မြန်မာမှုလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်တည်ဆောက်မည်

မြန်မာမှုလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်တည်ဆောက်မည် google

တည်နေရာ
******

        မွန်ပြည်နယ်ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီတော် ကင်ပွန်းစခန်းအနီးတွင် မြန်မာမှုလက်ရာများဖြင့် နိုင်ငံတကာအဆင့်မီဟိုတယ်တည်ဆောက်မည်ဖြစ်ကြောင်း အဆိုပါဟိုတယ်ကိုတည်ဆောက်မည့် ဇေကမ္ဘာကုမ္ပဏီထံမှ သိရသည်။

ဘယ်လိုတည်ဆောက်မှာလဲ
****************

ကျိုက်ထိုမြို့နယ် ကင်ပွန်းစခန်းတွင်တည်ဆောက်မည့် Royal ကျိုက်ထို ဟိုတယ်သည် ဧက ၃ဝဝ ကျယ်ဝန်းပြီး ရေကူးကန်၊Coffee Shop၊Restaurant နှင့် ဒေသထွက်ကုန် အမှတ်တရပစ္စည်းအရောင်းဆိုင် ၃၆ ခန်း၊အိပ်ခန်း ၁ဝ၈ ခန်းပါ လေးထပ်အဆောက်အအုံဟိုတယ်ဇုန်အဖြစ် နိုင်ငံတကာအဆင့်မီတည်ဆောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

အခမ်းအနားကျင်းပခဲ့ပြီး
***************

ယင်းအပြင်ဟိုတယ်တည်ဆောက်ရန် နိုဝင်ဘာလ ၂၄ ရက်ကမြေသန့်နှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းနေ့တွင်ပင် မွန်ပြည်နယ် Royal စစ်တောင်းနှင့် ကရင်ပြည်နယ် Royal ဘားအံဟိုတယ်သစ်များထပ်မံတည်ဆောက်ရန်လည်း မြေသန့်နှင့် ပန္နက်တင်မင်္ဂလာအခမ်းအနားများကို ကျင်းပခဲ့ကြောင်း အဆိုပါကုမ္ပဏီထုတ်ပြန်ချက်အရ သိရသည်။

Royal စစ်တောင်း ဟိုတယ်စီမံကိန်းကိုလည်း မွန်ပြည်နယ်စစ်တောင်းတံတားအနီးစစ်တောင်းမြစ်ကမ်းခြေတွင် ရှိသောမြေ၁ဝ ဧကပေါ်တွင်အိပ်ခန်း ၁ဝ၈ ခန်းပါလေးထပ်အဆောက်အအုံ၊ရေကူးကန်၊Coffee Shop Restaurant နှင့်ဒေသထွက်ကုန်အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများပါဝင်မည့် နိုင်ငံတကာအဆင့်မီအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ကရင်ပြည်နယ်ဘားအံမြို့တွင် အကောင်အထည်ဖော်ဆောင်မည့် Royal ဘားအံကို အိပ်ခန်း ၁ဝဝ ပါ ၅ထပ်အဆောက်အအုံအဖြစ် တည်ဆောက်မည်ဖြစ်ပြီး ယင်းဟိုတယ်ကိုလည်း ရေကူးကန်၊Coffee Shop ၊Restaurant နှင့်ဒေသထွက်ကုန်အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများပါဝင်မည့် နိုင်ငံတကာအဆင့်မီအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ရင်းနှီးမြှုပ်နှံမည့်ပမာဏ
***************

ယင်းအသစ်တည်ဆောက်မည့် ဟိုတယ်များအားလုံးကို မြန်မာမှုလက်ရာပုံစံများအတိုင်း တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများကို တစ်နှစ်အတွင်းအပြီးတည်ဆောက်မည်ဖြစ်ကြောင်း စုစုပေါင်း ကျပ် ၃ဝ ဘီလျံခန့်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Source:Pyi Myanmar

Read 1827 times
Rate this item
(0 votes)

Related items