Shin Ye Htut Hotel

Shin Ye Htut Hotel Google

Shin Ye Htut Hotel သည် အမှတ်(2B),ဝင်္ကပါလမ်း,ဗဟန်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး တွင် တည်ရှိပြီး Shin Ye Htut Construction မှ တည်ဆောက်လျက်ရှိသည်။

မြေဧရိယာ ပေ၅ဝ×ပေ၁ဝဝပေါ်တွင် တည်ဆောက်နေပြီး ၂ဝ၁၈ခုနှစ်နိုဝင်ဘာလခန့်တွင် ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။

အထပ်အမြင့်မှာ ရှစ်ထပ်ခွဲ ရှိပြီး Roof Top တွင် စားသောက်ဆိုင်များ နှင့် Bar များရှိမည်ဖြစ်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော သီလဝါတွင် ဂျပန်တိုယိုတာကုမ္ပဏီ မှ ကားစက်ရုံဆောက်ရန်ဆွေးနွေး***

တစ်လွှာတွင်၁ဝခန်း၊ ၁၂ခန်းနှင့်၁၆ခန်း ဖွဲ့စည်းတည်ဆောက်ထားမည်ဖြစ်ကြောင်း သိရသည်။

အခန်းတစ်ခန်း၏အကျယ်အဝန်းမှာ ၁၂ပေ×၂၂ပေ ကျယ်ဝန်းမည်ဖြစ်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သောယခုလအတွင်း ဖွင့်မည့် တော်ဝင်နှင်းဆီအိမ်ရာ***

ဓာတ်လှေကားနှစ်စင်းတပ်ဆင်ပေးမည်ဖြစ်ပြီး Ground Floor တွင် ဂျပန်စတိုင် ရေစိမ်ကန်၊အားကစားခန်းမနှင့် Spa များထည့်သွင်းပေးမည်ဖြစ်သည်။

ကားများအား ခြံဝန်းထဲတွင် ထားရှိနိုင်ကြောင်းသိရသည်။

အခန်းတစ်ခန်းဈေးနှုန်းမှာ တစ်ညလျှင် ဒေါ်လာ၆ဝခန့် ခန့်မှန်းထားကြောင်း သိရသည်။

Shin Ye Htut Construction

Read 6548 times Last modified on Thursday, 12 October 2017 12:19
Rate this item
(0 votes)