အရည်အသွေးမြင့် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံဖြင့် ဆောက်လုပ်မည်

အရည်အသွေးမြင့် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံဖြင့် ဆောက်လုပ်မည်

ရေနံထွက် ပစ္စည်းများအတွက် Oversea market အား မှီခိုမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်း လိုအပ် ချက်ကို ဖြည့်ဆည်းရန်

မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်တို့တွင် ရေနံချက် စက်ရုံ အသစ်များကို JV စနစ်၊ PPP ပုံစံတို့ဖြင့် ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားခဲ့ သည်။

“တရုတ်-မြန်မာ ရေနံစိမ်း ပိုက်လိုင်းမှ တစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အလယ်အလတ်အဆင့် စက်ရုံတွေ(Medium Refinery)နဲ့ ရန်ကုန်တိုင်းဒေသကြီး အနီးတစ်ဝိုက်မှာ အကြီးစား (New Integrated Refinery and Petrochemical Complex) စက်ရုံတွေ ဆောက်လုပ်သွားမှာပါ” ဟု နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ ညနေပိုင်း ပြုလုပ်ခဲ့သော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်းသည့် သတင်းစာ ရှင်းလင်းပွဲတွင် အမြဲတမ်း အတွင်းဝန်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
(Xinhua)

 

အရည္အေသြးျမင့္ ေရနံခ်က္ စက္႐ုံ အသစ္မ်ားကို JV စနစ္၊ PPP ပုံစံျဖင့္ ေဆာက္လုပ္မည္

ေရနံထြက္ ပစၥည္းမ်ားအတြက္ Oversea market အား မွီခိုမႈ ေလွ်ာ့ခ်ႏိုင္ေရးႏွင့္ ျပည္တြင္း လိုအပ္ ခ်က္ကို ျဖည့္ဆည္းရန္ ျမန္မာႏိုင္ငံ အလယ္ပိုင္းႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အနီးတစ္ဝိုက္တို႔တြင္ ေရနံခ်က္ စက္႐ုံ အသစ္မ်ားကို JV စနစ္၊ PPP ပုံစံတို႔ျဖင့္ ေဆာင္႐ြက္သြားမည္ဟု လွ်ပ္စစ္ႏွင့္ စြမ္းအင္ ဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးတင္ေမာင္ဦးက ေျပာၾကားခဲ့ သည္။
“တ႐ုတ္-ျမန္မာ ေရနံစိမ္း ပိုက္လိုင္းမွ တစ္ဆင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္းမွာ အလယ္အလတ္အဆင့္ စက္႐ုံေတြ(Medium Refinery)နဲ႔ ရန္ကုန္တိုင္းေဒသႀကီး အနီးတစ္ဝိုက္မွာ အႀကီးစား (New Integrated Refinery and Petrochemical Complex) စက္႐ုံေတြ ေဆာက္လုပ္သြားမွာပါ” ဟု ေနျပည္ေတာ္ ျပန္ၾကားေရး ဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ ယေန႔ ညေနပိုင္း ျပဳလုပ္ခဲ့ေသာ ႏိုင္ငံေတာ္ အစိုးရ၏ ျပည္သူ႔အတြက္ စတုတၳ တစ္ႏွစ္တာ ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ စပ္လ်ဥ္းသည့္ သတင္းစာ ရွင္းလင္းပြဲတြင္ အၿမဲတမ္း အတြင္းဝန္က ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
(Xinhua)

Read 1657 times
Rate this item
(0 votes)