လယ်ယာ မြေများအား အခြားမြေများ အဖြစ် အသုံးပြုခွင့်ရရှိနိုင်တော့မည်

လယ်ယာ မြေများအား အခြားမြေများ အဖြစ် အသုံးပြုခွင့်ရရှိနိုင်တော့မည်

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု့အဖွဲ၏ အကြိမ်(၃၀)မြောက်အစည်းအဝေးကို ဇူလိုင်လ ၂၈ ရက်နေ့ နေ့လည် ၁ နာရီက စိုက်ပျ ိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

 

အရေးယူဟန့်တား

--------------------

 

အစည်းအဝေးတွင် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကလယ်ယာမြေကို အခြားနည်းအသုံးပြုရန် လုပ်ငန်းဆောင်ရွက်ရာတွင် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအပေါ်အဓိကသက်ဆိုင်သည့် လယ်ယာမြေများ မလျော့ပါးရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်ရေး အခြေခံအဆောက်အအုံများဖြစ်သည့် စက်ရုံအလုပ်ရုံများတိုးပွားတည်ဆောက်ရေးလုပ်ငန်းများတစ်ခုနှင့်တစ်ခု အဟန့်အတား၊ ကန့်သတ်ချက်မဖြစ် စေရန် မြော်မြင်သုံးသပ်ပြီး အကောင်းဆုံးလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊တစ်ဖက်တွင်လည်းမြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို အသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာရေး အားပေးဆောင်ရွက်လျက်ရှိရာ မိမိတို့အစိုးရကာလအတွင်း စိုက်ပျိုးမှုတည်ငြိမ်သွားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ၄၆၃၂ ဧက အား လယ်ယာမြေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊

 

လယ်ယာမြေအခြားနည်း သုံးစွဲခွင့် လျှောက်ထားလာမှုများနှင့်ပတ်သက်၍လည်း ဌာနဆိုင်ရာ အဖွဲ့အစည်းအဆင့်ဆင့်မှ အမှုတွဲဖွင့်လှစ်ဆောင်ရွက်ပေးရာတွင် လိုအပ်သော အချိန်ကာလထက် ပိုမိုကြာမြင့်မှုမရှိစေရေးနှင့်အခြား နည်းသုံးစွဲခွင့်ပြုပြီး မြေများတွင်လည်း သတ်မှတ်ချက်ပါ ကာလအတိုင်း လုပ်ငန်းများ အကောင်အထည်ဖော်ဆာင်ရွက်ခြင ်းမရှိပါက လယ်ယာမြေဥပေဒပါပြဌာန်းချက်နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထိုအပြင် လယ်ယာမြေအပေါ်ခွင့်ပြုချက်မရရှိမီ လုပ်ငန်းဆောင်ရွက်မှု့များကိုလည်းဥပေဒနှင့ ်အညီ ထိရောက ်စ ွာ အေရးယူဟန့်တားရန်လိုအပ်ကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးဦးလှကျော်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှု့အဖွဲ့၊ အဖွဲ့ဝင်များ စုံညီစ ွာတက်ရောက ်ခဲ့ကြပြီး အတွင်းရေးမှုးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနပြန်ကြားရေးမှူးချုပ် ဦးသက်ပိုင်ဦးက အစည်းအဝေးတွင်ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစဉ်များအား ဖတ်ကြားတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများကအကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြသည်။

 

အချိန်ကြန့်ကြာမှုမရှိ

----------------------

 

အကြိမ်(၃၀)မြောက်အဖြစ် ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်သိမ်းယူခဲ့သည့် လယ်ယာမြေများအတွက် ဘဏ္ဌာနှစ်အလိုက်လျော်ကြေး၊ နစ်နာကြေးပေးချေရမည့်ကိစ္စရပ်များ၊ယခင်အစိုးရကာလများက ခွင့်ပြုထားသော လ/န - ၃၉ခွင့်ပြုမိန့်အား ပယ်ဖျက်ပေးပါရန် တင်ပြလာသည့်ကိစ္စရပ်များ၊လယ်ယာမြေအားအခြားနည်းဖြင့်အသုံးပြုခွင့်လျှောက်ထားလာသည့်ကိစ္စရပ်များ၊ လယ်ယာမြေအားအခြားနည်း ခွင့်ပြုမိန့်မရဘဲ ကြိုတင်အသုံးပြုထားသည့်အပေါ် ဒဏ်ကြေးငွေပေးဆောင်ရန် အဆိုပြု တင်ပြလာသော ကိစ္စရပ်များကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဌ ာန်းချက်များ အရလည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၁၆.၅.၂၀၁၃ ရက်စွဲပါစာဖြင့် စိစစ်ရန်ထုတ်ပြန ်ထားသည့်ပြန်ကြားချက်အရလည်းကောင်း၊ ကိုက်ညီမှန်ကန်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ပြီးနောက ် ကိုက်ညီမှန်ကန်မှု့ရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပေဒ ပုဒ်မ ၃၀ (က) အရ လယ်ယာမြေအခြားနည်းသုံးစွဲခွင့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်၍ခွင့်ပြုရန် သင့်/ မသင့် ကိစ္စရပ်များ၊ နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီး၊ ပြည်နယ်များ၌ဖြေရှင်းဆောင်ရွက်နေသောလယ်ယာမြေ အငြင်းပွားမှု့များ အပေါ် သတ်မှတ်ကာလအတွင်း ဖြေရှင်းပြီးပြတ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ယခင်အစည်းအဝေးများအရ ပြန်လည်စိစစ်တင်ပြခဲ့သောလယ်ယာမြေအခြားနည်းအသုံးပြုခွင့် လျှောက်ထားလာသည့် လုပ်ငန်း စာတွဲများကို ဝိုင်းဝန်းစိစစ်အတည်ပြုခြင်း၊သက်ဆိုင်ရာကော်မတီသို့ ပြန်လည်ပေးပို့ခြင်းများကိုအချိန်ကန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကြေးမုံ

Read 1667 times
Rate this item
(0 votes)
Tagged under