ကယားျပည္နယ္တြင္ ဟိုတယ္အခန္းမလံုေလာက္မႈမ်ားေၾကာင့္ ဟိုတယ္ ၁၃လံုးထပ္မံတည္ေဆာက္

ကယားျပည္နယ္တြင္ ဟိုတယ္အခန္းမလံုေလာက္မႈမ်ားေၾကာင့္ ဟိုတယ္ ၁၃လံုးထပ္မံတည္ေဆာက္ Google

ကယားျပည္နယ္တြင္ ခရီးသြားရာသီအစ ဟိုတယ္အခန္းမလံုေလာက္မႈမ်ားျဖစ္ေပၚေနေသာေၾကာင့္ ဟိုတယ္အသစ္ ၁၃လံုးကို ထပ္မံတည္ေဆာက္သြားမည္ျဖစ္ေၾကာင္း

ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန၊လိြဳင္ေကာ္ရံုးတာဝန္ခံထံမွ သိရသည္။

ကယားျပည္နယ္တြင္ယခုအခါဟိုတယ္ ၁၆လံုး၊အခန္း ၃၄၇ခန္းသာရွိေသာေၾကာင့္ ဝင္ေရာက္လာေသာခရီးသည္ႏွင့္ မလံုေလာက္မႈျဖစ္ေပၚလ်က္ရွိရာ

ခရီးသြားဝင္ေရာက္မႈမ်ားေသာ လိြဳင္ေကာ္ၿမိဳ႕တြင္ ၁၂လံုးႏွင့္ ေဘာ္လခဲၿမိဳ႕တြင္ တစ္လံုးကို တစ္ႏွစ္မွ သံုးႏွစ္အတြင္း အသီးသီးအၿပီးတည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။

ေအာက္တိုဘာလတြင္ ျပည္တြင္းဧည့္သည္မ်ားအတြက္ တည္းခိုရန္အခန္းမ်ားမရႏိုင္သည့္အတြက္ လိြဳင္ေကာ္ႏွင့္ ေဘာ္လခဲၿမိဳ႕တြင္ အသစ္တည္ေဆာက္ရန္ ခြင့္ျပဳထားေၾကာင္း သိရသည္။

ခြင့္ျပဳထားသည့္အထဲတြင္ ဟိုတယ္၁၁ထပ္ရွိေသာ ဟိုတယ္တစ္လံုးလည္းပါဝင္ေၾကာင္း သိရသည္။

***သင္စိတ္ဝင္စားႏုိင္ေသာ ရတနာပံုၿမိဳ႕သစ္စီမံကိန္းယခုလကုန္ပိုင္းတြင္ျပန္လည္ေဖာ္ေဆာင္ႏို္င္ရန္စီစဥ္***

ကယားျပည္နယ္သည္ ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးလာေသာေၾကာင့္ ကယားတုိင္းရင္းသားေက်းရြာ၊ကယန္း တိုင္းရင္းသားေက်းရြာ၊ပန္ပက္ေက်းရြာ၊တႏွီးလာလဲေက်းရြာမ်ားကို

လူထုအေျချပဳခရီးသြားလုပ္ငန္း(CBT) ေက်ားရြာမ်ားအျဖစ္ေဆာင္ရြက္ထားကာ မၾကာမီေတာင္ပတ္လည္ဝန္းရံထားေသာ

ေဒါတမႀကီးေက်းရြာနွင့္ လီရႈတိုင္းရင္းသားေက်းရြာကိုလည္း လူထုအေျချပဳခရီးသြားလုပ္ငန္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္လွပေသာေနရာမ်ားစြာရွိပါသည္။ထို႔ေၾကာင့္ ခရီးသြားလုပ္ငန္းေနရာမ်ားေဖာ္ေဆာင္ရန္ လုပ္ေနျခင္းျဖစ္သည္။

လိုအပ္ေသာလမ္းပိုင္းဆိုင္ရာအတြက္လည္းေဆာင္ရြက္ေနၿပီး ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာလွ်င္တိုင္းရင္းသားမ်ား၏အလုပ္အကိုင္အခြင့္အလမ္းမ်ား အဆင္ေျပလာႏုိင္မည္ျဖစ္သည္။

ကယားျပည္နယ္သို႔ျပည္တြင္းျပည္ပခရီးသြားဧည့့္သည္မ်ား တစ္ႏွစ္ထက္တစ္ႏွစ္ပိုမိုဝင္ေရာက္လည္ပတ္လ်က္

ရွိရာ၂ဝ၁၅ခုႏွစ္ တြင္ျပည္တြင္း ၁၃၇၇၈ဦးႏွင့္ ျပည္ပ၃၉၃၃ဦး၊၂ဝ၁၆ခုႏွစ္တြင္ ျပည္တြင္း ၁၆၉၉၄ဦးႏွင့္ ျပည္ပ ၆၃၇၄ဦး၊၂ဝ၁၇ခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လအထိျပည္တြင္း

၁၆၆၉၉ဦး၊ျပည္ပ၅၄၄၇ဦးတို႕လာေရာက္ခဲ့ၾကေၾကာင္း သိရသည္။

Source:Pyi Myanmar


Unicode Version

ကယားပြည်နယ်တွင် ခရီးသွားရာသီအစ ဟိုတယ်အခန်းမလုံလောက်မှုများဖြစ်ပေါ်နေသောကြောင့် ဟိုတယ်အသစ် ၁၃လုံးကို ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊လွိုင်ကော်ရုံးတာဝန်ခံထံမှ သိရသည်။

ကယားပြည်နယ်တွင်ယခုအခါဟိုတယ် ၁၆လုံး၊အခန်း ၃၄၇ခန်းသာရှိသောကြောင့် ဝင်ရောက်လာသောခရီးသည်နှင့် မလုံလောက်မှုဖြစ်ပေါ်လျက်ရှိရာ

ခရီးသွားဝင်ရောက်မှုများသော လွိုင်ကော်မြို့တွင် ၁၂လုံးနှင့် ဘော်လခဲမြို့တွင် တစ်လုံးကို တစ်နှစ်မှ သုံးနှစ်အတွင်း အသီးသီးအပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

အောက်တိုဘာလတွင် ပြည်တွင်းဧည့်သည်များအတွက် တည်းခိုရန်အခန်းများမရနိုင်သည့်အတွက် လွိုင်ကော်နှင့် ဘော်လခဲမြို့တွင် အသစ်တည်ဆောက်ရန် ခွင့်ပြုထားကြောင်း သိရသည်။

ခွင့်ပြုထားသည့်အထဲတွင် ဟိုတယ်၁၁ထပ်ရှိသော ဟိုတယ်တစ်လုံးလည်းပါဝင်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော ရတနာပုံမြို့သစ်စီမံကိန်းယခုလကုန်ပိုင်းတွင်ပြန်လည်ဖော်ဆောင်နို်င်ရန်စီစဉ်***

ကယားပြည်နယ်သည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာသောကြောင့် ကယားတိုင်းရင်းသားကျေးရွာ၊ကယန်း တိုင်းရင်းသားကျေးရွာ၊ပန်ပက်ကျေးရွာ၊တနှီးလာလဲကျေးရွာများကို

လူထုအခြေပြုခရီးသွားလုပ်ငန်း(CBT) ကျေားရွာများအဖြစ်ဆောင်ရွက်ထားကာ မကြာမီတောင်ပတ်လည်ဝန်းရံထားသော

ဒေါတမကြီးကျေးရွာနှင့် လီရှုတိုင်းရင်းသားကျေးရွာကိုလည်း လူထုအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင်လှပသောနေရာများစွာရှိပါသည်။ထို့ကြောင့် ခရီးသွားလုပ်ငန်းနေရာများဖော်ဆောင်ရန် လုပ်နေခြင်းဖြစ်သည်။

လိုအပ်သောလမ်းပိုင်းဆိုင်ရာအတွက်လည်းဆောင်ရွက်နေပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာလျှင်တိုင်းရင်းသားများ၏အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေလာနိုင်မည်ဖြစ်သည်။

ကယားပြည်နယ်သို့ပြည်တွင်းပြည်ပခရီးသွားဧည့့်သည်များ တစ်နှစ်ထက်တစ်နှစ်ပိုမိုဝင်ရောက်လည်ပတ်လျက်

ရှိရာ၂ဝ၁၅ခုနှစ် တွင်ပြည်တွင်း ၁၃၇၇၈ဦးနှင့် ပြည်ပ၃၉၃၃ဦး၊၂ဝ၁၆ခုနှစ်တွင် ပြည်တွင်း ၁၆၉၉၄ဦးနှင့် ပြည်ပ ၆၃၇၄ဦး၊၂ဝ၁၇ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိပြည်တွင်း

၁၆၆၉၉ဦး၊ပြည်ပ၅၄၄၇ဦးတို့လာရောက်ခဲ့ကြကြောင်း သိရသည်။

Source:Pyi Myanmar

Read 1234 times Last modified on Tuesday, 18 September 2018 16:51
Rate this item
(0 votes)