မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ သမုတ်-လွတ်လွတ် တံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီး

မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ သမုတ်-လွတ်လွတ် တံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီး MDN

မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ သမုတ်-လွတ်လွတ်တံတား ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ မကြာမီ တံတားဖြတ်သန်း အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

 

သမုတ်-လွတ်လွတ်တံတားသည် (၁၂၈၇)ပေရှည်ပြီး ယာဉ်သွားလမ်း အကျယ်က(၂၄)ပေရှိကာ လူသွား လမ်း တစ်ဖက်(၃)ပေစီပါရှိသည့် နှစ်လမ်းသွားတံတားဖြစ်ပြီး ရေလမ်းကင်းလွတ်အကျယ်(၁၆၄)ပေရှိပြီး ရေလမ်း ကင်းလွတ်အမြင့်က ရေအတက်ဆုံးချိန်တွင်(၁၅)ပေရှိသည်။

 

အဆိုပါတံတားကို တံတားဦးစီး ဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တည်ဆောက်ခဲ့ပြီး တံတားတည်ဆောက်ရေး လုပ်ငန်းသည် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးပြီဖြစ်ကာ တံတားချဉ်းကပ်လမ်းနှင့် တံတားပေါ်ကတ္တရာ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု(၈၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

“သမုတ်-လွတ်လွတ်တံတားက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ တံတားမတည်ဆောက်နိုင်ခင်တုန်းက သမုတ်မြစ်ကို ရှောင်ကွင်းပြီး ဖောက်ထားတဲ့ ရှောင်ကွင်းလမ်းမှ ပြည်သူများ ဖြတ်သန်းသွားလာရတဲ့အတွက် ယာဉ်များ(၂၅)မိုင်ခန့် သွားလာရပါတယ်။ တံတား တည် ဆောက်ပြီးစီးသွား မယ်ဆိုရင်တော့ (၁၄)မိုင်သာ သွားရမည်ဖြစ်ပြီး(၁၁)မိုင် သက်သာသွားမှာ ဖြစ်ပါ တယ်။ မိုင်(၁၁)မိုင်သာ သက်သာသော်လည်း ယာဉ်မောင်းချိန်(၄၅)မိနစ်ခန့်သက်သာမယ်။ ရှောင်ကွင်း လမ်းက တောင်ကြောပေါ်က ‌ဖောက်ထားတဲ့အတွက် အတက်အဆင်းများပြီး အကွေ့အကောက်များတဲ့ အတွက် အမြန်သွားလို့မရဘူး။ သမုတ်-လွတ်လွတ် တံတားလမ်းက ယာဉ်မောင်း ချိန် ပိုမြန်သွားမှာဖြစ်ပါတယ်” ဟု တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးထွန်း က ပြောသည်။

 

အဆိုပါတံတားကို ရန်ပုံငွေစုစုပေါင်း ကျပ်သန်း(၁၁၈၀၀)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတား ချဉ်းကပ်လမ်းနှင့် တံတားပေါ် ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးပါက သမုတ်-လွတ်လွတ် တံတားသည် ပြည်ထောင်စုလမ်းမကြီးတွင် တည်ရှိသော တံတားတစ်စင်းဖြစ်သောကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေ့စဉ်သွားလာမှု ပိုမိုလွယ်ကူလျင်မြန်စွာဖြင့် ကုန်ကားများ၊ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်သည်။

 

By Myanmar Builders Guide

 

MDN

Read 271 times
Rate this item
(0 votes)
Tagged under