မဏိပူရ္ျမစ္ကူးတံတား အသစ္ကုိ ၂ဝ၂ဝအတြင္း အျပီးတည္ေဆာက္မည္

မဏိပူရ္ျမစ္ကူးတံတား အသစ္ကုိ ၂ဝ၂ဝအတြင္း အျပီးတည္ေဆာက္မည္ google

မဏိပူရ္ျမစ္ကူးတံတား အသစ္ကုိ ၂ဝ၂ဝအတြင္း အျပီးတည္ေဆာက္မည္ ခ်င္းျပည္နယ္ ဖလမ္းျမိဳ႕အနီး ခုိင္ကမ္းျမိဳ႕ႏွင့္ ဖလမ္းျမိဳ႕အၾကားရွိ မဏိပူရ္ျမစ္ကုိ ျဖတ္ကူး၍ တံတား အသစ္ တစ္စင္း တည္ေဆာက္ေနျပီး

၂ဝ၂ဝအတြင္း ျပီးစီးမည္ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရး ဝန္ၾကီးဌာန ဝန္ၾကီး ဦးေရႊထီးအုိးကေျပာသည္။ ခုိင္ကမ္း-ဖလမ္း-ဟားခါး ကားလမ္းေပၚရွိ မဏိပူရ္ျမစ္ကုိ ျဖတ္ကူးေဖာက္လုပ္ထားသည့္

 

ဗာရ္တံတားသည္ ႏွစ္ကာလရွည္ၾကာလာျခင္းျမစ္ေရတုိက္စားျခင္း၊ ခိုင္ခံ႕မႈနည္းလာျခင္းေၾကာင့္ ျပည္နယ္အစုိးရ ဘတ္ဂ်တ္ ျဖင့္ အဆုိပါတံတား၏ ေအာက္ဖက္ ေပ၁ဝဝဝခန္႕ အကြာတြင္

 

သံကူကြန္ရစ္တံတားအျဖစ္ တည္ေဆာက္ေနျပီး ေငြက်ပ္သန္း ၈ဝဝအသုံးျပဳရန္ လ်ာထားျပီးျဖစ္ေၾကာင္း ၎ကဆုိသည္။ ခ်င္းျပည္နယ္ေျမာက္ပုိင္းရွိ ျမိဳ႕နယ္မ်ားျဖစ္သည့္ က်ီခါး-တြန္းဇံ-တီးတိန္၊ခုိင္ကမ္း-ေဝဘူလစသည့္ျမိဳ႕မ်ားမွ

 

ေဒသခံမ်ားသည္ ဟားခါးျမိဳ႕နွင့္ ဖလမ္းျမိဳ႕သုိ႕ သြားေရာက္ရန္အတြက္ ဗာရ္တံတား တစ္ခုတည္းကုိသာ အသုံးျပဳေနရသည္။

 

Source-The Voice Daily

 

Myanmar Builders Guide

 

Unicode -------------->>>>

 

မဏိပူရ်မြစ်ကူးတံတား အသစ်ကို ၂ဝ၂ဝအတွင်း အပြီးတည်ဆောက်မည် ချင်းပြည်နယ် ဖလမ်းမြို့အနီး ခိုင်ကမ်းမြို့နှင့် ဖလမ်းမြို့အကြားရှိ မဏိပူရ်မြစ်ကို ဖြတ်ကူး၍ တံတား အသစ် တစ်စင်း တည်ဆောက်နေပြီး

 

၂ဝ၂ဝအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုးကပြောသည်။ ခိုင်ကမ်း-ဖလမ်း-ဟားခါး ကားလမ်းပေါ်ရှိ မဏိပူရ်မြစ်ကို ဖြတ်ကူးဖောက်လုပ်ထားသည့်

 

ဗာရ်တံတားသည် နှစ်ကာလရှည်ကြာလာခြင်းမြစ်ရေတိုက်စားခြင်း၊ ခိုင်ခံ့မှုနည်းလာခြင်းကြောင့် ပြည်နယ်အစိုးရ ဘတ်ဂျတ် ဖြင့် အဆိုပါတံတား၏ အောက်ဖက် ပေ၁ဝဝဝခန့် အကွာတွင်

 

သံကူကွန်ရစ်တံတားအဖြစ် တည်ဆောက်နေပြီး ငွေကျပ်သန်း ၈ဝဝအသုံးပြုရန် လျာထားပြီးဖြစ်ကြောင်း ၎င်းကဆိုသည်။ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သည့် ကျီခါး-တွန်းဇံ-တီးတိန်၊ခိုင်ကမ်း-ဝေဘူလစသည့်မြို့များမှ

 

ဒေသခံများသည် ဟားခါးမြို့နှင့် ဖလမ်းမြို့သို့ သွားရောက်ရန်အတွက် ဗာရ်တံတား တစ်ခုတည်းကိုသာ အသုံးပြုနေရသည်။

 

 

 

Read 304 times
Rate this item
(0 votes)