မီတာရုံးများအသိပေးမှုရှိနေသော်လည်း အချို့တွင်လူစုလူဝေးစည်းကမ်းအားနည်းချက်များရှိနေ

မီတာရုံးများအသိပေးမှုရှိနေသော်လည်း အချို့တွင်လူစုလူဝေးစည်းကမ်းအားနည်းချက်များရှိနေ Google

မီတာရုံးများအသိပေးမှုရှိနေသော်လည်း အချို့တွင်လူစုလူဝေးစည်းကမ်းအားနည်းချက်များရှိနေ

လှိုင်မြို့နယ်အတွင်းရှိ
လျှပ်စစ်ဓာတ်အားသုံးစွဲသူ
မိဘပြည်သူများခင်ဗျာ

လှိုင်မြို့နယ်အတွင်း ဓာတ်အားခ
ပေးဆောင်ရာတွင် ကောင်တာ(၃)ခု
ဖွင့်လှစ်ထားရှိပါသည်။
(၁)အင်းစိန်လမ်းမပေါ် ဘူတာရုံလမ်းမှတ်တိုင်ရှိ
မြို့နယ်ရုံး (အရှေ့) ကောင်တာ
(၂)ကန်လမ်းအတွင်း လှိုင်မြင်းမိုရ်အိမ်ယာရှေ့
မြို့နယ်ရုံး (အနောက်) ကောင်တာနှင့်
(၃) အင်းစိန်လမ်းမပေါ်ရှိ အုတ်ကျင်းမှတ်တိုင်
RIR ဓာတ်အားခွဲရုံကောင်တာ
စုစုပေါင်း (၃)နေရာမှ ဓာတ်အားခများ
ကောက်ခံပေးလျှက်ရှိပါသည် ။

မိဘပြည်သူများ မီတာခ( Meter Bill)
ပေးဆောင်ရာတွင် Online မှပေးဆောင်နိုင်ပါကြောင်း
ကြေငြာပေးပြီး ဖြစ်ပါသည်။
လူကိုယ်တိုင်လာရောက်ပေးဆောင်မည့်သူများအတွက် လည်းအဆင်ပြေချောမွေ့စေရန် နှင့် လူစုလူဝေး မဖြစ်စေရန်အတွက် တစ်ဦးနှင့်တစ်ဦး(၃)ပေအကွာတန်းစီနိုင်ရန် သတ်မှတ်စည်းကွက်များရေးဆွဲထားသည့်အတိုင်း
တန်းစီ၍ တာဝန်ကျ မီတာစာရေးများမှ လမ်းညွှန်ပေး
သည့်အတိုင်း လူကြီးမင်းတို့မှ တန်းစီ စောင့်ဆိုင်းပေးခြင်း၊
တန်းစီနေစဉ် မီတာဘေလ်ကောင်တာများတွင် အရိပ်ရရှိစေရေးဆောင်ရွက်ပေးထားခြင်း၊ အဝင်အပေါက်ဝများတွင် လက်ဆေးဘေစင်များထားရှိခြင်းနှင့် Hand Spray ဖြင့်
ဖြန်းပေးခြင်းတို့အား အစီအစဉ်အတိုင်း ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်း နှိုးဆော်အပ်ပါသည်။

မြို့နယ်ရုံး၏ နေရာအခက်အခဲကြောင့်
အဆင်မပြေမှုများ ကြုံတွေ့လာပါက
နေရာကျယ်ပြန့်သော အုတ်ကျင်းမှတ်တိုင်အနီး
RIR ခွဲရုံကောင်တာသို့သွားရောက်ပေးဆောက်ပေး
ကြပါရန်နှင့် ကောင်တာများတွင် ပြင်ဆင်ထားသည့်
အတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်
မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

ဖော်ပြပါပုံသည် တောင်ဒဂုံမီတာရုံးဖြစ်သည်။

1111.jpg

Zawgyi

မီတာ႐ုံးမ်ားအသိေပးမႈရွိေနေသာ္လည္း အခ်ိဳ႕တြင္လူစုလူေဝးစည္းကမ္းအားနည္းခ်က္မ်ားရွိေန

လႈိင္ၿမိဳ႕နယ္အတြင္းရွိ
လွ်ပ္စစ္ဓာတ္အားသုံးစြဲသူ
မိဘျပည္သူမ်ားခင္ဗ်ာ

လႈိင္ၿမိဳ႕နယ္အတြင္း ဓာတ္အားခ
ေပးေဆာင္ရာတြင္ ေကာင္တာ(၃)ခု
ဖြင့္လွစ္ထားရွိပါသည္။
(၁)အင္းစိန္လမ္းမေပၚ ဘူတာ႐ုံလမ္းမွတ္တိုင္ရွိ
ၿမိဳ႕နယ္႐ုံး (အေရွ႕) ေကာင္တာ
(၂)ကန္လမ္းအတြင္း လႈိင္ျမင္းမိုရ္အိမ္ယာေရွ႕
ၿမိဳ႕နယ္႐ုံး​ (အေနာက္) ေကာင္တာႏွင့္
(၃) အင္းစိန္လမ္းမေပၚရွိ အုတ္က်င္းမွတ္တိုင္
RIR ဓာတ္အားခြဲ႐ုံေကာင္တာ
စုစုေပါင္း (၃)ေနရာမွ ဓာတ္အားခမ်ား
ေကာက္ခံေပးလွ်က္ရွိပါသည္ ။

မိဘျပည္သူမ်ား မီတာခ( Meter Bill)
ေပးေဆာင္ရာတြင္ Online မွေပးေဆာင္ႏိုင္ပါေၾကာင္း
ေၾကျငာေပးၿပီး ျဖစ္ပါသည္။
လူကိုယ္တိုင္လာေရာက္ေပးေဆာင္မည့္သူမ်ားအတြက္ လည္းအဆင္ေျပေခ်ာေမြ႕ေစရန္ ႏွင့္ လူစုလူေဝး မျဖစ္ေစရန္အတြက္ တစ္ဦးႏွင့္တစ္ဦး(၃)ေပအကြာတန္းစီႏိုင္ရန္ သတ္မွတ္စည္းကြက္မ်ားေရးဆြဲထားသည့္အတိုင္း
တန္းစီ၍ တာဝန္က် မီတာစာေရးမ်ားမွ လမ္းၫႊန္ေပး
သည့္အတိုင္း လူႀကီးမင္းတို႔မွ တန္းစီ ေစာင့္ဆိုင္းေပးျခင္း၊
တန္းစီေနစဥ္ မီတာေဘလ္ေကာင္တာမ်ားတြင္ အရိပ္ရရွိေစေရးေဆာင္႐ြက္ေပးထားျခင္း၊ အဝင္အေပါက္ဝမ်ားတြင္ လက္ေဆးေဘစင္မ်ားထားရွိျခင္းႏွင့္ Hand Spray ျဖင့္
ျဖန္းေပးျခင္းတို႔အား အစီအစဥ္အတိုင္း ေဆာင္႐ြက္ေပးၾကပါရန္ ေမတၱာရပ္ခံ တိုက္တြန္း ႏႈိးေဆာ္အပ္ပါသည္။

ၿမိဳ႕နယ္႐ုံး​၏ ေနရာအခက္အခဲေၾကာင့္
အဆင္မေျပမႈမ်ား ႀကဳံေတြ႕လာပါက
ေနရာက်ယ္ျပန႔္ေသာ အုတ္က်င္းမွတ္တိုင္အနီး
RIR ခြဲ႐ုံေကာင္တာသို႔သြားေရာက္ေပးေဆာက္ေပး
ၾကပါရန္ႏွင့္ ေကာင္တာမ်ားတြင္ ျပင္ဆင္ထားသည့္
အတိုင္း ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေပးၾကပါရန္
ေမတၱာရပ္ခံ ႏႈိးေဆာ္တိုက္တြန္းအပ္ပါသည္။

ေဖာ္ျပပါပံုသည္ ေတာင္ဒဂံုမီတာရံုးျဖစ္သည္။

Read 448 times Last modified on Monday, 20 April 2020 09:52
Rate this item
(0 votes)
Tagged under