ရန်ကုန်ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ခုနစ်ထပ်ဆောင်တွင် ရောဂါရှာဖွေရေးဌာနများနှင့် ဆေးပညာသင်ကြားရေးခန်းမများပါ ထည့်သွင်းတည်ဆောက်

ရန်ကုန်ဆေးရုံကြီး အဆင့်မြင့်တိုးချဲ့ခုနစ်ထပ်ဆောင်တွင် ရောဂါရှာဖွေရေးဌာနများနှင့် ဆေးပညာသင်ကြားရေးခန်းမများပါ ထည့်သွင်းတည်ဆောက် google

ပြန်လည်တည်ဆောက်နေသည့် ရန်ကုန် ဆေးရုံကြီးအဆင့်မြင့်တိုးချဲ့ ခုနစ်ထပ်ဆောင်တွင် ဆေးကုသဆောင်များအပြင် ရောဂါရှာ ဖွေရေးဌာနများနှင့် ဆေးပညာသင်ကြားရေး ခန်းမများပါ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

 

အဆင့်မြင့်တိုးချဲ့ ခုနစ်ထပ်ဆောင်ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်က ဆောက်လုပ်ရေး ဝန်ကြီးဌာနကလုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုးချဲ့ဆောင်တွင် ဓာတ်မှန်နှင့်ပုံရိပ်ဖော်ရောဂါရှာဖွေရေး ဌာန၊ ရောဂါဗေဒဌာန၊ဆေးကုသဆောင်များ၊ သီးသန့်လူနာဆောင်များ၊ဆေးပညာသင်ကြား ခန်းမများ ပါဝင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

 

ပြည်ထောင်စုဝန်ကြီးက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တည်ဆောက်ပြီးစီး၍ ဝန်ကြီးဌာနသို့ လွှဲပြောင်းပြီးနောက်လပိုင်းအတွင်း စတင်လည်ပတ်၍ ဝန်ဆောင်မှု ပေးအပ်နိုင်ရန် လူအင်အားနှင့်ပစ္စည်းအင်အားများ ကြို တင်ပြင်ဆင်ထားရှိရန်၊စီမံခန့်ခွဲအုပ်ချုပ်မှု၊ ဆေး နှင့်ဆေးပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍ ဆွေးနွေးပြင်ဆင်ထားရှိရန် စသည်တို့ကို ဆေးပညာကုသရေးဆိုင်ရာရှုထောင့်မှ မှာ ကြားခဲ့ကြောင်းလည်း သိရသည်။

 

 

မြန်မာနိုင်ငံ၏ အကြီးဆုံး ဗဟိုအဆင့် ဆေးရုံကြီးဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသည် ခုတင်၂၀၀၀ ဆံ့ သင်ကြားရေးဆေး ရုံဖြစ်ရာ နေ့စဉ်အတွင်းလူနာ ၁၈၀၀ ခန့်၊ ပြင်ပ လူနာ ၈၀၀ မှ ၁၂၀၀ ခန့်အထိဆေးကုသမှုခံယူလျက်ရှိပြီး တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီး များအားလုံးတွင် တစ်နှစ်လျှင် ပြင်ပလူနာပေါင်း ကိုးသန်းကျော်၊ အတွင်းလူနာပေါင်း နှစ်သန်း ကျော်ထိတက်ရောက်ကုသနေခြင်းကြောင့် အဖြစ်များသောရောဂါကြီးများ( နှလုံး၊ ကျောက် ကပ်၊အသည်းရောဂါ)အတွက် အထူးကုဌာန ကြီးများကို သီးခြားစီအဆောက်အအုံများအဖြစ် ထားရှိဖွင့်လှစ်နိုင်ရန် စီစဉ်လုပ်ဆောင် နေခြင်းဖြစ်သည်။

 

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ရရှိသည့်အချက်အလက်များအရ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် တစ်နှစ်တာကာလအတွင်း တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံကြီးများတွင် တက် ရောက်ဆေးကုသခဲ့သည့် ပြင်ပလူနာပေါင်းကိုး သန်းကျော်၊ အတွင်းလူနာပေါင်း ၂ဒသမ၅ သန်းကျော်တို့ကို ကျန်းမာရေးစောင့်ရှောက်မှု များပေးခဲ့ကြောင်းနှင့် ဆေးကုသမှုခံယူသူ လူနာဦးရေ နှစ်စဉ်မြင့်တက်လျက်ရှိသည့်အတွက်ပြည်သူ့ဆေးရုံကြီးများကို အဆင့်မြှင့်တင်လျက်ရှိကြောင်းလည်း သိရသည်။

 

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်၊ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ ပနှင့် သင်္ဃန်းကျွန်းဆေးရုံကြီးများကို ယခင်ကထက် အဆင့်မြှင့်တင်နေပြီး အရေးပေါ်လူနာကယ်ဆယ်ရေးလုပ်ငန်းအတွက် လိုအပ် သောလူအင်အား၊ စက်ပစ္စည်းများကိုလည်း တိုးချဲ့လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ရန် ကုန်တိုင်းဒေသကြီးတွင် အထူးကုဆေးရုံပေါင်း ၁၄ရုံ၊သင် ကြားရေးဆေးရုံသုံးရုံ၊ ခုတင်၅၀၀ ဆံ့ နှစ်ရုံ၊ ခုတင်၂၀၀ ဆံ့လေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ခုတင် ၅၀ ဆံ့နှင့် ၂၅ ခုတင်ဆံ့ ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်းဆေးရုံ ၈၃ ရုံ ရှိ ကြောင်း၊ ခွင့်ပြုခုတင်စုစုပေါင်း ၁၁၄၃၅ ခုတင်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၇၇၈ ခု ဆောက်လုပ်ထားပြီးကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၉၀၈၃ခု ရှိကြောင်း သိရ သည်။

 

 

၂၀၁၅ ခုနှစ်မှစ၍ ရန်ကုန်ပြည်သူ့ဆေး ရုံကြီးကို ဘက်စုံအဆင့်မြှင့်တင်မှုများဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုခုတင်၁၅၀၀ ဆံ့ ဆေးရုံမှခုတင်၂၀၀၀ ဆံ့ဆေးရုံအဖြစ် အဆင့် တိုးမြှင့်သတ်မှတ်ခဲ့သည်။

 

 

ဆေးရုံအဆင့် တိုးမြှင့်ခြင်းနှင့် ကိုက်ညီစေရန် ဝန်ထမ်းအင် အားဖွဲ့စည်းပုံကိုလည်း ဆေးရုံအုပ်ကြီးမှအ စပြု၍ အခြေခံဝန်ထမ်းအထိ နှစ်ဆတိုးမြှင့် ကာပြုပြင်ပြောင်းလဲခဲ့ရာ ဆေးကုသမှုများအ တွက် အထူးကုဌာနများကိုလည်း ဌာနပေါင်း ၃၀ ကျော်အထိတိုးမြှင့်ခဲ့ပြီးဖြစ်သည်။

 

 

၂၀၁၅ ခုနှစ်အတွင်း က ဆေးရုံကြီး၊ ပင်မဆောင်တစ်ခု လုံးအားပြုပြင်မွမ်းမံမှုများပြုလုပ်ခဲ့ရာပြုပြင် စရိတ် ကျပ်သန်းပေါင်းနှစ်ထောင်ကျော် ကုန် ကျခဲ့သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

 

 

Source: Eleven Media

 

 

Myanmar Builders Guide

 

 

---Zawgyi---

 

 

ရန္ကုန္ေဆး႐ုံႀကီး အဆင့္ျမင့္တိုးခ်ဲ႕ခုနစ္ထပ္ေဆာင္တြင္ ေရာဂါရွာေဖြေရးဌာနမ်ားႏွင့္ ေဆးပညာသင္ၾကားေရးခန္းမမ်ားပါ ထည့္သြင္းတည္ေဆာက္

 

 

ျပန္လည္တည္ေဆာက္ေနသည့္ ရန္ကုန္ ေဆး႐ုံႀကီးအဆင့္ျမင့္တိုးခ်ဲ႕ ခုနစ္ထပ္ေဆာင္တြင္ ေဆးကုသေဆာင္မ်ားအျပင္ ေရာဂါရွာ ေဖြေရးဌာနမ်ားႏွင့္ ေဆးပညာသင္ၾကားေရး ခန္းမမ်ားပါ ထည့္သြင္းတည္ေဆာက္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနမွ သိရသည္။

 

 

အဆင့္ျမင့္တိုးခ်ဲ႕ ခုနစ္ထပ္ေဆာင္ကို ၂၀၁၉ ခုႏွစ္ ဇူလိုင္ ၁၂ ရက္က ေဆာက္လုပ္ေရး ဝန္ႀကီးဌာနကလုပ္ငန္းမ်ား ျပန္လည္စတင္ လုပ္ကိုင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါ တိုးခ်ဲ႕ေဆာင္တြင္ ဓာတ္မွန္ႏွင့္ပုံရိပ္ေဖာ္ေရာဂါရွာေဖြေရး ဌာန၊ ေရာဂါေဗဒဌာန၊ေဆးကုသေဆာင္မ်ား၊ သီးသန႔္လူနာေဆာင္မ်ား၊ေဆးပညာသင္ၾကား ခန္းမမ်ား ပါဝင္တည္ေဆာက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

 

 

ျပည္ေထာင္စုဝန္ႀကီးက ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ တည္ေဆာက္ၿပီးစီး၍ ဝန္ႀကီးဌာနသို႔ လႊဲေျပာင္းၿပီးေနာက္လပိုင္းအတြင္း စတင္လည္ပတ္၍ ဝန္ေဆာင္မႈ ေပးအပ္ႏိုင္ရန္ လူအင္အားႏွင့္ပစၥည္းအင္အားမ်ား ႀကိဳ တင္ျပင္ဆင္ထားရွိရန္၊စီမံခန႔္ခြဲအုပ္ခ်ဳပ္မႈ၊ ေဆး ႏွင့္ေဆးပစၥည္း စီမံခန႔္ခြဲမႈဆိုင္ရာအဖြဲ႕မ်ား ဖြဲ႕စည္း၍ ေဆြးေႏြးျပင္ဆင္ထားရွိရန္ စသည္တို႔ကို ေဆးပညာကုသေရးဆိုင္ရာရႈေထာင့္မွ မွာ ၾကားခဲ့ေၾကာင္းလည္း သိရသည္။

 

 

ျမန္မာႏိုင္ငံ၏ အႀကီးဆုံး ဗဟိုအဆင့္ ေဆး႐ုံႀကီးျဖစ္သည့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံ ႀကီးသည္ ခုတင္၂၀၀၀ ဆံ့ သင္ၾကားေရးေဆး ႐ုံျဖစ္ရာ ေန႔စဥ္အတြင္းလူနာ ၁၈၀၀ ခန႔္၊ ျပင္ပ လူနာ ၈၀၀ မွ ၁၂၀၀ ခန႔္အထိေဆးကုသမႈခံယူလ်က္ရွိၿပီး တစ္ႏိုင္ငံလုံးရွိ ျပည္သူ႔ေဆး႐ုံႀကီး မ်ားအားလုံးတြင္ တစ္ႏွစ္လွ်င္ ျပင္ပလူနာေပါင္း ကိုးသန္းေက်ာ္၊ အတြင္းလူနာေပါင္း ႏွစ္သန္း ေက်ာ္ထိတက္ေရာက္ကုသေနျခင္းေၾကာင့္ အျဖစ္မ်ားေသာေရာဂါႀကီးမ်ား( ႏွလုံး၊ ေက်ာက္ ကပ္၊အသည္းေရာဂါ)အတြက္ အထူးကုဌာန ႀကီးမ်ားကို သီးျခားစီအေဆာက္အအုံမ်ားအျဖစ္ ထားရွိဖြင့္လွစ္ႏိုင္ရန္ စီစဥ္လုပ္ေဆာင္ ေနျခင္းျဖစ္သည္။

 

 

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန က ရရွိသည့္အခ်က္အလက္မ်ားအရ ၿပီးခဲ့သည့္ ၂၀၁၆ ခုႏွစ္ တစ္ႏွစ္တာကာလအတြင္း တစ္ႏိုင္ငံလုံးရွိ ျပည္သူ႔ေဆး႐ုံႀကီးမ်ားတြင္ တက္ ေရာက္ေဆးကုသခဲ့သည့္ ျပင္ပလူနာေပါင္းကိုး သန္းေက်ာ္၊ အတြင္းလူနာေပါင္း ၂ဒသမ၅ သန္းေက်ာ္တို႔ကို က်န္းမာေရးေစာင့္ေရွာက္မႈ မ်ားေပးခဲ့ေၾကာင္းႏွင့္ ေဆးကုသမႈခံယူသူ လူနာဦးေရ ႏွစ္စဥ္ျမင့္တက္လ်က္ရွိသည့္အတြက္ျပည္သူ႔ေဆး႐ုံႀကီးမ်ားကို အဆင့္ျမႇင့္တင္လ်က္ရွိေၾကာင္းလည္း သိရသည္။

 

 

ထို႔ျပင္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သန္လ်င္၊ လႈိင္သာယာ၊ အင္းစိန္၊ ေျမာက္ဥကၠလာ ပႏွင့္ သဃၤန္းကြၽန္းေဆး႐ုံႀကီးမ်ားကို ယခင္ကထက္ အဆင့္ျမႇင့္တင္ေနၿပီး အေရးေပၚလူနာကယ္ဆယ္ေရးလုပ္ငန္းအတြက္ လိုအပ္ ေသာလူအင္အား၊ စက္ပစၥည္းမ်ားကိုလည္း တိုးခ်ဲ႕လုပ္ေဆာင္ေပးလ်က္ရွိေၾကာင္းႏွင့္ ရန္ ကုန္တိုင္းေဒသႀကီးတြင္ အထူးကုေဆး႐ုံေပါင္း ၁၄႐ုံ၊သင္ ၾကားေရးေဆး႐ုံသုံး႐ုံ၊ ခုတင္၅၀၀ ဆံ့ ႏွစ္႐ုံ၊ ခုတင္၂၀၀ ဆံ့ေလး႐ုံ၊ ခုတင္ ၁၀၀ ဆံ့ ေဆး႐ုံတစ္႐ုံ၊ခုတင္ ၅၀ ဆံ့ႏွင့္ ၂၅ ခုတင္ဆံ့ ေဆး႐ုံ ၁၁ ႐ုံစီ၊ ၁၆ ခုတင္ဆံ့ ေဆး႐ုံေလး႐ုံ၊ တိုက္နယ္ေဆး႐ုံ ၃၃ ႐ုံရွိၿပီး စုစုေပါင္းေဆး႐ုံ ၈၃ ႐ုံ ရွိ ေၾကာင္း၊ ခြင့္ျပဳခုတင္စုစုေပါင္း ၁၁၄၃၅ ခုတင္ရွိေၾကာင္းႏွင့္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေက်းလက္က်န္းမာေရးဌာနေပါင္း ၁၇၇၈ ခု ေဆာက္လုပ္ထားၿပီးေက်းလက္က်န္းမာေရးဌာနခြဲေပါင္း ၉၀၈၃ခု ရွိေၾကာင္း သိရ သည္။

 

 

၂၀၁၅ ခုႏွစ္မွစ၍ ရန္ကုန္ျပည္သူ႔ေဆး ႐ုံႀကီးကို ဘက္စုံအဆင့္ျမႇင့္တင္မႈမ်ားေဆာင္႐ြက္ခဲ့ၿပီး ၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ ၁ ရက္မွစ၍ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးကိုခုတင္၁၅၀၀ ဆံ့ ေဆး႐ုံမွခုတင္၂၀၀၀ ဆံ့ေဆး႐ုံအျဖစ္ အဆင့္ တိုးျမႇင့္သတ္မွတ္ခဲ့သည္။

 

 

ေဆး႐ုံအဆင့္ တိုးျမႇင့္ျခင္းႏွင့္ ကိုက္ညီေစရန္ ဝန္ထမ္းအင္ အားဖြဲ႕စည္းပုံကိုလည္း ေဆး႐ုံအုပ္ႀကီးမွအ စျပဳ၍ အေျခခံဝန္ထမ္းအထိ ႏွစ္ဆတိုးျမႇင့္ ကာျပဳျပင္ေျပာင္းလဲခဲ့ရာ ေဆးကုသမႈမ်ားအ တြက္ အထူးကုဌာနမ်ားကိုလည္း ဌာနေပါင္း ၃၀ ေက်ာ္အထိတိုးျမႇင့္ခဲ့ၿပီးျဖစ္သည္။

 

 

၂၀၁၅ ခုႏွစ္အတြင္း က ေဆး႐ုံႀကီး၊ ပင္မေဆာင္တစ္ခု လုံးအားျပဳျပင္မြမ္းမံမႈမ်ားျပဳလုပ္ခဲ့ရာျပဳျပင္ စရိတ္ က်ပ္သန္းေပါင္းႏွစ္ေထာင္ေက်ာ္ ကုန္ က်ခဲ့သည္ဟု ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွ သိရသည္။

 

 

Source: Eleven Media

Read 1406 times Last modified on Thursday, 13 February 2020 16:50
Rate this item
(0 votes)