ်ချုပ်ထံ တင်ပြမည် google

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ပွဲရုံတန်းနေရာ မြေဂရံစာချုပ် သက်တမ်းတိုးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံသို့ ပွဲရုံ လုပ်ငန်းရှင်များက တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

ဘုရင့်နောင် ကုန်စည်ဒိုင် အပါအဝင် အသင်းဝင်များ ဖြစ်ကြသော ပွဲရုံလုပ်ငန်းရှင်များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ဘဏ်လုပ် ငန်းရှင်များနှင့် ကားဂိတ်ပိုင်ရှင်များသည် လက်ရှိ မြေဂရံစာချုပ်အား သက်တမ်း တိုးမြှင့်ပေး မပေး မသိရသေးသဖြင့် လို အပ်သော အရင်းအနှီးအတွက် ဘဏ်ချေးငွေများ ရယူရန် အခက်အခဲ ကြုံနိုင်၍ သက်တမ်း တိုးမြှင့်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်းသိရသည်။

 

 

ရန်ကုန်တိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (ကုန်စည်ဒိုင်) ဥက္ကဋ္ဌ ဦးခင်ဟန်က “ဒု သမ္မတ ၁ ဦးဆောင်တဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှာ တင်ထားတယ်။ အခုထိ ဘာမှတော့အကြောင်း မပြန်သေးဘူး။ နောက်ထပ် နှစ်ဘယ်လောက် ပေးမယ်ဆိုတာ ထပ်တောင်းနေတာ။ အရင်ကလို နှစ်ပေါင်း ၄၀၊ ၅၀၊ ၆၀ လောက် လိုချင်တာပေါ့။ အခု ဒီလထဲမှာ ဘုရင့်နောင်က ကုမ္ပဏီတွေစုပြီး အစည်းဝေး ထိုင်ထားတယ်။ အစည်းဝေးအရ ကာကွယ်ရေး ဦးစီးချုပ်ကို ဖိတ်ပြီးတော့ တင်ပြဖို့အတွက် လုပ်နေတယ်” ဟု ပြောသည်။

 

 

ပွဲရုံနယ်မြေ အတွင်းရှိ နေရာများအား မြေဂရံစာချုပ် သက်တမ်း တိုးမြှင့်ရရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အ စည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဒုသမ္မတ ၁ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲ ၃၀ ကြိမ်မြောက်တွင် တင်ပြထားကြောင်း သိရသည်။

 

 

အဆိုပါ ဘုရင့်နောင် ကုန်စည်ဒိုင် မြေနေရာကို ၁၉၉၁- ၁၉၉၂ ဝန်းကျင်က တပ်မတော်ထံမှ ငှားရမ်းလုပ်ကိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ် တွင်း၌ ၂၅ နှစ် ပြည့်ပြီ ဖြစ်သောကြောင့် တပ်မတော်မှ ထပ်မံ၍ သက်တမ်း တိုးပေးခဲ့သည်မှာ လာမည့် ၂၀၂၁ ခုနှစ်တွင် သက်တမ်း ပြည့်မည် ဖြစ်သည်။

 

 

မြေဂရံသက်တမ်း ကုန်ဆုံးခါနီးဖြစ်သောကြောင့် ဘဏ်မှ ချေးငွေသက်တမ်းများ အလိုက် ချေးငွေများ ပြန်တောင်းခြင်း ၊ ဘဏ်ချေးငွေ ချေးယူရာတွင် ဂရံကို ကြည့်၍ ချေးငွေချထားပေးခြင်းကြောင့် ထပ်မံ ချေးယူရန် အတွက်လည်း အခက် အခဲများ ရှိလာနိုင်သည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

 

 

၎င်းက “အခု လောလောဆယ်ကတော့ သက်တမ်းက ရှိနေသေးတယ်။ ဒါပေမယ့် နောက်ထပ် တက်လာမယ့် အစိုးရသစ် လက်ထက်မှာ သက်တမ်းတိုး ပေးမလား၊မပေးဘူးလား။ ဒါဆိုရင် အဆောက်အအုံတွေ ဖျက်မှာလား ရွှေ့ရမလား။ တပ်က လစာနဲ့ ထပ်ငှားမလား ဆိုတာ ကြိုပြီးသိနိုင်အောင် တပ်နဲ့ အစိုးရ ကြားထဲမှာ ကျနော်တို့က ဘာမှ အဖြေမရသေးလို့ပါ” ဟု ပြောသည်။

 

 

ဆက်လက်၍ ဦးသန်းဦးက “ဘုရင့်နောင်လို မြန်မာတနိုင်ငံလုံးက ကုန်စည် ဖြန့်ဖြူးတဲ့ နေရာက ချက်ချင်း ပြီးသွားမယ့် နေရာ မဟုတ်ဘူး။ နှစ်နဲ့ချီပြီ တည်ဆောက်ရတာ အခုလောလောဆယ် တပ်ကတော့ ဘာအဖြေမှ မပေးဘူး။ အဲဒီတော့ မြို့တော်ဝန်ကလည်း ဘာမှ ပြောလို့ မရသေးဘူး” ဟု ဆိုသည်။

 

 

လက်ရှိတွင် ဘုရင့်နောင် သာယာရေးအဖွဲ့က ထူထောင်ထားသော ကုမ္ပဏီများက ဦးစီးပြီး လက်ရှိ ဘုရင့်နောင်ပွဲရုံတန်း နေ ရာကို တပ်မတော်မှ ထပ်မံငှားရမ်းမပေးပါက လုံလောက်သောမြေဧက အကျယ်အဝန်းနှင့် အဆောက်အအုံများ လုပ် ဆောင်ရန်အတွက် အစိုးရသို့ တင်ပြရန်လည်း ပြင်ဆင်နေကြောင်း ၎င်းက ပြောဆိုသည်။

 

 

တပ်မတော်သို့ မြေငှားရမ်းခ အနေနှင့် ကျပ်ထောင်ဂဏန်းမှ ယခုအချိန်တွင် ကျပ်သိန်း အထိသာ ပေးဆောင်ရကြောင်း ပွဲရုံလုပ်ငန်းရှင်များ ထံက သိရသည်။

 

 

ဘုရင့်နောင် ပွဲရုံတန်း မြေနေရာများမှာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလအတွင်းက မြေငှား သက်တမ်းပြည့်ပြီဖြစ်သော ကြောင့် တပ်မတော်မှ ပြန်တောင်းနေသည့်အတွက် ရွှေပြည်သာမြို့နယ် ဝါးတရာသို့ ပြောင်းရွှေ့ရန် ပြည်ထောင်စု အစိုး ရနှင့် ညိုနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြား ထားသည်။

 

 

ထိုသို့ ပွဲရုံတန်း ရွှေ့ပြောင်းရမည်ဆိုလျှင် ရွှေ့ပြောင်းရမည့် နေရာတွင် ရေ၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ် ရေး အစရှိသည် တို့ကို ကောင်းမွန်အောင် အစိုးရအနေနှင့် လုပ်ဆောင်ပေးသင့်ကြောင်းလည်း လုပ်ငန်းရှင်များက ထောက်ပြ ပြောဆို ထား သည်။

 

 

ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ငါးပိငါးခြောက်ပွဲရုံများ၊ ဆန်ပွဲရုံများ၊ ပဲပွဲရုံများ၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် စားသောက်ကုန် ခြောက် အရောင်းဆိုင်များကို အဓိက လက်လီလက်ကား ဖြန့်ဖြူး ရောင်းချလျက်ရှိသည်။

 

 

Source-ဧရာဝတီ

Myanmar Builders Guide

---Zawgyi---

ဘုရင့္ေနာင္ပြဲ႐ုံတန္းေျမေနရာ သက္တမ္းတိုးေပးရန္ တပ္ခ်ဳပ္ထံ တင္ျပမည္

 

 

ရန္ကုန္ၿမိဳ႕ မရမ္းကုန္းၿမိဳ႕နယ္ ဘုရင့္ေနာင္ပြဲ႐ုံတန္းေနရာ ေျမဂရံစာခ်ဳပ္ သက္တမ္းတိုးရန္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ထံသို႔ ပြဲ႐ုံ လုပ္ငန္းရွင္မ်ားက တင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

 

 

ဘုရင့္ေနာင္ ကုန္စည္ဒိုင္ အပါအဝင္ အသင္းဝင္မ်ား ျဖစ္ၾကေသာ ပြဲ႐ုံလုပ္ငန္းရွင္မ်ား၊ ကုမၸဏီ လုပ္ငန္းရွင္မ်ား၊ ဘဏ္လုပ္ ငန္းရွင္မ်ားႏွင့္ ကားဂိတ္ပိုင္ရွင္မ်ားသည္ လက္ရွိ ေျမဂရံစာခ်ဳပ္အား သက္တမ္း တိုးျမႇင့္ေပး မေပး မသိရေသးသျဖင့္ လို အပ္ေသာ အရင္းအႏွီးအတြက္ ဘဏ္ေခ်းေငြမ်ား ရယူရန္ အခက္အခဲ ႀကဳံႏိုင္၍ သက္တမ္း တိုးျမႇင့္ေပးရန္ ေတာင္းဆိုျခင္း ျဖစ္ေၾကာင္းသိရသည္။

 

 

ရန္ကုန္တိုင္း ေဒသႀကီး ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ား အသင္း (ကုန္စည္ဒိုင္) ဥကၠ႒ ဦးခင္ဟန္က “ဒု သမၼတ ၁ ဦးေဆာင္တဲ့ ပုဂၢလိကက႑ ဖြံ႕ၿဖိဳးတိုးတက္ေရး ေကာ္မတီမွာ တင္ထားတယ္။ အခုထိ ဘာမွေတာ့အေၾကာင္း မျပန္ေသးဘူး။ ေနာက္ထပ္ ႏွစ္ဘယ္ေလာက္ ေပးမယ္ဆိုတာ ထပ္ေတာင္းေနတာ။ အရင္ကလို ႏွစ္ေပါင္း ၄၀၊ ၅၀၊ ၆၀ ေလာက္ လိုခ်င္တာေပါ့။ အခု ဒီလထဲမွာ ဘုရင့္ေနာင္က ကုမၸဏီေတြစုၿပီး အစည္းေဝး ထိုင္ထားတယ္။ အစည္းေဝးအရ ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ဖိတ္ၿပီးေတာ့ တင္ျပဖို႔အတြက္ လုပ္ေနတယ္” ဟု ေျပာသည္။

 

 

ပြဲ႐ုံနယ္ေျမ အတြင္းရွိ ေနရာမ်ားအား ေျမဂရံစာခ်ဳပ္ သက္တမ္း တိုးျမႇင့္ရရွိေရးအတြက္ သက္ဆိုင္ရာ အဖြဲ႕အ စည္းမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးႏိုင္ရန္ ဒုသမၼတ ၁ ဦးေဆာင္ေသာ ပုဂၢလိကက႑ ဖြံ႕ၿဖိဳး တိုးတက္ေရး ေကာ္မတီႏွင့္ ပုဂၢလိက လုပ္ငန္းရွင္မ်ား ပုံမွန္ ေတြ႕ဆုံပြဲ ၃၀ ႀကိမ္ေျမာက္တြင္ တင္ျပထားေၾကာင္း သိရသည္။

 

 

အဆိုပါ ဘုရင့္ေနာင္ ကုန္စည္ဒိုင္ ေျမေနရာကို ၁၉၉၁- ၁၉၉၂ ဝန္းက်င္က တပ္မေတာ္ထံမွ ငွားရမ္းလုပ္ကိုင္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္ တြင္း၌ ၂၅ ႏွစ္ ျပည့္ၿပီ ျဖစ္ေသာေၾကာင့္ တပ္မေတာ္မွ ထပ္မံ၍ သက္တမ္း တိုးေပးခဲ့သည္မွာ လာမည့္ ၂၀၂၁ ခုႏွစ္တြင္ သက္တမ္း ျပည့္မည္ ျဖစ္သည္။

 

 

ေျမဂရံသက္တမ္း ကုန္ဆုံးခါနီးျဖစ္ေသာေၾကာင့္ ဘဏ္မွ ေခ်းေငြသက္တမ္းမ်ား အလိုက္ ေခ်းေငြမ်ား ျပန္ေတာင္းျခင္း ၊ ဘဏ္ေခ်းေငြ ေခ်းယူရာတြင္ ဂရံကို ၾကည့္၍ ေခ်းေငြခ်ထားေပးျခင္းေၾကာင့္ ထပ္မံ ေခ်းယူရန္ အတြက္လည္း အခက္ အခဲမ်ား ရွိလာႏိုင္သည္ဟု ဘုရင့္ေနာင္ ဆန္ကုန္စည္ဒိုင္ အတြင္းေရးမႉး ဦးသန္းဦးက ေျပာသည္။

 

 

၎က “အခု ေလာေလာဆယ္ကေတာ့ သက္တမ္းက ရွိေနေသးတယ္။ ဒါေပမယ့္ ေနာက္ထပ္ တက္လာမယ့္ အစိုးရသစ္ လက္ထက္မွာ သက္တမ္းတိုး ေပးမလား၊မေပးဘူးလား။ ဒါဆိုရင္ အေဆာက္အအုံေတြ ဖ်က္မွာလား ေ႐ႊ႕ရမလား။ တပ္က လစာနဲ႔ ထပ္ငွားမလား ဆိုတာ ႀကိဳၿပီးသိႏိုင္ေအာင္ တပ္နဲ႔ အစိုးရ ၾကားထဲမွာ က်ေနာ္တို႔က ဘာမွ အေျဖမရေသးလို႔ပါ” ဟု ေျပာသည္။

 

 

ဆက္လက္၍ ဦးသန္းဦးက “ဘုရင့္ေနာင္လို ျမန္မာတႏိုင္ငံလုံးက ကုန္စည္ ျဖန႔္ျဖဴးတဲ့ ေနရာက ခ်က္ခ်င္း ၿပီးသြားမယ့္ ေနရာ မဟုတ္ဘူး။ ႏွစ္နဲ႔ခ်ီၿပီ တည္ေဆာက္ရတာ အခုေလာေလာဆယ္ တပ္ကေတာ့ ဘာအေျဖမွ မေပးဘူး။ အဲဒီေတာ့ ၿမိဳ႕ေတာ္ဝန္ကလည္း ဘာမွ ေျပာလို႔ မရေသးဘူး” ဟု ဆိုသည္။

 

 

လက္ရွိတြင္ ဘုရင့္ေနာင္ သာယာေရးအဖြဲ႕က ထူေထာင္ထားေသာ ကုမၸဏီမ်ားက ဦးစီးၿပီး လက္ရွိ ဘုရင့္ေနာင္ပြဲ႐ုံတန္း ေန ရာကို တပ္မေတာ္မွ ထပ္မံငွားရမ္းမေပးပါက လုံေလာက္ေသာေျမဧက အက်ယ္အဝန္းႏွင့္ အေဆာက္အအုံမ်ား လုပ္ ေဆာင္ရန္အတြက္ အစိုးရသို႔ တင္ျပရန္လည္း ျပင္ဆင္ေနေၾကာင္း ၎က ေျပာဆိုသည္။

 

 

တပ္မေတာ္သို႔ ေျမငွားရမ္းခ အေနႏွင့္ က်ပ္ေထာင္ဂဏန္းမွ ယခုအခ်ိန္တြင္ က်ပ္သိန္း အထိသာ ေပးေဆာင္ရေၾကာင္း ပြဲ႐ုံလုပ္ငန္းရွင္မ်ား ထံက သိရသည္။

 

 

ဘုရင့္ေနာင္ ပြဲ႐ုံတန္း ေျမေနရာမ်ားမွာ ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ေမလအတြင္းက ေျမငွား သက္တမ္းျပည့္ၿပီျဖစ္ေသာ ေၾကာင့္ တပ္မေတာ္မွ ျပန္ေတာင္းေနသည့္အတြက္ ေ႐ႊျပည္သာၿမိဳ႕နယ္ ဝါးတရာသို႔ ေျပာင္းေ႐ႊ႕ရန္ ျပည္ေထာင္စု အစိုး ရႏွင့္ ညိဳႏႈိင္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ရန္ကုန္တိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကား ထားသည္။

 

 

ထိုသို႔ ပြဲ႐ုံတန္း ေ႐ႊ႕ေျပာင္းရမည္ဆိုလွ်င္ ေ႐ႊ႕ေျပာင္းရမည့္ ေနရာတြင္ ေရ၊ လွ်ပ္စစ္၊ လမ္းပန္းဆက္သြယ္ ေရး အစရွိသည္ တို႔ကို ေကာင္းမြန္ေအာင္ အစိုးရအေနႏွင့္ လုပ္ေဆာင္ေပးသင့္ေၾကာင္းလည္း လုပ္ငန္းရွင္မ်ားက ေထာက္ျပ ေျပာဆို ထား သည္။

 

 

ဘုရင့္ေနာင္ ကုန္စည္ဒိုင္တြင္ ငါးပိငါးေျခာက္ပြဲ႐ုံမ်ား၊ ဆန္ပြဲ႐ုံမ်ား၊ ပဲပြဲ႐ုံမ်ား၊ ဆီ၊ ဆား၊ ၾကက္သြန္ႏွင့္ စားေသာက္ကုန္ ေျခာက္ အေရာင္းဆိုင္မ်ားကို အဓိက လက္လီလက္ကား ျဖန႔္ျဖဴး ေရာင္းခ်လ်က္ရွိသည္။

 

 

Source-ဧရာဝတီ

Read 2082 times Last modified on Tuesday, 18 February 2020 13:30
Rate this item
(0 votes)