နောက်ဆုံးပတ်အတွင်းဖြို၍ အသစ်ပြန်လည်တည်ဆောက်မည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်

နောက်ဆုံးပတ်အတွင်းဖြို၍ အသစ်ပြန်လည်တည်ဆောက်မည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် Google

ကန်တော်ကြီးပဲလေ့စ် ဟိုတယ် မီးသင့်အဆောက်အအုံ များကို ယခုလ နောက်ဆုံးပတ် အတွင်းဖြို၍ အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ကြောင်း ထူးကုမ္ပဏီ လက်ထောက်မန်နေ ဂျင်းဒါရိုက်တာ မှ ပြောကြားကြောင်းသိရသည်။

မီးသင့်အဆောက်အအုံကို ဖြိုရန် ကန်ထရိုက်အပ်ထားပြီး လုပ်ငန်း ကာလမှာ တစ်လမှ တစ်လခွဲအထိ ကြာမြင့်မည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

“အဆောက်အအုံသစ် ပြန် လည်တည်ဆောက်ဖို့အတွက် မီးသင့်အဆောက်အအုံဟောင်းကို အရင်ဖြိုရမှာပါ။ ပြီးရင် အဆောက်အအုံသစ်ဒီဇိုင်းနဲ့ မြေပြင်အနေအ ထား ကိုက်ညီမှုရှိ၊ မရှိ

အင်ဂျင် နီယာတွေ စစ်ဆေးမှာပါ။ ရင်းနှီး မြှုပ်နှံမှုပမာဏတွေ၊ ဘာတွေက တော့ ပိုင်ရှင်ကပဲ ဆုံးဖြတ်မှာပါ’’ ဟု သိရသည်။

ကန်တော်ကြီးပဲလေ့စ်  ဟို တယ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၉ ရက် နံနက်အစောပိုင်း က ဝိုင်ယာကြိုးများ အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ သည်။

ယင်းဟိုတယ်တွင် အဓိက အဆောက်အအုံလေးလုံးရှိသည့် အနက် နှစ်လုံးမီးလောင်ပြီး ယင်းအတွက် အာမခံလျော်ကြေး ကျပ် ၆၉၂ သန်းရရှိခဲ့သည်။

တံတားကြံ့ခိုင်မှု စစ်ဆေးရာတွင် ၂၉ စင်းအနက် နှစ်စင်းသည် အဆိုးဆုံး ဖြစ်နေကြောင်းတရုတ်ပညာရှင်များကထောက်ပြ
***သင်စိတ်ဝင်စားနိုင်သော တံတားကြံ့ခိုင်မှု စစ်ဆေးရာတွင် ၂၉ စင်းအနက် နှစ်စင်းသည် အဆိုးဆုံး ဖြစ်နေကြောင်းတရုတ်ပညာရှင်များကထောက်ပြ***

ထူးကုမ္ပဏီ အုပ်စုပိုင် ဟိုတယ် ၁၈ လုံးအနက် ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်ကို ထိုင်းနိုင်ငံ  Baiyoke Group of Hotels ထံမှ ၂ဝ၁ဝ တွင် ကန်ဒေါ်လာ ၂၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

Source:7day Daily

Read 1092 times Last modified on Monday, 17 September 2018 15:40
Rate this item
(0 votes)