အကြီးစား ပြင်ဆင်ပြုပြင်မှုများပြုလုပ်မည့် ဟိုတယ်အတွက် အိတ်ဖွင့်တင်ဒါခေါ်(Zawgyi-Unicode)

အကြီးစား ပြင်ဆင်ပြုပြင်မှုများပြုလုပ်မည့် ဟိုတယ်အတွက် အိတ်ဖွင့်တင်ဒါခေါ်(Zawgyi-Unicode) Google

မနလေးတိုင်းဒေသကြီး မနလေးဘူတာကြီးအနီး(၇၈)လမ်း၊(၂၈×၂၉)လမ်းကြားရှိ မြန်မာ့မီးရထားပိုင်(ယခင်)ပုပ္ပားဟိုတယ်အမှတ်(၂)





မနလေးဘူတာကြီးတတိယထပ်ရှိ မန်နေဂျာ(စီးပွားရေး/တိုင်း)၊တိုင်းအမှတ်(၃)ရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်သည်။






Source:Myanmar Alinn


Unicode Version

မန္တလေးတိုင်းဒေသကြီး မန္တလေးဘူတာကြီးအနီး(၇၈)လမ်း၊(၂၈×၂၉)လမ်းကြားရှိ မြန်မာ့မီးရထားပိုင်(ယခင်)ပုပ္ပားဟိုတယ်အမှတ်(၂)

(ယခု) Hotel Amazing Mandalay အဆောက်အအုံအပါအဝင် မြေနေရာအကျယ်အဝန်း ဝဒသမ၆၄ ဧက (၂၇၉၂၄စတုရန်းပေရှိ) မြေနေရာတွင်

လုံလောက်သော ယာဉ်ရပ်နားရန်နေရာပါဝင်သည့် အထပ်မြင့်ဟိုတယ်လုပ်ငန်းအား BOT စနစ်ဖြင့်နှစ်ရှည် ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအားဖိတ်ခေါ်၍ တင်ဒါစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။

ယင်းတင်ဒါအတွက် စည်းကမ်းချက်များ၊လုပ်ထုံးလုပ်နည်းများအပြည့်အစုံအားဖော်ပြထားသည့် လျှောက်လွှာပုံစံများကို တစ်စုံလျှင်ကျပ်(၁ဝ,ဝဝဝ/-)နှုန်းဖြင့် ၂၂.၁.၂ဝ၁၈ မှ ၂၂.၂.၂ဝ၁၈

***သင်စိတ်ဝင်စားနိုင်သော မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းဖွံ့ဖြိုးရေးအတွက် Co-developer များ လာရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ထား***

မန္တလေးဘူတာကြီးတတိယထပ်ရှိ မန်နေဂျာ(စီးပွားရေး/တိုင်း)၊တိုင်းအမှတ်(၃)ရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်သည်။

တင်ဒါပုံစံတွင် ဖော်ပြရမည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြ၍ ယင်းတင်ဒါအား မန်နေဂျာ(စီးပွားရေး/တိုင်း)၊တိုင်းအမှတ်(၃)ရုံး၊ဖုန်း ဝ၂-၄ဝ၆၆၇၆၄ သို့ ၁၉.၃.၂ဝ၁၈ရက်

၁၆း၃ဝနာရီ နောက်ဆုံးထား၍ တင်ဒါအာမခံကြေးပေးသွင်းပြီးကြောင်း အထောက်အထားနှင့်အတူ ပေးပို့သွားရန်ဖြစ်သည်။

သတ်မှတ်ရက်ထက် နောက်ကျပေးပို့လာသည့်အဆိုပြုလွှာများ၊တင်ဒါအာမခံကြေးပေးမသွင်းသူများကို လက်ခံစဉ်းစားမည်မဟုတ်ကြောင်းသိရသည်။

အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ ဖုန်းဝ၂-၄ဝ၃၅၁၇၂၊အထွေထွေမန်နေဂျာ(အထက်မြန်မာပြည်)

ရုံးဖုန်းဝ၂-၄ဝ၃၅၈၂၉၊မန်နေဂျာ(စီးပွားရေး/တိုင်း)၊တိုင်းအမှတ်(၃)ဖုန်း ဝ၂-၄ဝ၆၆၇၆၄ တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Source:Myanmar Alinn

Read 1953 times Last modified on Tuesday, 18 September 2018 15:42
Rate this item
(0 votes)