ထိုင်း developer များ ရဲ့ ကိုဗစ်အကျပ်အတည်း ကျော်လွှားခြင်း

ထိုင်း developer များ ရဲ့ ကိုဗစ်အကျပ်အတည်း  ကျော်လွှားခြင်း google

ထိုင်း developer များ ရဲ့ ကိုဗစ်အကျပ်အတည်း ကျော်လွှားခြင်း

coronavirus အကျပ်အတည်းသည် ကမ္ဘာလုံးဆိုင်ရာနှင့် အမျိုးသား ဂျီဒီပီတိုးတက်မှုကို နှိမ်နင်းသဖြင့် အိမ်ခြံမြေနှင့်ဆက်နွယ်သောကုမ္ပဏီများသည် ဝင်ငွေရင်းမြစ်သစ်များနှင့် ၎င်းတို့၏ဖောက်သည်များအပေါ် ဆိုးကျိုးသက်ရောက်မှုကို လျှော့ချရန် နည်းလမ်းများရှာဖွေနေစဉ်တွင် အိမ်ခြံမြေနှင့် ဆက်နွယ်သောကုမ္ပဏီများသည် ကုန်ကျစရိတ်ထိန်းချုပ်မှုနှင့် စီးပွားရေးဆက်မပြတ်ရေးအစီအစဉ်များက ိုစတင်လုပ်ဆောင်နေကြသည်။ အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် ရုတ်တရက်ပြောင်းလဲမှုများနှင့် ရင်ဆိုင်နိုင်ရန် Covid-19 အကျပ်အတည်းစီမံခန့်ခွဲမှုအဖွဲ့များ ထားရှိသည်။
များစွာသော developer များသည် ကြိုပွိုင့်ရောင်းအားနှင့် ဝင်ငွေဆက်လက်ကျဆင်းခြင်းတို့ကြောင့် ဈေးကွက်ကျဆင်းမှု အလားအလာနှင့်အတူ ၂၀၂၀ သည်ပြီးခဲ့သည့်နှစ်ကထက် ပိုမိုဆိုးရွားဖွယ်ရှိသည်။
အသုံးစရိတ်ထိန်းချုပ်မှု
======
Ananda Development Plc ၏ ဘဏ္ဍာရေးအရာရှိ Chaiyuth Chunnahacha က ကုမ္ပဏီသည် Covid-19 ၏အကျိုးဆက်များကို ကိုင်တွယ်ရန် အဓိကမဟာဗျူဟာသုံးခုကို အသုံးပြုနေသည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့အဆိုးဆုံးမြင်ကွင်းကတော့ (၁၈) လကြာတယ်။ ကျနော်တို့ကကုန်ကျစရိတ်တွေကိုထိန်းချုပ်ဖို့လိုတယ်။ ကုန်ကျစရိတ် ၂၀% လျှော့ချမယ်။ အခြေအနေက ပိုဆိုးလာနေပြီဆိုရင် နှစ်ဆတိုးပြီး ၄၀ ရာခိုင်နှုန်းလျှော့ချမယ်” ဟုသူကပြောသည်။
အကယ်၍ ဤနည်းဗျူဟာအောင်မြင်လျှင် Ananda သည် ယခုနှစ်အကုန်တွင် ဘတ်သန်း ၄၀၀ မှ ၈၀၀ အထိ သက်သာလိမ့်မည်ဟု မျှော်လင့်ရသည်။
မျှော်လင့်ထားသည့် စီးပွားရေးကျဆင်းမှုများရှိနေသော်လည်း ကုမ္ပဏီသည်၎င်း၏ ၂၀၂၀ ဝင်ငွေ၊ ပြီးစီး၍ လက်လွှဲပြောင်းမှုနှင့် ကြိုပွိုင့်ရောင်းချမှုများကို စီမံထိန်းသိမ်းထားသည်။
ပြီးခဲ့သည့်နှစ်က ရောင်းချခြင်း မပြုရသေးသော ကွန်ဒိုတိုက်ခန်းများ ရောင်းအားကို မြှင့်တင်ရန်အတွက် ၎င်းသည်ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။
အွန်လိုင်း ရောင်းချခြင်းသည် ပိုအရေးပါလာသည်။ ပြီးခဲ့သည် သုံးလပတ်အတွင်း အွန်လိုင်းမှ ကြိုပွိုင့် ရောင်းအား ဘတ် ၄ ဘီလီယံကျော် ရရှိခဲ့ပေရာ ယခင်နှစ်က ဘတ် ၃.၉ ဘီလီယံထက် ပိုမိုမြင့်မားနေပေရာ ယင်းသည် အွန်လိုင်း ရောင်းချခြင်း အကျိုးထူးခြင်း ဖြစ်သည်။
AP Thailand Plc ၏ ကော်ပိုရေးရှင်းမဟာဗျူဟာနှင့် တီထွင်မှုအကြီးအကဲ Vittakarn Chandavimol က ကုမ္မဏီသည် ကုန်ကျစရိတ်ထိန်းချုပ်မှုကို အကောင်းဆုံးဖြစ်စေပြီး ကြွေးမြီနှင့်ရှယ်ယာအချိုးကို ၁ ထက်မပိုရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။
“စီးပွားရေးလည်ပတ်မှုအတွက် ကျွန်တော်တို့ရဲ့ငွေသားစီးဆင်းမှုက လုံလောက်ပေမယ့်ကျနော်တို့ အနီးကပ်စောင့်ကြည့်သွားမှာပါ။ ယခုနှစ် ဘဏ်ငွေစာရင်းရှင်းတမ်းအပေါ် သက်ရောက်မှုအနည်းဆုံးဖြစ်စေရန် အရေးပေါ်အခြေအနေများကို ကိုင်တွယ်ရန် ကျွန်တော်တို့မှာ သီးသန့်ထားတဲ့ အရံငွေ ရှိပါတယ်”
ကုမ္ပဏီအနေဖြင့ ်ကြိုတင်ပြင်ဆင်မှုများနှင့် ၀ င်ငွေပစ်မှတ်များအား ပြန်လည်ပြင်ဆင်ရန် အစီအစဉ်မရှိကြောင်း Mr Vittakarn ကပြောကြားသည်။
ဇန်နဝါရီ ၁ ရက်မှမတ်လ ၁၅ ရက်အထိ အေပီမှ ကြိုပွိုင့်ကို ဘတ်ငွေ ၅.၆၉ ဘီလီယံနှင့် ရောင်းအားစုစုပေါင်းဘတ် ၅၃.၄ ဘီလီယံကျော် ရှိခဲ့သည်။
“ Covid-19 အကြပ်အတည်း စီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းပြီး ရုတ်တရက်ပြောင်းလဲမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေးကို ဆက်ပြီးထိန်းထားနိုင်အောင် နည်းလမ်းတွေ သုံးမယ်”
စဉ်ဆက်မပြတ်အစီအစဉ်
==============
Supamas Trivisvavet, CEO နှင့် SET စာရင်းကန်ထရိုက်တာ Ch ၏ဥက္ကဋ္ဌ Karnchang က ပြောကြားရာတွင် အဆိုပါကုမ္ပဏီသည် ကူးစက်ရောဂါကို ကိုင်တွယ်ရန် စီးပွားရေးဆက်လက်လုပ်ကိုင်ရန် အစီအစဉ်ကို အသင့်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
“ရုံးချုပ် ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို ယာယီပိတ်ပစ်ဖို့ ဖြစ်လာတဲ့အခါ၊ ဒါမှမဟုတ် ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့လည်ပတ်နိုင်မှာ မဟုတ်ဘူးဆိုရင် စီးပွားရေးစဉ်ဆက်မပြတ်ရေး အစီအစဉ်ကိုအသုံးပြုမယ်”
ဗိုင်းရပ်စ်ပျံ့နှံ့မှုမှ အန္တရာယ်ကို လျော့ချရန်နှင့် ၎င်း၏သက်ရောက်မှုများကို ရင်ဆိုင်ရန်အတွက် ကန်ထရိုက်တာသည် လုပ်ငန်းလည်ပတ်မှုများ ဆက်လက်လုပ်ဆောင်ရန်အတွက် ဝန်ထမ်းလုံလောက်သော ယာယီရုံးခန်းဖွင့်လှစ်ထားသည်။ ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်ရန်ကြိုတင်ကာကွယ်မှုများမှာ ယာယီရုံးခန်း၌လည်း အသုံးပြုသည်။
အင်ဂျင်နီယာအတိုင်ပင်ခံနှင့် စီမံကိန်းစီမံခန့်ခွဲမှုကုမ္ပဏီ Project Planning Service Plc ၏ အမှုဆောင်အရာရှိချုပ် Phongthon Tharachai က ဝင်ခွင့်ကိုကန့်သတ်သည့် ဆောက်လုပ်ရေးနေရာအချို့ရှိသည်ဟု ပြောကြားခဲ့သည်။
ဆောက်လုပ်ရေးကုမ္ပဏီများအတွက် နှောင့်နှေးကြန့်ကြာမှုများကြောင့် ဒဏ်ငွေ ထိနိုင်သည်။ အကယ်၍ ဗိုင်းရပ်စ်ပိုးသက်ရောက်မှုကိုကြာရှည်ခဲ့လျှင် ၎င်းသည် ကန်ထရိုက်တာများအပေါ် သက်ရောက်မှုရှိလာမည်။
ထိုင်းကန်ထရိုက်တာများအသင်းသည် Covid-19 ပြန့်ပွားမှု၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင်များနှင့် ကန်ထရိုက်တာများထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး နောက်ဆက်တွဲပြသနာများကို အကဲဖြတ်ရန် တိုက်တွန်းခဲ့သည်။
ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများမှာ
တရုတ်နှင့်အခြားနိုင်ငံများမှ ထုတ်လုပ်သောလိုင်းများ၊ စက်ပစ္စည်းများနှင့်စက်ပစ္စည်းများ တင်သွင်းမှု ပြတ်လပ်ခြင်း၊
ဆောက်လုပ်ရေး နေရာများ သို့မဟုတ် အနီးအနားရှိ ဒေသများတွင် ရောဂါကူးစက်မှုများ တွေ့ရှိပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများ ပိတ်ထားရခြင်း
ဝန်ထမ်းများနှင့် အလုပ်သမားများ ပြည်နယ်များသို့ ပြန်သွားသဖြင့် အလုပ်သမားရှားပါးမှုက ဆောက်လုပ်ရေးနှောင့်နှေးမှုကိုဖြစ်စေခြင်းတို့ ဖြစ်သည်။

1111.jpg


Zawgyi
ထိုင္း developer မ်ား ရဲ႕ ကိုဗစ္အက်ပ္အတည္း ေက်ာ္လႊားျခင္း
coronavirus အက်ပ္အတည္းသည္ ကမာၻလုံးဆိုင္ရာႏွင့္ အမ်ိဳးသား ဂ်ီဒီပီတိုးတက္မႈကို ႏွိမ္နင္းသျဖင့္ အိမ္ၿခံေျမႏွင့္ဆက္ႏြယ္ေသာကုမၸဏီမ်ားသည္ ဝင္ေငြရင္းျမစ္သစ္မ်ားႏွင့္ ၎တို႔၏ေဖာက္သည္မ်ားအေပၚ ဆိုးက်ိဳးသက္ေရာက္မႈကို ေလွ်ာ့ခ်ရန္ နည္းလမ္းမ်ားရွာေဖြေနစဥ္တြင္ အိမ္ၿခံေျမႏွင့္ ဆက္ႏြယ္ေသာကုမၸဏီမ်ားသည္ ကုန္က်စရိတ္ထိန္းခ်ဳပ္မႈႏွင့္ စီးပြားေရးဆက္မျပတ္ေရးအစီအစဥ္မ်ားက ိုစတင္လုပ္ေဆာင္ေနၾကသည္။ အိမ္ၿခံေျမအက်ိဳးေဆာင္မ်ားအေနျဖင့္ ႐ုတ္တရက္ေျပာင္းလဲမႈမ်ားႏွင့္ ရင္ဆိုင္ႏိုင္ရန္ Covid-19 အက်ပ္အတည္းစီမံခန႔္ခြဲမႈအဖြဲ႕မ်ား ထားရွိသည္။
မ်ားစြာေသာ developer မ်ားသည္ ႀကိဳပြိဳင့္ေရာင္းအားႏွင့္ ဝင္ေငြဆက္လက္က်ဆင္းျခင္းတို႔ေၾကာင့္ ေဈးကြက္က်ဆင္းမႈ အလားအလာႏွင့္အတူ ၂၀၂၀ သည္ၿပီးခဲ့သည့္ႏွစ္ကထက္ ပိုမိုဆိုး႐ြားဖြယ္ရွိသည္။
အသုံးစရိတ္ထိန္းခ်ဳပ္မႈ
======
Ananda Development Plc ၏ ဘ႑ာေရးအရာရွိ Chaiyuth Chunnahacha က ကုမၸဏီသည္ Covid-19 ၏အက်ိဳးဆက္မ်ားကို ကိုင္တြယ္ရန္ အဓိကမဟာဗ်ဴဟာသုံးခုကို အသုံးျပဳေနသည္ဟု ေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ရဲ႕အဆိုးဆုံးျမင္ကြင္းကေတာ့ (၁၈) လၾကာတယ္။ က်ေနာ္တို႔ကကုန္က်စရိတ္ေတြကိုထိန္းခ်ဳပ္ဖို႔လိုတယ္။ ကုန္က်စရိတ္ ၂၀% ေလွ်ာ့ခ်မယ္။ အေျခအေနက ပိုဆိုးလာေနၿပီဆိုရင္ ႏွစ္ဆတိုးၿပီး ၄၀ ရာခိုင္ႏႈန္းေလွ်ာ့ခ်မယ္” ဟုသူကေျပာသည္။
အကယ္၍ ဤနည္းဗ်ဴဟာေအာင္ျမင္လွ်င္ Ananda သည္ ယခုႏွစ္အကုန္တြင္ ဘတ္သန္း ၄၀၀ မွ ၈၀၀ အထိ သက္သာလိမ့္မည္ဟု ေမွ်ာ္လင့္ရသည္။
ေမွ်ာ္လင့္ထားသည့္ စီးပြားေရးက်ဆင္းမႈမ်ားရွိေနေသာ္လည္း ကုမၸဏီသည္၎၏ ၂၀၂၀ ဝင္ေငြ၊ ၿပီးစီး၍ လက္လႊဲေျပာင္းမႈႏွင့္ ႀကိဳပြိဳင့္ေရာင္းခ်မႈမ်ားကို စီမံထိန္းသိမ္းထားသည္။
ၿပီးခဲ့သည့္ႏွစ္က ေရာင္းခ်ျခင္း မျပဳရေသးေသာ ကြန္ဒိုတိုက္ခန္းမ်ား ေရာင္းအားကို ျမႇင့္တင္ရန္အတြက္ ၎သည္ၿပီးခဲ့သည့္ႏွစ္က ျပဳလုပ္ခဲ့သည့္ လႈပ္ရွားမႈမ်ားကို ဆက္လက္ျပဳလုပ္သြားမည္ ျဖစ္သည္။
အြန္လိုင္း ေရာင္းခ်ျခင္းသည္ ပိုအေရးပါလာသည္။ ၿပီးခဲ့သည္ သုံးလပတ္အတြင္း အြန္လိုင္းမွ ႀကိဳပြိဳင့္ ေရာင္းအား ဘတ္ ၄ ဘီလီယံေက်ာ္ ရရွိခဲ့ေပရာ ယခင္ႏွစ္က ဘတ္ ၃.၉ ဘီလီယံထက္ ပိုမိုျမင့္မားေနေပရာ ယင္းသည္ အြန္လိုင္း ေရာင္းခ်ျခင္း အက်ိဳးထူးျခင္း ျဖစ္သည္။
AP Thailand Plc ၏ ေကာ္ပိုေရးရွင္းမဟာဗ်ဴဟာႏွင့္ တီထြင္မႈအႀကီးအကဲ Vittakarn Chandavimol က ကုမၼဏီသည္ ကုန္က်စရိတ္ထိန္းခ်ဳပ္မႈကို အေကာင္းဆုံးျဖစ္ေစၿပီး ေႂကြးၿမီႏွင့္ရွယ္ယာအခ်ိဳးကို ၁ ထက္မပိုရန္ ႀကိဳးစားေနသည္ဟု ေျပာၾကားခဲ့သည္။
“စီးပြားေရးလည္ပတ္မႈအတြက္ ကြၽန္ေတာ္တို႔ရဲ႕ေငြသားစီးဆင္းမႈက လုံေလာက္ေပမယ့္က်ေနာ္တို႔ အနီးကပ္ေစာင့္ၾကည့္သြားမွာပါ။ ယခုႏွစ္ ဘဏ္ေငြစာရင္းရွင္းတမ္းအေပၚ သက္ေရာက္မႈအနည္းဆုံးျဖစ္ေစရန္ အေရးေပၚအေျခအေနမ်ားကို ကိုင္တြယ္ရန္ ကြၽန္ေတာ္တို႔မွာ သီးသန႔္ထားတဲ့ အရံေငြ ရွိပါတယ္”
ကုမၸဏီအေနျဖင့ ္ႀကိဳတင္ျပင္ဆင္မႈမ်ားႏွင့္ ၀ င္ေငြပစ္မွတ္မ်ားအား ျပန္လည္ျပင္ဆင္ရန္ အစီအစဥ္မရွိေၾကာင္း Mr Vittakarn ကေျပာၾကားသည္။
ဇန္နဝါရီ ၁ ရက္မွမတ္လ ၁၅ ရက္အထိ ေအပီမွ ႀကိဳပြိဳင့္ကို ဘတ္ေငြ ၅.၆၉ ဘီလီယံႏွင့္ ေရာင္းအားစုစုေပါင္းဘတ္ ၅၃.၄ ဘီလီယံေက်ာ္ ရွိခဲ့သည္။
“ Covid-19 အၾကပ္အတည္း စီမံခန႔္ခြဲမႈအဖြဲ႕ကို ဖြဲ႕စည္းၿပီး ႐ုတ္တရက္ေျပာင္းလဲမႈေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ စီးပြားေရးကို ဆက္ၿပီးထိန္းထားႏိုင္ေအာင္ နည္းလမ္းေတြ သုံးမယ္”
စဥ္ဆက္မျပတ္အစီအစဥ္
==============
Supamas Trivisvavet, CEO ႏွင့္ SET စာရင္းကန္ထ႐ိုက္တာ Ch ၏ဥကၠ႒ Karnchang က ေျပာၾကားရာတြင္ အဆိုပါကုမၸဏီသည္ ကူးစက္ေရာဂါကို ကိုင္တြယ္ရန္ စီးပြားေရးဆက္လက္လုပ္ကိုင္ရန္ အစီအစဥ္ကို အသင့္ျပင္ဆင္ထားေၾကာင္း ေျပာၾကားခဲ့သည္။
“႐ုံးခ်ဳပ္ ဒါမွမဟုတ္ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြကို ယာယီပိတ္ပစ္ဖို႔ ျဖစ္လာတဲ့အခါ၊ ဒါမွမဟုတ္ ပုံမွန္အားျဖင့္ေတာ့ ကြၽန္ေတာ္တို႔လည္ပတ္ႏိုင္မွာ မဟုတ္ဘူးဆိုရင္ စီးပြားေရးစဥ္ဆက္မျပတ္ေရး အစီအစဥ္ကိုအသုံးျပဳမယ္”
ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈမွ အႏၲရာယ္ကို ေလ်ာ့ခ်ရန္ႏွင့္ ၎၏သက္ေရာက္မႈမ်ားကို ရင္ဆိုင္ရန္အတြက္ ကန္ထ႐ိုက္တာသည္ လုပ္ငန္းလည္ပတ္မႈမ်ား ဆက္လက္လုပ္ေဆာင္ရန္အတြက္ ဝန္ထမ္းလုံေလာက္ေသာ ယာယီ႐ုံးခန္းဖြင့္လွစ္ထားသည္။ ဗိုင္းရပ္စ္ျပန႔္ပြားမႈကို ကာကြယ္ရန္ႀကိဳတင္ကာကြယ္မႈမ်ားမွာ ယာယီ႐ုံးခန္း၌လည္း အသုံးျပဳသည္။
အင္ဂ်င္နီယာအတိုင္ပင္ခံႏွင့္ စီမံကိန္းစီမံခန႔္ခြဲမႈကုမၸဏီ Project Planning Service Plc ၏ အမႈေဆာင္အရာရွိခ်ဳပ္ Phongthon Tharachai က ဝင္ခြင့္ကိုကန႔္သတ္သည့္ ေဆာက္လုပ္ေရးေနရာအခ်ိဳ႕ရွိသည္ဟု ေျပာၾကားခဲ့သည္။
ေဆာက္လုပ္ေရးကုမၸဏီမ်ားအတြက္ ေႏွာင့္ေႏွးၾကန႔္ၾကာမႈမ်ားေၾကာင့္ ဒဏ္ေငြ ထိႏိုင္သည္။ အကယ္၍ ဗိုင္းရပ္စ္ပိုးသက္ေရာက္မႈကိုၾကာရွည္ခဲ့လွ်င္ ၎သည္ ကန္ထ႐ိုက္တာမ်ားအေပၚ သက္ေရာက္မႈရွိလာမည္။
ထိုင္းကန္ထ႐ိုက္တာမ်ားအသင္းသည္ Covid-19 ျပန႔္ပြားမႈ၏ အက်ိဳးသက္ေရာက္မႈႏွင့္ ပတ္သက္၍ အဖြဲ႕ဝင္မ်ားႏွင့္ ကန္ထ႐ိုက္တာမ်ားထံသို႔ စာတစ္ေစာင္ေပးပို႔ခဲ့ၿပီး ေနာက္ဆက္တြဲျပသနာမ်ားကို အကဲျဖတ္ရန္ တိုက္တြန္းခဲ့သည္။
ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအေပၚ သက္ေရာက္မႈမ်ားမွာ
တ႐ုတ္ႏွင့္အျခားႏိုင္ငံမ်ားမွ ထုတ္လုပ္ေသာလိုင္းမ်ား၊ စက္ပစၥည္းမ်ားႏွင့္စက္ပစၥည္းမ်ား တင္သြင္းမႈ ျပတ္လပ္ျခင္း၊
ေဆာက္လုပ္ေရး ေနရာမ်ား သို႔မဟုတ္ အနီးအနားရွိ ေဒသမ်ားတြင္ ေရာဂါကူးစက္မႈမ်ား ေတြ႕ရွိၿပီးေနာက္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား ပိတ္ထားရျခင္း
ဝန္ထမ္းမ်ားႏွင့္ အလုပ္သမားမ်ား ျပည္နယ္မ်ားသို႔ ျပန္သြားသျဖင့္ အလုပ္သမားရွားပါးမႈက ေဆာက္လုပ္ေရးေႏွာင့္ေႏွးမႈကိုျဖစ္ေစျခင္းတို႔ ျဖစ္သည္။

source:bankokpost

Read 1576 times Last modified on Thursday, 02 April 2020 12:34
Rate this item
(0 votes)
Tagged under