သီလဝါတွင်တည်ဆောက်မည့် အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်တန်ဖိုးရှိလျှပ်စစ်ဓာတ်အားထုတ်စက်ရုံ

သီလဝါတွင်တည်ဆောက်မည့် အမေရိကန်ဒေါ်လာနှစ်ဘီလီယံခန့်တန်ဖိုးရှိလျှပ်စစ်ဓာတ်အားထုတ်စက်ရုံ google

ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပြီး သဘာဝဓာတ်ငွေ့ရည်သုံး လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကို

သီလဝါတွင်တည်ဆောက်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

 

အဆိုပါ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၂၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး

 

သီလဝါရှိ အကွက်အမှတ် (၂၇)၊ (၂၉)နှင့် (၂၈)တို့တွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

 

ဂျပန်နိုင်ငံမှ မာရူဘီနီ-ဆူမီ တိုမို ကော်ပိုရေးရှင်းနှင့် ပြည်တွင်းအများပိုင်ကုမ္ပဏီတစ်ခု ပူးပေါင်း ၍ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကို

 

အကောင်အထည်ဖော်ရန် စီစဉ်နေပြီး လာမည့်နှစ်ဆန်းပိုင်းတွင် အစိုးရနှင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည်။


လျှပ်စစ်ဓာတ်အားခ ဈေးမြင့်တက်ပြီးနောက် ဂျပန်ကုမ္ပဏီအချို့ လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်ပြင်ဆင်နေကြောင်

 

း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။


ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီ၊ မာ ရူဘီနီနှင့် မစ်ဆူအီကုမ္ပဏီတို့က လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၁,၀၀၀ထုတ်လုပ်မည့်

 

စက်ရုံတည်ဆောက်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေသည်ဟု ၎င်းက ပြောသည်။


မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကဏ္ဍတွင် တရုတ်၊ စင်ကာပူနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့က ရင်းနှီးမြှုပ်နှံ နေသော်လည်း ဂျပန်နိုင်ငံမပါဝင်ပေ။

 

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမည့် အစီအစဉ်အကောင်အထည်ဖော်နိုင်ပါက ဂျပန်နိုင်ငံ၏ ပထမဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်လာမည်။

 

Source:MBD

 

Myanmar Builders Guide

 

<<<Zawgyi>>>

 

ဂ်ပန္ႏိုင္ငံက အေမရိကန္ေဒၚလာ ႏွစ္ဘီလီယံခန႔္ ရင္းႏွီးျမႇဳပ္ႏွံၿပီး သဘာဝဓာတ္ေငြ႕ရည္သုံး လွ်ပ္စစ္ဓာတ္အားထုတ္စက္႐ုံကို

သီလဝါတြင္တည္ေဆာက္ရန္ ျပင္ဆင္ေနေၾကာင္း ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

အဆိုပါ စီမံကိန္းမွ လွ်ပ္စစ္ဓာတ္အား မဂၢါဝပ္ ၁,၂၀၀ ေက်ာ္ ထုတ္လုပ္ႏိုင္မည္ျဖစ္ၿပီး

သီလဝါရွိ အကြက္အမွတ္ (၂၇)၊ (၂၉)ႏွင့္ (၂၈)တို႔တြင္ အေကာင္အထည္ေဖာ္မည္ျဖစ္သည္။

ဂ်ပန္ႏိုင္ငံမွ မာ႐ူဘီနီ-ဆူမီ တိုမို ေကာ္ပိုေရးရွင္းႏွင့္ ျပည္တြင္းအမ်ားပိုင္ကုမၸဏီတစ္ခု ပူးေပါင္း ၍ လွ်ပ္စစ္ထုတ္လုပ္ေရးလုပ္ငန္းကို

အေကာင္အထည္ေဖာ္ရန္ စီစဥ္ေနၿပီး လာမည့္ႏွစ္ဆန္းပိုင္းတြင္ အစိုးရႏွင့္ လက္မွတ္ေရးထိုးရန္ စီစဥ္ထားသည္။


လွ်ပ္စစ္ဓာတ္အားခ ေဈးျမင့္တက္ၿပီးေနာက္ ဂ်ပန္ကုမၸဏီအခ်ိဳ႕ လွ်ပ္စစ္ဓာတ္အားထုတ္ လုပ္ေရးက႑တြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ျပင္ဆင္ေနေၾကာင္

း ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။


ဂ်ပန္ႏိုင္ငံမွ မစ္ဆူဘီရွီ၊ မာ ႐ူဘီနီႏွင့္ မစ္ဆူအီကုမၸဏီတို႔က လွ်ပ္စစ္ဓာတ္အားမဂၢါဝပ္ ၁,၀၀၀ထုတ္လုပ္မည့္

စက္႐ုံတည္ေဆာက္ရင္းႏွီးျမႇဳပ္ႏွံရန္ ျပင္ဆင္ေနသည္ဟု ၎က ေျပာသည္။


ျမန္မာႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရး က႑တြင္ တ႐ုတ္၊ စင္ကာပူႏိုင္ငံအပါအဝင္ အျခားႏိုင္ငံအခ်ိဳ႕က ရင္းႏွီးျမႇဳပ္ႏွံ ေနေသာ္လည္း ဂ်ပန္ႏိုင္ငံမပါဝင္ေပ။

ယခုကဲ့သို႔ ရင္းႏွီးျမႇဳပ္ႏွံမည့္ အစီအစဥ္အေကာင္အထည္ေဖာ္ႏိုင္ပါက ဂ်ပန္ႏိုင္ငံ၏ ပထမဆုံးရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္လာမည္။

Read 17353 times
Rate this item
(0 votes)
Tagged under